သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရွေးကောက်ပွဲ တရုတ်အစိုးရဆန့်ကျင်သူတွေ အနိုင်ရ


 ဟောင်ကောင်လူငယ်ခေါင်းဆောင်တချို့ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရ
ဟောင်ကောင်လူငယ်ခေါင်းဆောင်တချို့ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရ

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာ တရုတ်ပြည်မကြီးအစိုးရရဲ့ သြဇာလွှမ်းမှုတိုးလာနေချိန်မှာပဲ ဒီအပေါ် ဆန့်ကျင်ခဲ့ကြတဲ့ လူငယ်ခေါင်းဆောင်တချို့ လွှတ်တော်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြပါတယ်။

တနင်္ဂနွေနေ့ရွေးကောက်ပွဲ မဲရလာဒ်တွေအရ ဟောင်ကောင် ဥပဒေပြုကောင်စီဝင် ၇၀ မှာ ဒီမိုကရေစီလိုလားတဲ့ လူငယ်ခေါင်းဆောင် ၃၀ က အမတ်နေရာအနိုင်ရခဲ့ကြပါတယ်။ အနိုင်ရခဲ့သူတွေထဲမှာ အသက် ၂၃ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် Nathan Law လဲပါဝင်ပါတယ်။

၂၀၁၄ ခုနှစ်တုန်းက ကျောင်းသားတွေ ဦးဆောင်ပြီး 'ထီးတော်လှန်းရေး' လို့ လူသိများခဲ့တဲ့ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြမှုတွေမှာ ဦးဆောင်ခဲ့တဲ့ ခေါင်းဆောင်တယောက်ဖြစ်ပါတယ်။ Nathan Law နဲ့အတူ Demosisto ဆိုတဲ့ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ Joshua Wong တို့ဟာ တရုတ်အစိုးရလက်အောက်ကနေ ဟောင်ကောင်ကို သီးခြားခွဲထွက်နိုင်ရေး ဆန္ဒခံယူပွဲတွေ ကျင်းပပေးဖို့အတွက်တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့ကြတာပါ။

ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာကျတဲ့ နေရာတွေမှာ သပိတ်စခန်းတွေဖွင့်ပြီး ရက်ပေါင်း ၈၀ နီးပါးကြာဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့မှုနဲ့ သူတို့ ၂ ယောက်လုံးကို ပြီးခဲ့တဲ့ လတုန်းက ပြစ်ဒဏ်ချခဲ့ပေမဲ့ ပေါ့လျော့ပြစ်ဒဏ်တွေပဲ ကျခဲ့ကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG