သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင် ဒီမိုကရေစီလှုပ်ရှားသူ ၉ ဦးအမှု စတင်စစ်ဆေး


ဟောင်ကောင်မှာ ၂၀၁၄ ခုနှစ်တုန်းက စီးပွားရေးအချက်အချာကျတဲ့နေရာမှာ ပိတ်ဆို့ သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီရေးတောင်းဆိုလှုပ်ရှားသူ ၉ ယောက်ကို ဒီကနေ့ စတင်စစ်ဆေးပါတယ်။

၂၀၁၄ စက်တင်ဘာကနေ ဒီဇင်ဘာအထိ ရက်ပေါင်း ၈၀ နီးပါး ဆန္ဒပြမှုတွေအတွင်း မြို့ထဲ အသွားအလာနဲ့ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့တာကြောင့် ဆန္ဒပြခေါင်းဆောင်တွေကို အများပြည်သူ စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ အမှုတွေနဲ့တရားစွဲထားတာပါ။

တက္ကသိုလ်ပါမောက္ခ ၂ ယောက်နဲ့ တရားဟောဆရာ ၁ ယောက်ပါတဲ့ ခေါင်းဆောင် ၃ ယောက်လုံးက သူတို့မှာ အပြစ်မရှိဘူးလို့ ပြောကြားခဲ့ကြပါတယ်။ သူတို့ကို အမှု ၃ မှုစီနဲ့ တရားစွဲထားတာဖြစ်ပြီး အပြစ်ရှိကြောင်းတွေ့ရှိရင် တမှုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်စီ ကျခံရနိုင်ပါတယ်။

တက်ကြွလှုပ်ရှားသူ ၆ ယောက်ကိုလည်း ပိတ်ဆို့ဆန္ဒပြမှုတွေမှာ ပါဝင်မှုနဲ့ အမှုစစ်ဆေးနေပါတယ်။ Umbrella Movement ထီးလှုပ်ရှားမှုလို့ သိကြတဲ့ဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ နောက် တက္ကသိုလ်ကျောင်းသား ၃ ယောက်ကိုတော့ ၂၀၁၆ ခုနှစ်တုန်းက ထောင်ဒဏ်အစား လူမှုအသိုင်းအဝိုင်း အကျိုးပြုအလုပ်တွေလုပ်ဖို့ ပြစ်ဒဏ်ပေးခံခဲ့ရပါတယ်။ တရုတ်အစိုးရလက်အောက်ပြန်ရောက်သွားတဲ့ ဟောင်ကောင်မှာ ဒီမိုကရေစီအခွင့်အရေးတွေ ကျဆင်းလာနေတယ်လို့ လှုပ်ရှားသူတွေက ပြောနေကြပြီး အခုအမှုမှာလည်း ပြည်မကြီးအစိုးရရဲ့ လွှမ်းမိုးမှုမပါဘဲ လွတ်လပ်တဲ့တရားစီရင်မှု ဖြစ်ပါ့မလားလို့ စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG