သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ဒီမိုကေရစီ လႈပ္ရွားသူမ်ားရဲ႕ စာအုပ္စာတမ္းမ်ား ဖယ္ရွားခံရ


ေဟာင္ေကာင္က စာၾကည့္တုိက္တခုမွာ ၾကည့္႐ႈေနတဲ့ အမ်ဳိးသမီးတဦး။ (ဇူလုိင္ ၄၊ ၂၀၂၀)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ တ႐ုတ္ႏိုင္ငံက အမ်ိဳးသားလုံၿခံဳေရး ဥပေဒကို ျပ႒ာန္းၿပီးတဲ့ေနာက္မွာ ေဟာင္ေကာင္ ဒီမိုကေရစီေရး လႈပ္ရွားမႈမွာ ဦးေဆာင္တဲ့ ထင္ရွားသူေတြ ေရးသားတဲ့ စာအုပ္ေတြ ေဟာင္ေကာင္က စာၾကည့္တိုက္ေတြမွာ ငွားရမ္းလို႔ မရေတာ့ဘဲ စာအုပ္စင္ေတြေပၚကေနပါ ဖယ္ရွားထားပါတယ္။

ငွားရမ္းလို႔မရေတာ့တဲ့ စာအုပ္ေတြထဲ ဆႏၵျပ လူငယ္ေခါင္းေဆာင္ Joshua Wong နဲ႔ ဒီမိုကေရစီလိုလားသူ အမတ္ Tanya Chan တို႔ ေရးခဲ့တဲ့ စာအုပ္ေတြလည္း ပါဝင္ပါတယ္။

ဒီ အမ်ိဳးသားလုံၿခဳံေရး ဥပေဒဟာ လြတ္လပ္စြာ ေျပာဆိုခြင့္ကို ျပည္ဖုံးကားခ်လိုက္တဲ့ အရာပါလို႔ Joshua Wong က သူ႔ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက အဂၤါေန႔တုန္းက ခ်မွတ္ခဲ့တဲ့ အဲဒီ ေဟာင္ေကာင္ အမ်ိဳးသားလုံၿခဳံေရး ဥပေဒဟာ ၁၉၉၇ ခုႏွစ္မွာ ၿဗိတိန္ႏိုင္ငံက တ႐ုတ္ကို လႊဲေျပာင္းေပးၿပီးကတည္းက က်င့္သုံးခဲ့တဲ့ ေဟာင္ေကာင္အုပ္ခ်ဳပ္မႈ ပုံစံကို လုံးလုံးလ်ားလ်ား ေျပာင္းလဲသြားေစတာပါ။

ေဟာင္ေကာင္က စာၾကည့္တိုက္လုပ္ငန္းေတြကို တာဝန္ယူရတဲ့ အပန္းေျဖမႈနဲ႔ ယဥ္ေက်းမႈဆိုင္ရာ ဌာနကေတာ့ လုံၿခဳံေရးဥပေဒအရ အဲဒီစာအုပ္ေတြကို ျပန္သုံးသပ္ေနတာေၾကာင့္ စင္ေတြေပၚကေန ဖယ္ရွားထားတာလို႔ ေျပာပါတယ္။

လုံၿခဳံေရးဥပေဒသစ္ဟာ ခြဲထြက္မႈ၊ အဖ်က္အေမွာင့္လုပ္မႈ၊ အၾကမ္းဖက္မႈနဲ႔ ႏိုင္ငံျခားအစိုးရေတြနဲ႔ ပူးေပါင္းမႈဆိုတဲ့ လုပ္ရပ္ေတြကို ကာကြယ္ဖို႔ ရည္ရြယ္ထားေပမယ့္ ဥပေဒကို အဓိပၸာယ္ ဖြင့္ဆိုရာမွာ က်ယ္ျပန္႔လြန္းၿပီး စကားရပ္ေတြကလည္း တိက်မႈ မရွိတာေၾကာင့္ ႏိုင္ငံေရး အယူအဆေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ ထုတ္ေဖာ္ ေျပာဆိုရင္ေတာင္ ဥပေဒခ်ိဳးေဖာက္ရာ ေရာက္ေစတယ္လို႔ ဥပေဒပညာရွင္ေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ဟောင်ကောင် ဒီမိုကရေစီ လှုပ်ရှားသူများရဲ့ စာအုပ်စာတမ်းများ ဖယ်ရှားခံရ

ဟောင်ကောင်မှာ တရုတ်နိုင်ငံက အမျိုးသားလုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့နောက်မှာ ဟောင်ကောင် ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ဦးဆောင်တဲ့ ထင်ရှားသူတွေ ရေးသားတဲ့ စာအုပ်တွေ ဟောင်ကောင်က စာကြည့်တိုက်တွေမှာ ငှားရမ်းလို့ မရတော့ဘဲ စာအုပ်စင်တွေပေါ်ကနေပါ ဖယ်ရှားထားပါတယ်။

ငှားရမ်းလို့မရတော့တဲ့ စာအုပ်တွေထဲ ဆန္ဒပြ လူငယ်ခေါင်းဆောင် Joshua Wong နဲ့ ဒီမိုကရေစီလိုလားသူ အမတ် Tanya Chan တို့ ရေးခဲ့တဲ့ စာအုပ်တွေလည်း ပါဝင်ပါတယ်။

ဒီ အမျိုးသားလုံခြုံရေး ဥပဒေဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပြည်ဖုံးကားချလိုက်တဲ့ အရာပါလို့ Joshua Wong က သူ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

တရုတ်နိုင်ငံက အင်္ဂါနေ့တုန်းက ချမှတ်ခဲ့တဲ့ အဲဒီ ဟောင်ကောင် အမျိုးသားလုံခြုံရေး ဥပဒေဟာ ၁၉၉၇ ခုနှစ်မှာ ဗြိတိန်နိုင်ငံက တရုတ်ကို လွှဲပြောင်းပေးပြီးကတည်းက ကျင့်သုံးခဲ့တဲ့ ဟောင်ကောင်အုပ်ချုပ်မှု ပုံစံကို လုံးလုံးလျားလျား ပြောင်းလဲသွားစေတာပါ။

ဟောင်ကောင်က စာကြည့်တိုက်လုပ်ငန်းတွေကို တာဝန်ယူရတဲ့ အပန်းဖြေမှုနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဌာနကတော့ လုံခြုံရေးဥပဒေအရ အဲဒီစာအုပ်တွေကို ပြန်သုံးသပ်နေတာကြောင့် စင်တွေပေါ်ကနေ ဖယ်ရှားထားတာလို့ ပြောပါတယ်။

လုံခြုံရေးဥပဒေသစ်ဟာ ခွဲထွက်မှု၊ အဖျက်အမှောင့်လုပ်မှု၊ အကြမ်းဖက်မှုနဲ့ နိုင်ငံခြားအစိုးရတွေနဲ့ ပူးပေါင်းမှုဆိုတဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားပေမယ့် ဥပဒေကို အဓိပ္ပာယ် ဖွင့်ဆိုရာမှာ ကျယ်ပြန့်လွန်းပြီး စကားရပ်တွေကလည်း တိကျမှု မရှိတာကြောင့် နိုင်ငံရေး အယူအဆတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထုတ်ဖော် ပြောဆိုရင်တောင် ဥပဒေချိုးဖောက်ရာ ရောက်စေတယ်လို့ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG