သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္ ေရြးေကာက္ပြဲရက္ေရႊ႕တဲ့အေပၚ ကန္ ေ၀ဖန္


ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး Carrie Lam က ေဟာင္ေကာင္ ဥပေဒျပဳ ေရြး ေကာက္ပြဲကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ႏွစ္ၾကာမွာ က်င္းပမယ္လို႔ ေၾကညာ

(Zawgyi/Unicode)
ေဟာင္ေကာင္ ဥပေဒျပဳ ေကာင္စီ ေရြးေကာက္ပြဲေတြ ေရႊ႕ဆိုင္းလိုက္တာဟာ ဒီမိုကေရစီ စနစ္ ကို အားနည္းေအာင္လုပ္တာဆိုၿပီးအေမရိကန္ သမၼတ အိမ္ျဖဴေတာ္က ေသာၾကာေန႔က ျပစ္တင္ ရႈတ္ခ်လိုက္ပါတယ္။

“အတိုက္အခံ ကိုယ္စားလွယ္ေလာင္းေတြကို ေရြးေကာက္ပြဲ ဝင္ခြင့္မျပဳသလို ေရြးေကာက္ပြဲ လုပ္ဖို႔ကိုလည္း တႏွစ္ ေရႊ႕ဆိုင္းတဲ့ ေဟာင္ေကာင္ အစိုးရရဲ့ ဆုံးျဖတ္ခ်က္ကို ကၽြန္မတို႔ ျပစ္တင္ ရႈတ္ခ်ပါတယ္။” လို႔ အိမ္ျဖဴေတာ္ ျပန္ၾကားေရးတာဝန္ခံ Kayleigh McEnany က သတင္းေထာက္ေတြကို ေျပာပါတယ္။

ေသာၾကာေန႔မွာပဲ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး Carrie Lam က စက္တင္ဘာမွာ ျပဳလုပ္မယ့္ ေဟာင္ေကာင္ ဥပေဒျပဳ ေရြး ေကာက္ပြဲကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ တစ္ႏွစ္ၾကာမွာ က်င္းပမယ္လို႔ ေၾကညာလိုက္တာပါ။

“ဥပေဒျပဳ ေရြးေကာက္ပြဲကို ေရႊ႕ဆိုင္းဖို႔က ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ရပ္ျဖစ္ပါတယ္။ ေရြးေကာက္ပြဲကို ပြင့္လင္းမၽွတမႈရွိေအာင္ က်င္းပရမယ့္ တစ္ခ်ိန္တည္းမွာပဲ ကပ္ေရာဂါကို တိုက္ဖ်က္ဖို႔နဲ႔ လူထု က်န္းမာေရး ေစာင့္ေရွာက္ဖို႔လည္း လိုအပ္ပါတယ္” လို႔ အုပ္ခ်ဳပ္ေရးမႉး Lam က ေျပာပါတယ္။

အခုလို ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းလိုက္တာက အႀကီးအက်ယ္ အနိုင္ရမယ္လို႔ ေမၽွာ္လင့္ေနတဲ့ ဒီမိုကေရစီ လိုလားသူေတြအတြက္ ထိုးႏွက္ခ်က္ ျဖစ္ပါတယ္။

Carrie Lam က မၾကာေသးခင္ ရက္ေတြက ဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္လာတာကို ေထာက္ျပၿပီး နိုင္ငံေရးကိစၥမပါဘူးလို႔ ေျပာေပမဲ့ လည္း ေဝဖန္သူေတြကေတာ့ ေဟာင္ေကာင္တာဝန္ရွိသူေတြဟာ ေရြးေကာက္ပြဲမွာ ဒီမိုကေရစီ လိုလားတဲ့ ကိုယ္စားလွယ္ေတြ အႀကီးအက်ယ္ အနိုင္ရမယ့္ အေရးကို စိတ္မသက္မသာျဖစ္ေနၾကတယ္လို႔လည္း ေျပာပါတယ္။

ၿပီးခဲ့တဲ့ အပတ္ထဲမွာပဲ နိုင္ငံေရးနဲ႔ ပတ္သက္ေနတဲ့ ဒီမိုကေရစီ လိုလားသူ သုေတသီ ၂ ေယာက္ တကၠသိုလ္ေက်ာင္းေတြကေန အလုပ္ထုတ္ခံခဲ့ရၿပီး လူငယ္ လႈပ္ရွား တက္ႂကြသူ ၄ ေယာက္လည္း အမ်ိဳးသား လုံျခဳံေရး ဥပေဒနဲ႔ အဖမ္းခံခဲ့ရပါတယ္။

ဒါေၾကာင့္ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းတဲ့ ေၾကညာခ်က္ဟာ မၾကာေသးမီရက္ေတြထဲ ေဟာင္ေကာင္အစိုးရက ဒီမိုကေရစီ လႈပ္ရွားမႈကို ဖိႏွိပ္ တုံ႔ျပန္တဲ့ေဆာင္ရြက္မႈေတြထဲက တစ္ခုျဖစ္တယ္လို႔ ေလ့လာသူေတြက ယူဆေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

ဟောင်ကောင် ရွေးကောက်ပွဲရက်ရွှေ့တဲ့အပေါ် ကန် ဝေဖန်

(Unicode)
ဟောင်ကောင် ဥပဒေပြု ကောင်စီ ရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းလိုက်တာဟာ ဒီမိုကရေစီ စနစ် ကို အားနည်းအောင်လုပ်တာဆိုပြီးအမေရိကန် သမ္မတ အိမ်ဖြူတော်က သောကြာနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

“အတိုက်အခံ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ဝင်ခွင့်မပြုသလို ရွေးကောက်ပွဲ လုပ်ဖို့ကိုလည်း တနှစ် ရွှေ့ဆိုင်းတဲ့ ဟောင်ကောင် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ ပြစ်တင် ရှုတ်ချပါတယ်။” လို့ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ Kayleigh McEnany က သတင်းထောက်တွေကို ပြောပါတယ်။

သောကြာနေ့မှာပဲ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam က စက်တင်ဘာမှာ ပြုလုပ်မယ့် ဟောင်ကောင် ဥပဒေပြု ရွေး ကောက်ပွဲကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နှစ်ကြာမှာ ကျင်းပမယ်လို့ ကြေညာလိုက်တာပါ။

“ဥပဒေပြု ရွေးကောက်ပွဲကို ရွှေ့ဆိုင်းဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို ပွင့်လင်းမျှတမှုရှိအောင် ကျင်းပရမယ့် တစ်ချိန်တည်းမှာပဲ ကပ်ရောဂါကို တိုက်ဖျက်ဖို့နဲ့ လူထု ကျန်းမာရေး စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်” လို့ အုပ်ချုပ်ရေးမှူး Lam က ပြောပါတယ်။

အခုလို ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တာက အကြီးအကျယ် အနိုင်ရမယ်လို့ မျှော်လင့်နေတဲ့ ဒီမိုကရေစီ လိုလားသူတွေအတွက် ထိုးနှက်ချက် ဖြစ်ပါတယ်။

Carrie Lam က မကြာသေးခင် ရက်တွေက ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာတာကို ထောက်ပြပြီး နိုင်ငံရေးကိစ္စမပါဘူးလို့ ပြောပေမဲ့ လည်း ဝေဖန်သူတွေကတော့ ဟောင်ကောင်တာဝန်ရှိသူတွေဟာ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ လိုလားတဲ့ ကိုယ်စားလှယ်တွေ အကြီးအကျယ် အနိုင်ရမယ့် အရေးကို စိတ်မသက်မသာဖြစ်နေကြတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ အပတ်ထဲမှာပဲ နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့ ဒီမိုကရေစီ လိုလားသူ သုတေသီ ၂ ယောက် တက္ကသိုလ်ကျောင်းတွေကနေ အလုပ်ထုတ်ခံခဲ့ရပြီး လူငယ် လှုပ်ရှား တက်ကြွသူ ၄ ယောက်လည်း အမျိုးသား လုံခြုံရေး ဥပဒေနဲ့ အဖမ်းခံခဲ့ရပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ ရွှေ့ဆိုင်းတဲ့ ကြေညာချက်ဟာ မကြာသေးမီရက်တွေထဲ ဟောင်ကောင်အစိုးရက ဒီမိုကရေစီ လှုပ်ရှားမှုကို ဖိနှိပ် တုံ့ပြန်တဲ့ဆောင်ရွက်မှုတွေထဲက တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက ယူဆနေပါတယ်။

XS
SM
MD
LG