(Zawgyi / Unicode)
ေဟာင္ေကာင္မွာ လာမယ့္ စက္တင္ဘာလ က်င္းပမယ့္ ေရြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ေရး ရည္ရြယ္ၿပီး ဒီမိုကေရစီ လိုလားသူေတြဘက္က အလြတ္သေဘာ က်င္းပတဲ့ ေရြးေကာက္ပြဲမွာ မဲေပးသူ ၆ သိန္းနီးပါး ရွိခဲ့ပါတယ္။
လာမယ့္ စက္တင္ဘာလအတြင္း ေဟာင္ေကာင္ ဥပေဒျပဳေကာင္စီမွာ ၀င္ေရာက္ယွဥ္ၿပိဳင္မယ့္ ကိုယ္စားလွယ္ေလာင္း ေရြးခ်ယ္ေရး အတိုက္အခံပါတီက စီစဥ္တဲ့ ဒီ ဆႏၵမဲေကာက္ယူမႈဟာဆိုရင္ တ႐ုတ္အစိုးရက ခ်မွတ္လိုက္တဲ့ အျငင္းပြားဖြယ္ လံုၿခံဳေရးဆိုင္ရာ ဥပေဒသစ္ကို အာခံဆန္႔က်င္မႈအျဖစ္ ႐ႈျမင္ၾကပါတယ္။
ဒီေရြးေကာက္ပြဲဟာ တ႐ုတ္အစိုးရက ျပ႒ာန္းထားတဲ့ ျပင္းထန္ တင္းက်ပ္တဲ့ လံုၿခံဳေရးဆိုင္ရာ ဥပေဒသစ္နဲ႔ ၿငိစြန္းႏုိင္တယ္လို႔ သတိေပးထားေပမယ့္လည္း ဒီသီတင္းပတ္ကုန္အတြင္း ေဟာင္ေကာင္ျပည္သူ သိန္းနဲ႔ခ်ီ မဲေပးပြဲမွာ ပါ၀င္ခဲ့ၾကတာပါ။
တ႐ုတ္ျပည္မႀကီး အစိုးရရဲ႕ လံုၿခံဳေရးဆိုင္ရာ တာ၀န္ရွိသူေတြ ေဟာင္ေကာင္မွာ တရား၀င္ လႈပ္ရွားေဆာင္ရြက္ခြင့္ကို ပထမဆံုးအႀကိမ္အျဖစ္ ခြင့္ျပဳလိုက္တဲ့ ဒီဥပေဒမွာ တ႐ုတ္အစိုးရအဆို ႏုိင္ငံျခားတပ္ဖြဲ႔ေတြနဲ႔ ပူးေပါင္းႀကံစည္မႈ၊ အၾကမ္းဖက္၀ါဒစြဲ ေဆာင္ရြက္မႈ၊ အဖ်က္အေမွာင့္လုပ္ရပ္၊ ေနာက္ ခြဲထြက္ေရး လုပ္ရပ္ေတြဟာ တရားဥပေဒမဲ့ လုပ္ရပ္ေတြလို႔ ေဖာ္ျပထားပါတယ္။
-------------------------------
(Unicode)
ဟောင်ကောင် အတိုက်အခံတွေရဲ့ မဲပေးပွဲ လူ ၆ သိန်းနီးပါး ပါဝင်
ဟောင်ကောင်မှာ လာမယ့် စက်တင်ဘာလ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ရည်ရွယ်ပြီး ဒီမိုကရေစီ လိုလားသူတွေဘက်က အလွတ်သဘော ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မဲပေးသူ ၆ သိန်းနီးပါး ရှိခဲ့ပါတယ်။
လာမယ့် စက်တင်ဘာလအတွင်း ဟောင်ကောင် ဥပဒေပြုကောင်စီမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး အတိုက်အခံပါတီက စီစဉ်တဲ့ ဒီ ဆန္ဒမဲကောက်ယူမှုဟာဆိုရင် တရုတ်အစိုးရက ချမှတ်လိုက်တဲ့ အငြင်းပွားဖွယ် လုံခြုံရေးဆိုင်ရာ ဥပဒေသစ်ကို အာခံဆန့်ကျင်မှုအဖြစ် ရှုမြင်ကြပါတယ်။
ဒီရွေးကောက်ပွဲဟာ တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ ပြင်းထန် တင်းကျပ်တဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေသစ်နဲ့ ငြိစွန်းနိုင်တယ်လို့ သတိပေးထားပေမယ့်လည်း ဒီသီတင်းပတ်ကုန်အတွင်း ဟောင်ကောင်ပြည်သူ သိန်းနဲ့ချီ မဲပေးပွဲမှာ ပါဝင်ခဲ့ကြတာပါ။
တရုတ်ပြည်မကြီး အစိုးရရဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ ဟောင်ကောင်မှာ တရားဝင် လှုပ်ရှားဆောင်ရွက်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်တဲ့ ဒီဥပဒေမှာ တရုတ်အစိုးရအဆို နိုင်ငံခြားတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကြံစည်မှု၊ အကြမ်းဖက်ဝါဒစွဲ ဆောင်ရွက်မှု၊ အဖျက်အမှောင့်လုပ်ရပ်၊ နောက် ခွဲထွက်ရေး လုပ်ရပ်တွေဟာ တရားဥပဒေမဲ့ လုပ်ရပ်တွေလို့ ဖော်ပြထားပါတယ်။