သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Liu Xiaobo အမှတ်တရ ဟောင်ကောင်မှာချီတက်


Liu Xiaobo အမှတ်တရ စနေနေ့က ဟောင်ကောင်မှာ စုဝေး ချီတက်ခဲ့ကြပါတယ်။
Liu Xiaobo အမှတ်တရ စနေနေ့က ဟောင်ကောင်မှာ စုဝေး ချီတက်ခဲ့ကြပါတယ်။

ကွယ်လွန်သွားတဲ့ တရုတ်လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး တက်ကြွ လှုပ်ရှားသူ Liu Xiaobo ကို အမှတ်ရအောက်မေ့တဲ့အနေနဲ့ ထောင်နဲ့ချီတဲ့ ဟောင်ကောင်ပြည်သူတွေ ဖယောင်းတိုင်မီးတွေ ထွန်းညှိပြီး စနေနေ့က လမ်းမတွေပေါ်မှာ ချီတက်ခဲ့ကြပါတယ်။

ထောင်နဲ့ချီတဲ့ အဲဒီ ဟောင်ကောင်ကျွန်းသား ဝါရင့် တက်ကြွ လှုပ်ရှားသူတွေဟာ စီးပွားရေး အချက်အခြာကျတဲ့ မြို့လယ်ကနေ တရုတ်နိုင်ငံ ဆက်ဆံရေးရုံးအထိ ချီတက်ခဲ့ကြတာဖြစ်ပြီး တချို့ကတော့ ချီတက်ရင်း ငိုကြွေးခဲ့ကြပါတယ်။

Liu Xiaobo ရဲ့ ပြာတွေကို တရုတ်အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာ စနေနေ့က ပင်လယ်ထဲ စွန့်ကျဲလိုက်တဲ့အတွက် ကြာသပတေးနေ့က သူကွယ်လွန်သွားပြီးတဲ့နောက် သူ့ကို ထောက်ခံ အားပေးသူတွေအတွက် သွားရောက် ဂါရဝပြုစရာနေရာ သတ်သတ်မှတ်မှတ် မရှိတော့ဘဲ ဖြစ်သွားခဲ့ပါတယ်။

Liu Xiaobo အတွက် ဟောင်ကောင်ကျွန်းသားတွေ အမှတ်ရအောက်မေ့ဘွယ် အခမ်းအနား ကျင်းပခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် စနေနေ့က ပြုလုပ်တဲ့ ချီတက်ပွဲကတော့ လူအများဆုံးတက်ရောက်တဲ့ပွဲဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်လူ့အခွင့်ရေး လှုပ်ရှားသူ Liu Xiaobo ကွယ်လွန်သွားတာကြောင့် သူ့အပေါ် လူတွေက အကြင်နာ မေတ္တာ ထားနေကြသလို သူလည်း ကရုဏာထားမိပါကြောင်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်ကျွန်းရဲ့အကြီးအကဲ အုပ်ချုပ်ရေးမှူးအဖြစ် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇူလိုင်လ ၁ ရက်နေ့မှာ ကျမ်းသစ္စာ ကျိန်ဆိုပေးပြီးလိုက်တဲ့နောက်ပိုင်း နိုင်ငံတကာ သတင်းမီဒီယာနဲ့ ပထမဆုံးအကြိ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း Carrie Lam က အဲဒီလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

Liu Xiaobo အမှတ်တရ ဟောင်ကောင်မှာချီတက်
please wait

No media source currently available

0:00 0:01:12 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG