သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟောင်ကောင်အဓိကရုဏ်း ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ ကန်တိုက်တွန်း


အလိုရှိသူတွေ လွှဲပြောင်းပေးဖို့ရေးဆိုင်ရာ ဥပဒေကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ဟောင်ကောင်မှာ ဗုဒ္ဒဟူးနေ့က ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် အမေရိကန် ပြည်ထောင်စုက ပါဝင်ပတ်သက်သူ အဖွဲ့တွေအားလုံး ထိန်းထိန်းသိမ်းသိမ်း ရှိဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။ ဟောင်ကောင် ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေ အပေါ် မျက်ရည်ယိုဗုံးနဲ့ရာဘာ ကျည်တွေ အသုံးပြုပြီး လူစုခွဲဖို့ ကြိုးစားခဲ့တာမှာ လူ ၇၂ ယောက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီ ဆန္ဒပြပွဲကြောင့် ဟောင်ကောင် ဥပဒေပြုအဖွဲ့ရဲ့ဗုဒ္ဒဟူးနေ့ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီ အစည်းအဝေးမှာ အလိုရှိသူတွေ လွှဲပြောင်းပေးရေးဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ် ဆွေးနွေးဖို့ စီစဉ်ထားခဲ့ပါတယ်။ ဒီ ဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်ကို ထိပါးစေတယ်လို့ ဆန္ဒပြသူတွေက ယူဆကြပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သန်းချီတဲ့ ဆန္ဒပြပွဲဖြစ်ပြီး သူမြင်ဖူးသမျှထဲ ကြီးမားတဲ့ ဆန္ဒပြပွဲကြီးတစ်ခုဖြစ်ကြောင်း၊ ဆန္ဒပြရတဲ့ အကြောင်းရင်းကို သူနားလည်ကြောင်း၊ တရုတ်နဲ့ ဟောင်ကောင်တို့ အနေနဲ့ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းနိုင်လိမ့်မယ်ဆိုတာ မျှော်လင့် ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Morgan Ortagus ကလည်း ဒီ လို ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေဟာ အင်မတန် အရေးကြီးသလို ဟောင်ကောင် အစိုးရအနေနဲ့လည်း ပြည်သူတွေရဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နဲ့ စုဝေခွင့် ဆိုတဲ့ လွတ်လပ်ခွင့်တွေကို လေးစား လိုက်နာဖို့ အရေးကြီးကြောင်း၊ ဟောင်ကောင်ပြည်သူတွေဟာ သူတို့ရဲ့ အခြေခံ အခွင့်အရေးကို ထိပါးစေမယ့် တရုတ်တွေရဲ့လက်အောက်ခံအဖြစ် မရောက်ရှိချင်တာကြောင့်ဒီ လွှဲပြောင်းပေးရေး ဆိုင်ရာ ဥပဒေကို ကန့်ကွက်နေခြင်းဖြစ်ကြောင်း ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG