သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြ ကျောင်းသား ၃ ယောက် အပြစ်ရှိကြောင်း တရားရုံးဆုံးဖြတ်


 ဟောင်ကောင်ကျောင်းသားခေါင်းဆောင် သုံးယောက် Joshua Wong၊ Nathan Law နဲ့ Alex Chow။
ဟောင်ကောင်ကျောင်းသားခေါင်းဆောင် သုံးယောက် Joshua Wong၊ Nathan Law နဲ့ Alex Chow။

လွန်ခဲ့တဲ့ ၂ နှစ်နီးပါးက ဟောင်ကောင်မှာ ဒီမိုကရေစီရေး လူထုဆန္ဒပြပွဲတွေဖြစ်ပွားစေခဲ့တဲ့ အစိုးရကန့်ကွက်ဆန္ဒပြပွဲတွေမှာ ပါဝင်မှုနဲ့ ဟောင်ကောင်ကျောင်းသားခေါင်းဆောင် သုံးယောက်ကို အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင် Joshua Wong နဲ့ Alex Chow တို့ကို တရားမဝင်စုဝေးမှု၊ နောက်တဦးဖြစ်တဲ့ Nathan Law ကိုတော့ တခြားသူတွေကို ဆန္ဒပြပွဲမှာ ပါလာအောင် သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အပြစ်ရှိကြောင်း ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တာပါ။ သူတို့ကို ပြစ်ဒဏ်ချမှတ်မယ့် ရက်ကိုတော့ သြဂုတ်လ ၁၅ ရက်နေ့ သတ်မှတ်ထားပါတယ်။

“ဘယ်လို ပြစ်ဒဏ်မျိုးတွေကို ချမှတ်ပါစေ၊ အစိုးရရဲ့ဖိနှိပ်မှုတွေကို ကျနော်တို့ ဆက်ပြီး တွန်းလှန်သွားမှာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားအကြီးဆုံး ကွန်မြူနစ်အစိုးရနဲ့ ရင်ဆိုင်ရတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ အချိန်ယူရမှာ ဖြစ်တယ်ဆိုတာကို ကျနော်တို့သိတယ်။ အနာဂတ်မှာကျနော်တို့ ပြစ်ဒဏ်ကျခံရပါစေ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရဖို့ လှုပ်ရှားမှုကို ကျနော်တို့ဆက်ပြီး တွန်းလှန် တိုက်ပွဲဝင်သွားမယ်” လို့ ကျောင်းသားခေါင်းဆောင် Joshua Wong က ပြောပါတယ်။

သူတို့သုံးဦးဟာ ဟောင်ကောင်မှာ အုပ်ချုပ်ရေးမှူးကို လူထုက လွတ်လပ်စွာ ရွေးချယ် တင်မြှောက်ခွင့်ရဖို့ တောင်းဆိုတဲ့အနေနဲ့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့က ဟောင်ကောင် အစိုးရရုံး စည်းရိုးကို ကျော်တက်ပြီး ပြည်သူ့ရင်ပြင်လို့ လူသိများတဲ့နေရာမှာ ဆန္ဒပြခဲ့ကြတာပါ။

အဲဒီ့ဆန္ဒပြမှုကနေပဲ ဟောင်ကောင်က အဓိက လမ်းမကြီးတွေပေါ်မှာ လူထု စုဝေး ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်လာတဲ့အထိ ဦးတည်သွားခဲ့ပြီး ဟောင်ကောင်ရဲ့ အဓိက အချက်အချာ နေရာအတော်များများမှာ စီးပွားရေးလုပ်ငန်းတွေ ရက်ပေါင်း ၇၉ ရက်ကြာ ရပ်ဆိုင်းပစ်ရတဲ့ အခြေအနေအထိ ရောက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG