သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သပိတ်စခန်းအားလုံး ဖယ်ရှားပြီးကြောင်း ဟောင်ကောင်အကြီးအကဲ ကြေညာ


ဟောင်ကောင်ဆန္ဒပြသူတွေ လမ်းဘေးကို ပြောင်းရွှေ့နေကြစဉ်။
ဟောင်ကောင်ဆန္ဒပြသူတွေ လမ်းဘေးကို ပြောင်းရွှေ့နေကြစဉ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး လီရှန်ယွန်းက ဟောင်ကောင်မြို့တော်လမ်းမတွေပေါ်မှာ သီတင်းဆယ်ပတ်ကျော်ကြာ ပိတ်ဆို့ဆန္ဒပြမှုတွေ အဆုံးသတ်သွားပြီလို့ ပြောလိုက်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကျန်တဲ့ သပိတ်စခန်းနေရာတခုကို ရဲတွေက အပြီးသတ်ဖယ်ရှားပြီးတာနဲ့ သူတို့ ပြန်လာကြမယ်လို့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

ဆန္ဒပြပွဲတွေ အဆုံးသတ်အောင်လုပ်ဆောင်ရတယ်၊ ဘာကြောင့်လဲဆိုတော့ သူတို့ကြောင့် ဟောင်ကောင်ရဲ့စီးပွားရေး၊ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ဆိုးရွားတဲ့ဆုံးရှုံးမှုတွေ ကြုံခဲ့ရတယ်လို့ လီရှန်ယွန်းက ပြောပါတယ်။

Causeway Bay မှာရှိတဲ့လမ်းတွေပေါ်ကနေ ဆန္ဒပြသူတွေကို ရဲက ရှင်းလင်းဖယ်ရှားပြီး ဒါဇင်နဲ့ချီတဲ့သူတွေကို ဖမ်းဆီးမှုနေချိန်မှာ ဟောင်ကောင် အုပ်ချုပ်ရေးမှုးက အခုလို ပြောတာဖြစ်ပါတယ်။ ဆန္ဒပြသူအနည်းစုပါတဲ့အဖွဲ့ကတော့ “ငါတို့ ပြန်လာခဲ့မယ်”-လို့ အော်ဟစ်ဆန္ဒပြသွားခဲ့ကြပြီးတော့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး လီရှန်ယွန်း ရာထူးကနေဆင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတော့ Admiralty ခရိုင်မှာ ဆန္ဒပြခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီလိုလားသူ လွှတ်တော်အမတ်တချို့ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဆန္ဒပြသူတွေရဲ့ အကြီးဆုံးသပိတ်စခန်းကို ရှင်းလင်းခဲ့တာပါ။

၂၀၁၇ ခုနှစ်ကျရင် ဟောင်ကောင်မှာ ဒီမိုကရေစီနည်းကျတဲ့ ရွေးကောက်ပွဲတွေကို တရုတ်ပြည်မကြီးအစိုးရက ကျင်းပခွင့်ပြုဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ သူတို့စီစစ် ရွေးချယ်ထားတဲ့သူတွေသာ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုတယ်ဆိုပြီးတော့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက်ကို ငြင်းဆန်ထားပါတယ်။

XS
SM
MD
LG