သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Joshua Wong ထောင်ကလွတ်ပြီး ဆန္ဒပြမှုနဲ့ ပူးပေါင်း


ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူ Joshua Wong
ဟောင်ကောင်က ဒီမိုကရေစီရေး လှုပ်ရှားသူ Joshua Wong

ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ Joshua Wong ဟာ အကျဉ်းထောင်က လွတ်လာခဲ့ပြီးနောက်မှာပဲ အစိုးရရုံးချုပ်တွေ ရှိရာနားက စုဝေးဆန္ဒပြပွဲမှာ ပါဝင် ဆန္ဒပြခဲ့ပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဆင်းပေးဖို့နဲ့ ကန့်ကွက်နေကြတဲ့ ဥပဒေကြမ်းကို ပယ်ဖျက်ပေးဖို့ Joshua Wong က တောင်းဆိုခဲ့ပါတယ်။

ရာဇဝတ်မှု ကျူးလွန်တယ်လို့ မသင်္ကာသူတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးရေး အုပ်ချုပ်ရေးမှူး Carrie Lam အဆိုပြုတဲ့ ဥပဒေကြမ်းကို ပြန်ရုတ်သိမ်းဖို့နဲ့ ပြည်သူ နှစ်သန်းလောက် တောင်းဆိုနေတဲ့အတိုင်း ရာထူးကနေ ဆင်းပေးဖို့ အချိန်တန်ပြီလို့ Joshua Wong ပြောကြားသွားတာ ဖြစ်ပါတယ်။

ဟောင်ကောင်မှာ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ပြန်မရ မချင်း ဆန္ဒပြသူတွေ ပိုပိုများလာလိမ့်မယ်လို့လည်း ဒီမိုကရေစီရေးလှုပ်ရှားသူ Joshua Wong ကပြောကြားခဲ့ပါတယ်။

ဟောင်ကောင်မှာ ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ပွဲကျင်းပဖို့ ၂၀၁၄ ခုနှစ်က စတင်တောင်းဆိုတဲ့ Umbrella Movement ထီးလှုပ်ရှားမှု ခေါင်းဆောင်တယောက်ဖြစ်တဲ့ Wong ဟာ အဲဒီလှုပ်ရှားမှုနဲ့ ဆက်နွယ်တဲ့ ထောင်ဒဏ် နှစ်လ ကျခံပြီး ဒီနေ့ ပြန်လွတ်လာတာ ဖြစ်ပါတယ်။

ဘေဂျင်းအစိုးရလိုလားတဲ့ အုပ်ချုပ်ရေးမှူး Carrie Lam က သူ အဆိုပြုထားတဲ့ ဥပဒေကြမ်းကို ယာယီဆိုင်းထားမယ်လို့ ကြေညာခဲ့ပေမဲ့ အပြီးသတ် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့အနေနဲ့ရော အစောပိုင်းက ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတွေက အင်အားသုံး ကိုင်တွယ်ခဲ့တဲ့ အတွက်ပါ လူပေါင်း နှစ်သန်းလောက် တနင်္ဂနွေနေ့က လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

ဒီကနေ့အထိလည်း အုပ်ချုပ်ရေးမှူးရုံးနားမှာ စုဝေးဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြမှုကြောင့် ဟောင်ကောင်က အစိုးရရုံးတွေရှိရာနဲ့ Shopping center တွေ ရှိရာအရပ်မှာ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းခဲ့ပါတယ်။ ဒီကနေ့တော့ အစိုးရရုံးချုပ်တွေ ရှိရာတဝိုက်က လမ်းတွေကို အာဏာပိုင်တွေ ပြန်ဖွင့်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ ကျင်းပမယ့် G20 ထိပ်သီးစည်းဝေးပွဲမှာ တရုတ်သမ္မတ Xi Jinping နဲ့ သမ္မတ Donald Trump တွေ့ဆုံတဲ့အခါ ဟောင်ကောင်ကိစ္စကို ဆွေးနွေးနွေးဖို့ အစီအစဉ်ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကပြောကြားထားပါတယ်။

ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူ Joshua Wong
please wait

No media source currently available

0:00 0:01:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG