သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဟောင်ကောင်အုပ်ချုပ်ရေးမှူး နုတ်ထွက်ရေး ဆန္ဒပြတောင်းဆို


ဟောင်ကောင်အုပ်ချုပ်ရေးမှူး နုတ်ထွက်ရေး ဆန္ဒပြတောင်းဆို

ဟောင်ကောင်မှာ လူတွေထောင်နဲ့ချီပြီး ဒီကနေ့မှာ အနက်ရောင်ဝတ်စုံတွေ ၀တ်ဆင်ပြီး လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြပြီး ဟောင်ကောင် အုပ်ချုပ်ရေးမှူးကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဟောင်ကောင်မှာ နေထိုင်တဲ့သူတွေကို တရုတ်နိုင်ငံပြည်မကြီးကို ပို့ပြီး တရားစီရင်ခွင့်ပြုလာနိုင်တဲ့ ဥပဒေကြမ်းကို အတည်ပြုဖို့ လုပ်ဆောင်ခဲ့တာကြောင့် ဟောင်ကောင် ဒေသခံတွေက အခုလို ဆန္ဒပြ တောင်းဆိုလာကြတာဖြစ်ပါတယ်။ ဆန္ဒပြတဲ့သူတွေဟာ နွေရာသီ အပူဒဏ်ကို ကြံ့ကြံ့ခံရင်း Victoria ပန်းခြံကနေ ဟောင်ကောင်ဗဟိုအစိုးရ ရုံးတွေဆီကို ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam ကတော့ ဒီဥပဒေကြမ်းကို အတည်ပြုဖို့ အကန့်အသတ်မရှိရွှေ့ဆိုင်းလိုက်ပေမယ့်၊ ဆန္ဒပြတဲ့သူတွေတောင်းဆိုသလိုမျိုးတော့ လုံးဝရုတ်သိမ်းလိုက်တာမဟုတ်ပါဘူး။

ဟောင်ကောင်အစိုးရက အခုလိုလုပ်တာဟာ ၁၉၉၇ ခုနှစ်က ဟောင်ကောင်ကို ဗြိတိန်နိုင်ငံဆီကနေ တရုတ်နိုင်ငံလက်ထဲကို လွှဲပြောင်းပေးခဲ့ချိန်ကစတင်ပြီး အရေးပါတဲ့ နိုင်ငံရေးအလှည့်အပြောင်းတွေထဲက တခုဖြစ်သလို၊ အုပ်ချုပ်ရေးမှူး Carrie Lam အနေနဲ့ ဟောင်ကောင်ကို ဆက်လက်ဦးဆောင်နိုင်ပါ့မလားဆိုပြီး မေးခွန်းတွေလည်း ထုတ်လာနေကြပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူ ၁ သန်းလောက် ဆန္ဒပြခဲ့ကြတယ်လို့ ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ပြောကြားလိုက်ပြီး ဒီကနေ့မှာလည်းဆန္ဒပြတဲ့သူအရေအတွက်ဟာ အဲဒီလောက် ရှိပုံရတယ်လို့ ဆိုပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကတော့ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အချာနေရာမှာ ရဲတွေက ဆန္ဒပြတဲ့သူတွေကို ရာဘာကျည်ဆံတွေ မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နှင်းခဲ့တာကြောင့် ရဲတွေနဲ့ ဆန္ဒပြတဲ့သူတွေကြား အကြမ်းဖက်တာတွေအထိဖြစ်ခဲ့ပြီး၊ တချို့ဘဏ်တွေကိုလည်း ပိတ်ပစ်ခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG