သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလုံခြုံရေးဥပဒေ ဟောင်ကောင်မှာ ကန့်ကွက်ဆန္ဒပြ


ဟောင်ကောင်ဆန္ဒပြပွဲ မြင်ကွင်း။
ဟောင်ကောင်ဆန္ဒပြပွဲ မြင်ကွင်း။

(Zawgyi / Unicode)

ဟောင်ကောင်အတွက် တရုတ်အစိုးရက အကောင်အထည်ဖော်မယ့် အမျိုးသားလုံခြုံရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ ရာနဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေ ဒီကနေ့ လမ်းတွေပေါ်မှာ ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

ခါတိုင်းလို အမျိုးသားရေး ကြွေးကြော်သံတွေ၊ ဆောင်ပုဒ်တွေကို ဟစ်အော်မနေဘဲ ဟောင်ကောင် အချက်အချာ နေရာတွေကိုဖြတ်ပြီး ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကိုတော့ လုံထိန်းရဲတွေက စောင့်ကြည့်နေခဲ့ကြတာပါ။

ဟောင်ကောင်အတွက် ပြဋ္ဌာန်းမယ့် အမျိုးသားလုံခြုံရေး ဥပဒေမူကြမ်းကို ၃ ရက်ကြာ ကျင်းပတဲ့ တရုတ်အမျိုးသား ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ စည်းဝေးပွဲတွင်း ဒီကနေ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီဥပဒေကို ဇွန်လမကုန်ခင်မှာ ပြဋ္ဌာန်းလိမ့်မယ်လို့ မျှော်လင့်ရပေမယ့် မူကြမ်းကို လူသိရှင်ကြား မထုတ်ပြန်ရသေးပါဘူး။

ဇူလိုင်လ ၁ ရက်နေ့ ကျရောက်တဲ့ ဟောင်ကောင်ကို ဗြိတိန်က တရုတ်လက် လွှဲပြောင်းပေးခဲ့တဲ့ ၂၃ နှစ်မြောက် နှစ်ပတ်လည် ချီတက်ပွဲ ကျင်းပခွင့်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ငြင်းဆန်လိုက်ပြီး နောက်တနေ့မှာပဲ အခုလို ပြည်သူတွေ ချီတက် ဆန္ဒပြကြတာပါ။

ကပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်အတွင်း လူ ၅၀ ထက် ပိုမစုဝေးကြဖို့ အမိန့်ထုတ်ထားတာကြောင့် ရဲတပ်ဖွဲ့က ချီတက်ဆန္ဒပြပွဲကို ခွင့်မပြုတာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

ဟောင်ကောင် ပြည်သူ့သဘောထားသိပ္ပံ သုတေသနဌာနက ပြုလုပ်တဲ့ စစ်တမ်းတခုမှာတော့ ဟောင်ကောင်ဒေသခံ အများစုက ဒီ အမျိုးသားလုံခြုံရေး ဥပဒေကို လက်မခံကြောင်း ဖော်ပြခဲ့ပါတယ်။

ရိုက်တာသတင်းက ကောက်ယူတဲ့ စစ်တမ်းတွေအရ ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကို ထောက်ခံသူ ဇွန်လအတွင်း ၅၈ ရာခိုင်နှုန်းကနေ ၅၁ ရာခိုင်နှုန်းထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------------

(Unicode)









XS
SM
MD
LG