သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ထိပ်တန်းခေါင်းဆောင် ဟောင်ကောင် လာရောက်


ဟောင်ကောင်က နေရာတချို့မှာ လုံခြုံရေးကို အထူး တင်းကျပ်ထား

တရုတ်ပြည်မကြီးအစိုးရရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုတွေကြောင့် မကျေနပ်မှုတွေ ပို တိုးလာနေတဲ့ ဟောင်ကောင်ကျွန်းကို တရုတ်အစိုးရ ထိပ်တန်းအစိုးရ အရာရှိကြီးတဦး ဒီကနေ့ သုံးရက်ကြာ ခရီးစဉ်အဖြစ်နဲ့ ရောက်ရှိ လာပါတယ်။ ဟောင်ကောင်လူထုတွေရဲ့အသံတွေကို နားထောင်ဖို့ သူ အခုလို ရောက်လာတာလို့ တရုတ်ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Zhang Dejiang က ပြောပါတယ်။

"သီးခြားလွတ်လပ်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရထားတဲ့ ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့ တပြည်ထောင် စနစ်နှစ်ခု ကျင့်သုံးတဲ့ကိစ္စ၊ အခြေခံဥပဒေ လက်တွေ့ အကောင်အထည်ဖော်မှုတွေနဲ့ပတ်သက်လို့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး၊ အစိုးရနဲ့ အထူးအုပ်ချုပ်ရေးဒေသမှာ ရှိကြတဲ့ လူမှုအတန်းအလွာ အသီးအသီးက အသံတွေ၊ သူတို့ရဲ့လုပ်ဆောင်ချက်တွေ၊ အကြံပေးချက်တွေ၊ ပန်ကြားချက်တွေကို နားထောင်နိုင်ဖို့အတွက် ကျနော် ဒီကို ရောက်လာတာပါ။” - လို့ - ဟောင်ကောင်လေဆိပ်ကို ရောက်ရောက်ချင်းမှာပဲ မစ္စတာ Zhang က ပြောသွားတာပါ။

Zhang ရဲ့ခရီးစဉ်ဟာ လွန်ခဲ့တဲ့ ၄ နှစ် ( ၂၀၁၂ ခုနှစ်က) တရုတ်သမ္မတ Hu Jintao ဟောင်ကောင်ကို လာရောက်ခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး တရုတ်အစိုးရ အရာရှိကြီးတဦး ဟောင်ကောင်ကိုလာရောက်တဲ့ ခရီးစဉ်ပဲဖြစ်ပါတယ်။ အာရှရဲ့ စီးပွားရေးအချက်အချာ ဒေသဖြစ်တဲ့ ဟောင်ကောင်ကျွန်းအပေါ် တရုတ်အစိုးရရဲ့ ထောက်ခံမှုနဲ့ စိုးရိမ်ချက်တွေကို ဒီခရီးစဉ်က ဖော်ပြနေတာ လည်း ဖြစ်ပါတယ်။ အခုလို တရုတ်ထိပ်တန်းအရာရှိကြီးတဦး ဟောင်ကောင်ကို ထူးထူးခြားခြားရောက်နေတာကြောင့် ဟောင်ကောင်က နေရာတချို့မှာ သွားလာခွင့် လုံးဝ ပိတ်ပင်ထားပြီး လုံခြုံရေးကို အထူး တင်းကျပ်ထားပါတယ်။

တရုတ်ထိပ်တန်းခေါင်းဆောင် ဟောင်ကောင်မှာရောက်နေ
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG