သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်ရဲ့ ပထမဆုံးအမျိုးသမီး အုပ်ချုပ်ရေးမှူ း


ဟောင်ကောင်ရဲ့ ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူ း Carrie Lam
ဟောင်ကောင်ရဲ့ ပထမဆုံးအမျိုးသမီးအုပ်ချုပ်ရေးမှူ း Carrie Lam

ဟောင်ကောင်ရဲ့ ပထမဆုံးသော အမျိုးသမီး အုပ်ချုပ်ရေးမှူး အဖြစ် Carrie Lam ကို ရွေးကောက်ပွဲ ကော်မတီက မဲခွဲ ရွေးချယ်လိုက်ပါတယ်။

အခု အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကတော့ ကြိုတင် စီစဉ်ထားတဲ့ ဒီမိုကရေစီ နည်းလမ်း မကျတဲ့ ရွေးကောက်ပွဲ အဖြစ် အများက ရှုမြင်ကြပါတယ်။ Carrie Lam က ဟောင်ကောင် အုပ်ချုပ်ရေး အဖွဲ့ရဲ့ အတွင်းဝန်ချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အခု ရွေးကောက်ပွဲ မှာလည်း တရုတ်အစိုးရက လိုလားတဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ်။

စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ လွှတ်တော် အမတ်တွေ အပါအဝင် အဖွဲ့ဝင် ၁၂၀၀ ပါတဲ့ ကော်မတီက ဟောင်ကောင် အကြီးအကဲကို ရွေးချယ်လိုက်တာ ဖြစ်ပြီး သန်းနဲ့ချီတဲ့ ဟောင်ကောင် ပြည်သူတွေကတော့ ခေါင်းဆောင်ကို မဲပေး ရွေးချယ်ခွင့် မရခဲ့ပါဘူး။

တရုတ် အစိုးရက အကြီးအကျယ် ထောက်ခံ စည်းရုံးပေးခဲ့တဲ့ အသက် ၅၉ နှစ် အရွယ် Carrie Lam ထောက်ခံမဲ ၇၇၇ မဲနဲ့ အနိုင်ရခဲ့တာက အထူးအဆန်းတော့ မဟုတ်ပါဘူး။ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေကတော့ တရုတ် လိုလားဟန် ရှိတဲ့ Carrie Lam အနိုင်ရမှု အပေါ်မှာ စိုးရိမ်ကြပါတယ်။ ဟောင်ကောင် အရေး အပေါ်မှာ တရုတ်ဘက်က ပိုပြီး ဝင်ရောက် စွက်ဖက်လာတဲ့ အတွက် အရင် ဗြိတိသျှ ကိုလိုနီဟောင်း ဖြစ်တဲ့ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို အာမခံထားတဲ့ တနိုင်ငံ စနစ်နှစ်မျိုး ကျင့်သုံးနေမှု ဆုံးရှုံးမယ့် အရေး စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းဟာ စိတ်ဝမ်းကွဲမှုတွေကြောင့် အခက်တွေ့နေရပြီး စိတ်ပျက်စရာတွေ များလာနေတယ်လို့ Carrie Lam က ဒီကနေ့ ပြောဆိုပါတယ်။ စိတ်ဝမ်းကွဲမှုတွေ ပပျောက် သွားအောင် ဦးစားပေး ဆောင်ရွက်မယ်လို့လည်း ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် က ပြောဆိုပါတယ်။

Carrie Lam အနေနဲ့ ဟောင်ကောင်ရဲ့ စီးပွားရေး၊ နောက် ကြီးထွားလာနေတဲ့ လူမှု မညီမျှမှုတွေကိုလည်း ပြန်လည် ထိန်းညှိနိုင်ဖို့ ဆောင်ရွက်ရမယ်လို့ နိုင်ငံရေး သုံးသပ်သူတို့ က ပြောပါတယ်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှုနဲ့ လူသိများတဲ့ ကျောင်းသား လှုပ်ရှားသူ Joshua Wong ကတော့ Lam ရဲ့ အောင်မြင်မှုက ဟောင်ကောင် အတွက်တော့ စိုးရိမ်စရာ အခြေအနေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ဟောင်ကောင်ရဲ့ ပထမဆုံးအမျိုးသမီး အုပ်ချုပ်ရေးမှူ း
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG