သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ရွေးကောက်ပွဲစနစ်ပြုပြင်ရေး လွှတ်တော်မဲခွဲဆုံးဖြတ်ဖို့ပြင်ဆင်


တရုတ်ပြည်မကြီးအစိုးရက ထောက်ခံပေမဲ့ ဒေသခံ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ကန့်ကွက်ကြတဲ့ အငြင်းပွားဖွယ်ရာ ဖြစ်နေ တဲ့ ရွေးကောက်ပွဲ ပြင်ဆင်ချက်မူကြမ်းကို ဟောင်ကောင် လွှတ်တော်အမတ်တွေအနေနဲ့ ကြာသပတေးနေ့ အစောဆုံးထား မဲခွဲဆုံးဖြတ်နိုင်ဖွယ် ရှိပါတယ်။

တရုတ်ပြည်မကြီးအစိုးရက ရေးဆွဲခဲ့တဲ့ အဲဒီပြုပြင်ပြောင်းလဲရေး အစီအစဉ်ဟာ ၂၀၁၇ မှာ ဟောင်ကောင်အုပ်ချုပ်ရေးအကြီးအကဲ ရွေးချယ်မယ့်စည်းမျဉ်းတွေကို လျာထား ဖော်ပြထားပါတယ်။ ဒီအစီအစဉ်သစ်အရ ဟောင်ကောင်သားတွေဟာ သူတို့ ထိပ်တန်း အကြီးအကဲကို မေးပေး ရွေးချယ်ခွင့်ရမှာဖြစ်ပေမဲ့ တရုတ်အစိုးရသစ္စာခံတွေ ကြီးစိုးတဲ့ အဖွဲ့ဝင် ၁၂၀၀ ပါ ကော်မတီက ရွေးချယ်ခံမယ့် ကိုယ်စားလှယ်လောင်းတွေကို သဘောတူ အတည်ပြုပေးဖို့ လိုအပ်တာ ဖြစ်ပါတယ်။

ဒီအစီစဉ်သစ်ဟာ လွှတ်တော်မှာ ဆန့်ကျင်မှု ပြင်းထန်ပြီး မအောင်မြင်ဖို့ များတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ၁၉၉၇ ခုနှစ်က အဆုံးသတ်ခဲ့တဲ့ နှစ် ၁၀၀ ကျော် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေးအပြီး ဒီအဆိုပြုချက် အသစ်တွေဟာ ဒီမိုကရေစီအကျဆုံး ဖြစ်တယ်လို့ တရုတ်အစိုးရက တင်ပြပါတယ်။

ပြီးခဲ့တဲ့နှစ်က ဒီအရေးယူ ဆောင်ရွက်မှုတွေအပေါ် အကြီးအကျယ် ဆန္ဒပြခဲ့ကြတဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကတော့ တရုတ်အစိုးရ အဆိုပြုတဲ့ ဒီရွေးကောက်ပွဲ ပြင်ဆင်ချက်ဟာ ဒီမိုကရေစီ မဆန်ဘူးလို့ တုံ့ပြန်ကြပါတယ်။

XS
SM
MD
LG