သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ဆန္ဒပြခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံရ


ဟောင်ကောင်မှာ ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြနေတဲ့ အဓိက သပိတ်စခန်းတခုကို အာဏာပိုင်တွေက ဒီကနေ့ ဝင်ရှင်းလိုက်ပြီး Occupy Movement ခေါင်းဆောင်နှစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

Mong Kok အရပ်က လမ်းတခုမှာရှိတဲ့ အတားအဆီးတွေကို နာရီအတော်ကြာ ရှင်းလင်းချိန်အတွင်း ကျောင်းသားခေါင်းဆောင် တွေဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအဝင် ဆန္ဒပြသူ အများအပြားကို ရဲတပ်ဖွဲ့က တွန်းထုတ် ဖယ်ရှားခဲ့ပါတယ်။

ဆန္ဒပြသူတွေ နှစ်လကြာ ပိတ်ဆို့ နေရာယူထားတဲ့ ၆ လမ်းသွား အဓိကလမ်းမကြီးတခုဖြစ်တဲ့ Nathan လမ်းပေါ်မှာ အတားအဆီးတွေကို ဖယ်ရှားတဲ့ အလုပ်သမားတွေကို ဆန္ဒပြသူတချို့က တားဆီးဖို့ ကြိုးစားတဲ့အတွက် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

အနီရောင် Baseball ဦးထုပ်တွေဆောင်းပြီး I Love Hong Kong စာတမ်းပါ တီရှပ်တွေကို ဝတ်ထားတဲ့ အလုပ်သမားတွေကို ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာက ဝန်းရံပေးပါတယ်။ အတားအဆီးတွေနဲ့ ရွက်ဖျင်တဲတွေကို ဖယ်ရှားပြီးတဲ့နောက် အဝေးပြေး လမ်းမကြီးကို ပြန်ဖွင့်လိုက်ပါတယ်။

XS
SM
MD
LG