သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၃ ဦး ပြစ်ဒဏ်တိုး


ဟောင်ကောင်ကျောင်းသားခေါင်းဆောင် သုံးယောက် Joshua Wong၊ Nathan Law နဲ့ Alex Chow။
ဟောင်ကောင်ကျောင်းသားခေါင်းဆောင် သုံးယောက် Joshua Wong၊ Nathan Law နဲ့ Alex Chow။

ဟောင်ကောင်က ဒီမိုကရေစီရေးလှုပ်ရှားသူခေါင်းဆောင် ၃ ယောက်ကို တရားမဝင်ဆန္ဒပြမှုနဲ့ အယူခံတရားရုံးက ထောင်ဒဏ်ချတွေချလိုက်ပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက Umbrella Revolution လို့သိကြတဲ့ ဒီမိုကရေစီရေးတောင်းဆိုဆန္ဒပြပွဲတွေတုန်းက လူငယ်ခေါင်းဆောင်တွေဖြစ်ကြတဲ့ Joshua Wong, Nathan Law နဲ့ Alex Chow တို့ဟာ အစိုးရရုံးချုပ်တွေရှိတဲ့နေရာကို အတင်းဝင်ရောက်မှုအတွက် အချုပ်မဲ့ ပြစ်ဒဏ်တွေ အစောပိုင်းထဲက ချမှတ်ခံထားရပါတယ်။

ကြာသပတေးနေ့ကတော့ အဲဒီပြစ်ဒဏ်တွေကို ပြောင်းလဲပြီး Joshua Wong ကို ထောင်ဒဏ် ၆ လ၊ Nathan Law ကို ထောင်ဒဏ် ၈ လနဲ့ Alex Chow ကိုထောင်ဒဏ် ၇ လပြစ်ဒဏ်တွေချလိုက်တာဖြစ်ပါတယ်။ မူလပြစ်ဒဏ်တွေဟာ ပေါ့လွန်းတယ်လို့ အစိုးရရှေ့နေတွေက အယူခံလျှောက်ထားခဲ့တာဖြစ်ပါတယ်။ဟောင်ကောင်မှာ ဒီမိုကရေစီအပြည့်အဝရဖို့ တောင်းဆိုလှုပ်ရှားမှုတွေကို ဆက်ပြီးဆောင်ရွက်သွားကြဖို့ တရားရုံး ကြားနာပွဲမတိုင်ခင် Joshua Wong ကသူတို့အပေါ် ထောက်ခံတဲ့လူအုပ်ကြီးကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့က ထောင်ဒဏ်အပြစ်ပေးခံရတဲ့ Nathan Law ဟာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံထားရသူဖြစ်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တုန်းက ကျမ်းကျိန်ပွဲမှာ ဆန္ဒပြခဲ့လို့ လွှတ်တော်ကိုယ်စားလှယ်တာဝန်က ပိတ်ပင်ခံခဲ့ရပါတယ်။ ဟောင်ကောင်ကို ဗြိတိသျှအုပ်ချုပ်အောက်ကနေ တရုတ်အစိုးရလက်ကို ၁၉၉၇ ခုနှစ်မှာ ပြန်လည်လွှဲပြောင်းပေးခဲ့ပြီးနောက် တနိုင်ငံ စနစ် ၂ ခုထားရှိဖို့ တရုတ်အစိုးရက သဘောတူထားပေမဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ပိုပြီးဆုံးရှုံးလာနေတယ်လို့ ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG