သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္နဲ႔ အက်ဥ္းသားလႊဲေျပာင္းေရး သေဘာတူညီခ်က္ ကေနဒါ ဆိုင္းငံ့


ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau. (ဇြန္ ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

တ႐ုတ္အစိုးရရဲ႕ လံုၿခံဳေရးဥပေဒသစ္ကို ေဟာင္ေကာင္အာဏာပုိင္ေတြဘက္က ခပ္ျမန္ျမန္ က်င့္သံုးေဆာင္ရြက္လာၿပီး ေနာက္မွာေတာ့ ေဟာင္ေကာင္နဲ႔ သေဘာတူထားတဲ့ အက်ဥ္းသားလႊဲေျပာင္းေရး သေဘာတူညီခ်က္ကို ေသာၾကာေန႔မွာပဲ ကေနဒါဘက္က ဆိုင္းငံ့လိုက္ပါတယ္။

ကေနဒါႏုိင္ငံရဲ႕ ဒီဆုံးျဖတ္ခ်က္အေပၚ တ႐ုတ္ႏိုင္ငံက အျပင္းအထန္ တုံ႔ျပန္ ေျပာဆိုပါတယ္။ ကေနဒါႏိုင္ငံဟာ တ႐ုတ္ျပည္တြင္းေရးကို သိသိသာသာ ဝင္ေရာက္စြက္ဖက္ေနတယ္လုိ႔ ကေနဒါႏိုင္ငံဆုိင္ရာ တ႐ုတ္သံ႐ုံးရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ေဟာင္ေကာင္ကၽြန္းဟာ တ႐ုတ္လက္ေအာက္မွာ ႏိုင္ငံတခု စနစ္ႏွစ္မ်ဳိးနဲ႔ အုပ္ခ်ဳပ္သြားမယ္ဆိုတဲ့ မူဝါဒကို ကေနဒါက အခုိင္အမာ ယုံၾကည္ထားၿပီး ေဟာင္ေကာင္ျပည္သူေတြ ဒီမုိကေရစီနဲ႔ လြတ္လပ္မႈ ေတာင္းဆိုေနတာေတြကို ေထာက္ခံသြားမယ္လို႔ ကေနဒါဝန္ႀကီးခ်ဳပ္ Justin Trudeau က ေျပာပါတယ္။

ေနာင္မွာ ေဟာင္ေကာင္ကိုတင္ပို႔မယ့္ အေရးႀကီးတဲ့ ကုန္ပစၥည္းေတြနဲ႔ ပတ္သက္လုိ႔ တ႐ုတ္ႏုိင္ငံကို ကေနဒါရဲ႕ ကုန္ပစၥည္းတင္ပို႔ရာမွာ တင္းက်ပ္ထားတဲ့ စည္းကမ္းခ်က္ေတြအတုိင္း လုပ္ေဆာင္သြားမယ္လို႔ ဝန္ႀကီးခ်ဳပ္ Trudeau က ေျပာၾကားၿပီး ခုခ်ိန္ကစလို႔ အေရးႀကီးတဲ့ စစ္ေရးဆိုင္ရာ ပစၥည္းေတြကို ကေနဒါကေန ေဟာင္ေကာင္ကို တင္ပို႔ခြင့္ ေပးေတာ့မွာ မဟုတ္ဘူးလို႔လည္း ေျပာပါတယ္။

တ႐ုတ္ရဲ႕ လုံၿခဳံေရးဥပေဒသစ္ကို ခ်ဳိးေဖာက္တယ္ဆိုၿပီး တ႐ုတ္ျပည္မရဲ႕ ညႊန္ၾကားခ်က္နဲ႔ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က လူ ၃၇၀ ေလာက္ကို ေဟာင္ေကာင္ရဲက ဖမ္းဆီးခဲ့ပါတယ္။ တ႐ုတ္ရဲ႕ ဒီဥပေဒသစ္ဟာ ေဟာင္ေကာင္ရဲ႕ ဒီမုိကေရစီကို ေနာက္တလွမ္း ျပန္ဆုတ္သြားေစတယ္လို႔ ကေနဒါ ႏိုင္ငံျခားေရးဝန္ႀကီးကလည္း ေဝဖန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------------

(Unicode)

ဟောင်ကောင်နဲ့ အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက် ကနေဒါ ဆိုင်းငံ့

တရုတ်အစိုးရရဲ့ လုံခြုံရေးဥပဒေသစ်ကို ဟောင်ကောင်အာဏာပိုင်တွေဘက်က ခပ်မြန်မြန် ကျင့်သုံးဆောင်ရွက်လာပြီး နောက်မှာတော့ ဟောင်ကောင်နဲ့ သဘောတူထားတဲ့ အကျဉ်းသားလွှဲပြောင်းရေး သဘောတူညီချက်ကို သောကြာနေ့မှာပဲ ကနေဒါဘက်က ဆိုင်းငံ့လိုက်ပါတယ်။

ကနေဒါနိုင်ငံရဲ့ ဒီဆုံးဖြတ်ချက်အပေါ် တရုတ်နိုင်ငံက အပြင်းအထန် တုံ့ပြန် ပြောဆိုပါတယ်။ ကနေဒါနိုင်ငံဟာ တရုတ်ပြည်တွင်းရေးကို သိသိသာသာ ဝင်ရောက်စွက်ဖက်နေတယ်လို့ ကနေဒါနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဟောင်ကောင်ကျွန်းဟာ တရုတ်လက်အောက်မှာ နိုင်ငံတခု စနစ်နှစ်မျိုးနဲ့ အုပ်ချုပ်သွားမယ်ဆိုတဲ့ မူဝါဒကို ကနေဒါက အခိုင်အမာ ယုံကြည်ထားပြီး ဟောင်ကောင်ပြည်သူတွေ ဒီမိုကရေစီနဲ့ လွတ်လပ်မှု တောင်းဆိုနေတာတွေကို ထောက်ခံသွားမယ်လို့ ကနေဒါဝန်ကြီးချုပ် Justin Trudeau က ပြောပါတယ်။

နောင်မှာ ဟောင်ကောင်ကိုတင်ပို့မယ့် အရေးကြီးတဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံကို ကနေဒါရဲ့ ကုန်ပစ္စည်းတင်ပို့ရာမှာ တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ် Trudeau က ပြောကြားပြီး ခုချိန်ကစလို့ အရေးကြီးတဲ့ စစ်ရေးဆိုင်ရာ ပစ္စည်းတွေကို ကနေဒါကနေ ဟောင်ကောင်ကို တင်ပို့ခွင့် ပေးတော့မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။

တရုတ်ရဲ့ လုံခြုံရေးဥပဒေသစ်ကို ချိုးဖောက်တယ်ဆိုပြီး တရုတ်ပြည်မရဲ့ ညွှန်ကြားချက်နဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က လူ ၃၇၀ လောက်ကို ဟောင်ကောင်ရဲက ဖမ်းဆီးခဲ့ပါတယ်။ တရုတ်ရဲ့ ဒီဥပဒေသစ်ဟာ ဟောင်ကောင်ရဲ့ ဒီမိုကရေစီကို နောက်တလှမ်း ပြန်ဆုတ်သွားစေတယ်လို့ ကနေဒါ နိုင်ငံခြားရေးဝန်ကြီးကလည်း ဝေဖန်ပါတယ်။

XS
SM
MD
LG