သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်မှာ ဆန္ဒပြသူတွေ ရဲနဲ့ ထိပ်တိုက်ရင်ဆိုင်မှု ထပ်မံဖြစ်ပွား


ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ကန့်ကွက်သူတွေကို ရိုက်နှက်လူစုခွဲနေတဲ့ ရဲအရာရှိတွေ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၄)
ဟောင်ကောင်မှာ အစိုးရဆန့်ကျင်ကန့်ကွက်သူတွေကို ရိုက်နှက်လူစုခွဲနေတဲ့ ရဲအရာရှိတွေ။ (နိုဝင်ဘာ ၃၀၊ ၂၀၁၄)

ဟောင်ကောင်ကျွန်းမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက အစိုးရရုံးစိုက်ရာနေရာကနေ တခြားနေရာတွေကို တိုးချဲ့ဆန္ဒပြဖို့ ကြိုးစားနေတဲ့အချိန် ရဲတပ်ဖွဲ့တွေ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

Admiralty အရပ်မှာရှိတဲ့ အဓိက လမ်းမကြီးကို ဆန္ဒပြသူတွေကို သိမ်းပိုက်ဖို့ ကြိုးစားနေကြတာမှာ သန်းခေါင်ကျော် တနင်္လာနေ့ အစောပိုင်းမှာ ရဲက တားထားတဲ့နေရာကို ဆန္ဒပြသူတွေက ဖြတ်ကျော်သွားနိုင်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဘက်ကလည်း မျက်ရည်ယိုဗုံးတွေ၊ နံပါတ်တုတ်တွေအသုံးပြုပြီး ပြန်လည် ခုခံခဲ့တဲ့အတွက် လူအတော်များများ ထိခိုက်ဒဏ်ရာရပြီး အနည်းဆုံး ၁၈ ယောက်လောက်လည်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဒါဟာ ဆန္ဒြုပသူတွေနဲ့ ရဲတပ်ဖွဲ့အကြား လွန်ခဲ့တဲ့သီတင်းပတ်အတွင်းဖြစ်ခဲ့တဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေထဲက နောက်ဆုံး ဖြစ်ပေါ်မှုလည်း ဖြစ်ပါတယ်။ သောကြာနေ့တုန်းကလည်း Mong Kok အရပ်မှာရှိတဲ့ အတားအဆီးတွေကို ရဲတပ်ဖွဲ့က ရှင်းလင်းဖို့ ကြိုးစားစဉ် ဆန္ဒပြသူတွေနဲ့ လုံးထွေးသတ်ပုတ်မှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်အတွင်း ဆန္ဒပြကျောင်းသားခေါင်းဆောင် ၂ ဦးဖြစ်တဲ့ Lester Shum နဲ့ Joshua Wong တို့ အပါအဝင် လူအတော်များများ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလနှောင်းပိုင်းကစလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပေမယ့် တဖြည်းဖြည်းနဲ့ အင်အားနည်းလာနေပြီ ဖြစ်ပါတယ်။ ဆန္ဒပြပွဲတွေအပေါ် လူထုရဲ့ထောက်ခံမှု တဖြည်းဖြည်းနဲ့ လျော့နည်းလာနေပြီလို့ မကြာခင်က ကောက်ယူခဲ့တဲ့ လူထုစစ်တမ်း အတော်များများမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG