သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဆန္ဒပြမှု အဓိကရုဏ်းဖြစ်ပွား


အလိုရှိနေသူတွေကို သက်ဆိုင်ရာနိုင်ငံတွေထံ လွဲှပြောင်းပေးရေး ဥပဒေမူကြမ်းကို ကန့်ကွက်တဲ့ အနေနဲ့ ဟောင်ကောင် အစိုးရရုံးချုပ်ရှေ့မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဒီကနေ့ အဓိကရုဏ်း ဖြစ်ပွားခဲ့ပါတယ်။

ဒိုင်းတွေ၊ ဝတ်စုံတွေနဲ့ အကာအကွယ် ယူထားတဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်ဆံတွေ၊ ငရုပ်ကောင်းရည်တွေ သုံးပြီး ရှင်းလင်းဖို့ ကြိုးစားခဲ့သလို၊ ဆန္ဒပြသူတွေ ဘက်ကလည်း အတားအဆီးတွေကို တွန်းဖယ်တာ၊ ပစ္စည်းတွေနဲ့ ပစ်ပေါက်တာတွေလည်း ရှိခဲ့ပါတယ်။

ဆန္ဒပြပွဲတွေ ပေါ်ပေါက်ရာက အငြင်းပွားစရာ ဖြစ်နေတဲ့ ဥပဒေကို ဆွေးနွေးမယ့် အစီအစဉ်ကို လွှတ်တော်က ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဆန္ဒပြသူတွေ အနီးအနားမှာရှိတဲ့ ကုန်တိုက်တခုနဲ့ လမ်းတွေပေါ်မှာ လူစုကွဲသွားပေမဲ့ လှုပ်ရှားမှု အရေးနိမ့်သွားတာ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

ရာနဲ့ချီတဲ့ စီးပွားရေး လုပ်ငန်းတွေကတော့ ဆန္ဒပြပွဲမှာ ဝန်ထမ်းတွေ မပါနိုင်အောင် ပိတ်ထားမယ့်အကြောင်း အစောပိုင်းမှာပဲ ကြေညာခဲ့ကြပါတယ်။ အဆိုပြုထားတဲ့ ဥပဒေကြမ်းအရ ဆိုရင်တော့ တရုတ်ပြည်မကြီး အပါအဝင် တခြားနိုင်ငံတွေထံ အလိုရှိနေသူတွေကို အလွယ်တကူ လွဲှပြောင်းပေးနိုင်တော့မှာပါ။

ဟောင်ကောင်ကျွန်းမှာ ဒေသခံ ထောင်သောင်းချီပြီး တနင်္ဂနွေနေ့က ကန့်ကွက်ဆန္ဒပြခဲ့ကြပေမဲ့ ဟောင်ကောင်ကျွန်း အမှုဆောင်အရာရှိချုပ် Carrie Lam ကတော့ ဥပဒေကြမ်းကို ထောက်ခံထားပါတယ်။

အလိုရှိနေသူတွေကို သက်ဆိုင်ရာ နိုင်ငံတွေထံ လွဲှပြောင်းပေးမယ့် ဥပဒေအရ အထူးသဖြင့် ဟောင်ကောင်နဲ့ မတူတဲ့ တရားစီရင်ရေးစနစ်ရှိရာ တရုတ်ပြည်မကြီးကို လွဲှဲပြောင်းပေးမယ့်အပေါ် ဟောင်ကောင်မှာ ရှိနေကြတဲ့ နိုင်ငံတကာ စီးပွားရေး လုပ်ငန်းတွေ သာမက ဥပဒေရေးရာ အသိုင်းအဝန်းနဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး ပါတီတွေကပါ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG