သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင် နှစ်ကူးပွဲ အတွင်း အဓိကရုဏ်းဖြစ်ပွား


A ranger of Kenya Wildlife Services tries to cover the eyes of 2-and-a-half-year-old female Southern white rhino, Elia, to calm down after being shot a tranquilizer from a helicopter during Kenya Wildlife Services (KWS) rhino ear notching exercise for identification at Meru National Park, 350 km from Nairobi.
A ranger of Kenya Wildlife Services tries to cover the eyes of 2-and-a-half-year-old female Southern white rhino, Elia, to calm down after being shot a tranquilizer from a helicopter during Kenya Wildlife Services (KWS) rhino ear notching exercise for identification at Meru National Park, 350 km from Nairobi.

တရုတ်နှစ်သစ်ကူးပွဲဆင်နွဲနေတဲ့ ဟောင်ကောင်ကျွန်းမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား အဓိကရုဏ်းဖြစ်ပွားခဲ့လို့ အတော်အများများ ဒဏ်ရာရခဲ့သလို ၂၀ ကျော်လဲ ဖမ်းဆီးခံခဲ့ရပါတယ်။

Mong Kok အရပ်မှာ လိုင်စင်မဲ့ ဈေးရောင်းနေတဲ့ စားသောက်ဆိုင်တွေနဲ့ ဈေးဆိုင်တွေကို ရဲတွေက လိုက်လံနှိမ်နှင်းရာက ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး ရဲက သေနတ်ကို သတိပေးတဲ့အနေနဲ့ မိုးပေါ်ထောင်ပစ်ခဲ့ပါတယ်။ ရဲတွေလိုက်လံ ဖမ်းဆီးနေတဲ့ လမ်းဘေးဈေးသည်တွေကို ကာကွယ်ဖို့ တက်ကြွလုပ်ရှားသူတွေရောက်လာချိန်မှာ အခြေအနေက ပိုမို တင်းမာသွားတာ ဖြစ်ပါတယ်။

နှစ်ကူးချိန် လမ်းဘေးဈေးရောင်းကြတာဟာ ဟောင်ကောင်ရဲ့ ရိုးရာတခုဖြစ်ပြီး၊ တရုတ်ပြည်မကြီးရဲ့ လွှမ်းမိုးလာမှုကြောင့် ဟောင်ကောင်ရဲ့ ယဉ်ကျေးမှုတွေ ကွယ်ပျောက်နေပြီလို့ ဆန္ဒပြသူက ပြောကြပါတယ်၊ ဆန္ဒပြသူတွေက လမ်းပေါ်မှာ မီးရှို့တာတွေ လုပ်ခဲ့သလို ရဲတွေကိုလည်း အုတ်ခဲတွေ၊ အမှိုက်ဗုံးတွေ၊ ပုလင်းအလွတ်တွေနဲ့ တခြား အရာဝတ္ထုတွေနဲ့ပစ်ပေါက်ခဲ့ကြပြီး အနည်းဆုံး လမ်းပြရဲတစ်ဦးကိုလဲ လဲကျသွားတဲ့အတိ အတင်းတွန်းထိုးခဲ့ကြပါတယ်၊ ဆန္ဒပြမှုအတွင်းရဲ့ ၃ ဦးထက်နည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူ ၃ ဦးကနေ ၂၄ ဦးအထိ ဖမ်းဆီးခံခဲ့ရတယ်လို့ ဟောင်ကောင်ကလာတဲ့ သတင်းတွေကပြောပါတယ်။ ကြိုတင်ကာကွယ်မှုတွေ လုပ်တဲ့အနေနဲ့ Mong Kok မြေအောက်ရထားဘူတာရုံ ကိုလည်း အာဏာပိုင်တွေက ပိတ်ထားပါတယ်။

တရုတ်ပြည်မကြီး အုပ်ချုပ်မှုလက်အောက်မှာ နိုင်ငံရေး လွှတ်လပ်မှု ပိုမို ရရှိအောင် သီတင်းပတ်နဲ့ချီ ဟောင်ကောင်မြို့လယ်ကောင်ကို ပိတ်ဆို့ ဆန္ဒပြတောင်းဆိုကြတဲ့ ဒီမိုကရေစီ လှုပ်ရှားသူတွေကို ရဲတွေက အင်အားသုံး ဖြိုခွင်းမှုပြုလုပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်နောက်ပိုင်း အခုအင်္ဂါနေ့မှာဖြစ်တဲ့ အဓိကရုဏ်းဟာ ဟောင်ကောင်မှာ အဆိုးဆုံး အကြမ်းဖက်မှုတခုဖြစ်ပါတယ်။

XS
SM
MD
LG