သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဒီမိုလှုပ်ရှားသူ Joshua Wong ထောင်ဒဏ် ၃ လအပြစ်ပေး


ဟောင်ကောင်ကျွန်းမှာ ၂၀၁၄ ခုနှစ်တုန်းက ထီးလှုပ်ရှားမှုလို့ ထင်ရှားခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါဝင်ခဲ့မှုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူ Joshua Wong ကို ထောင်ဒဏ် ၃ လ အပြစ်ပေးလိုက်ပါတယ်။

၂ လနီးပါးကြာ ဆန္ဒပြပွဲတွေအတွင်း သပိတ်စခန်းကနေ ထွက်ခွာဖို့ တရားရုံး အမိန့်ကို လိုက်နာဖု့ိ ပျက်ကွက်မှုနဲ့ ဟောင်ကောင်တရားရုံးက အသက် ၂၁ နှစ်အရွယ် Wong ကို ဒီကနေ့ပဲ စီရင်ချက်ချခဲ့တာပါ။

Wong ဟာ သပိတ်စခန်းမှာ ခေတ္တခဏသာ ရှိခဲ့ကြောင်း တရားသူကြီး Andrew Chan က လက်ခံပြောဆိုခဲ့ပေမဲ့၊ ဆန္ဒပြလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။ အဲဒီနေ့တုန်းက ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိနေခဲ့တဲ့ Wong အတွက် ချက်ခြင်းထောင်ဒဏ် စီရင်တာဟာ သင့်တော်တဲ့ စီရင်ချက်တခု ဖြစ်ကြောင်းလည်း တရားသူကြီးက ပြောဆိုခဲ့တာပါ။

Wong ကတော့ ခန္ဓာကိုယ်တွေကို ချုပ်နှောင်ဖမ်းဆီးလို့ ရပေမဲ့၊ စိတ်ဓာတ်ကိုတော့ ချုပ်နှောင်လို့ မရနိုင်ကြောင်း တရားခွင် မတိုင်ခင်မှာပဲ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူ နောက်တဦးဖြစ်တဲ့ Raphael Wong ကိုလည်း ထောင်ဒဏ်ရက်တို ချမှတ်ခဲ့ပြီး၊ နောက်ထပ် တက်ကြွလှုပ်ရှားသူ တဒါဇင်ကျော်ကိုတော့ တရားရုံးက ဆိုင်းငံ့ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

ဟောင်ကောင် ဒီမိုလှုပ်ရှားသူ Joshua Wong ထောင်ဒဏ် ၃ လအပြစ်ပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG