သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူပူမှုရှောင်ရှားဖို့ ဟောင်ကောင်အကြီးအကဲ သတိပေး


တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဟောင်ကောင်မှာ ရွေးကောက်ပွဲ ကျင်းပရာမှာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်မချမီ အချိန်ကာလအတွင်း ဆူပူမှုတွေ တိုးလာနိုင်စရာ ရှိနေတယ်ဆိုတဲ့ စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ပတ်သက်ပြီး ဟောင်ကောင် ထိပ်တန်းခေါင်းဆောင်က သတိပေးလိုက်ပါတယ်။

အကြမ်းဖက်သည်ဖြစ်စေ အကြမ်းမဖက်သည်ဖြစ်စေ မည်သိ တရားမဝင်တဲ့ လုပ်ဆောင်မှုကိုမှ သည်းခံမှာ မဟုတ်တဲ့အကြောင်း ဟောင်ကောင်အုပ်ချုပ်ရေး အကြီးအကဲ Leung Chun-ying က အပတ်စဉ် အင်္ဂါနေ့ ရုပ်သံလွှင့် အစီအစဉ်ကနေ ပြောသွားပါတယ်။

သိုလှောင်ထားတဲ့ ဓာတုပစ္စည်းတွေကို သိမ်းဆည်းရမိတဲ့အပြင် ဖောက်ခွဲပစ္စည်းတွေ ထုတ်လုပ်ဖို့ ပူးပေါင်းကြံစည်တဲ့ မသင်္ကာမှုနဲ့ လူ ၁၀ ယောက်ကို ဟောင်ကောင်ရဲတပ်ဖွဲ့က ဒီသီတင်းပတ်အတွင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ သူတို့အပေါ် စွဲချက်တင်ခြင်း မရှိသေးတဲ့အပြင် ဗုံးဖောက်ခွဲဖို့ ကြံစည်တဲ့ စွပ်စွဲမှုနဲ့ ပတ်သက်ပြီးတော့လည်း အာဏာပိုင်တွေက အချက်လက် အနည်းငယ်ကိုသာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဟောင်ကောင်အကြီးအကဲ ရာထူးအတွက် ဟောင်ကောင်သားတွေ ရွေးကောက်တင်မြှောက်ခွင့်ပြုတဲ့ တရုတ်အစိုးရထောက်ခံတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဟောင်ကောင် လွှတ်တော်အမတ်တွေက အခု သီတင်းပတ်အတွင်း မဲခွဲ ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လို့ ဝင်ရောက် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေကို တရုတ်အစိုးရအပေါ် သစ္စာရှိသူတွေ ကြီးစိုးတဲ့ ကော်မတီတရပ် အရင် အတည်ပြုပေးဖို့ လိုအပ်တာဖြစ်ပါတယ်။ အတိုက်ခံပါတီ အမတ်အများစုက ဒီအစီအစဉ်ဟာ အတုယောင် ဒီမိုကရေစီလို့ ဝေဖန်လိုက်ပြီး ကန့်ကွက်မယ်လို့ အလေးအနက် ပြောကြပါတယ်။ ဒါကြောင့် ဒီအဆိုပြုချက်ဟာ အတည်ဖြစ်ဖို့ လိုအပ်တဲ့ ထောက်ခံမဲ သုံးပုံ နှစ်ပုံ ရရှိနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။

XS
SM
MD
LG