[Zawgyi/Unicode]
ေဟာင္ေကာင္ကေန ထြက္ေျပးလာတဲ့ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူေတြကို အကာအကြယ္ေပးမယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဝန္ႀကီး Mike Pompeo က အဂၤါေန႔မွာ အခုိင္အမာေျပာလိုက္ပါတယ္။
ဒါ့အျပင္ ျပည္ပထြက္ေျပးသြားတဲ့ တက္ႂကြလႈပ္ရွားသူေတြကို ဖမ္းမိန္႔ထုတ္ထားတဲ့ တ႐ုတ္အစိုးရကိုလည္း ဝန္ႀကီး Pompeo က ျပစ္တင္႐ႈတ္ခ်ပါတယ္။
"တ႐ုတ္ကြန္ျမဴနစ္ပါတီဟာ ကိုယ့္လူထုရဲ႕ လြတ္လပ္တဲ့ စဥ္းစားဆင္ျခင္မႈကို သည္းမခံႏုိင္ပါဘူး။ ဒါ့အျပင္ တ႐ုတ္ႏုိင္ငံ နယ္နိမိတ္ကိုေက်ာ္ၿပီး ႏုိင္ငံျပင္ပထိ လႊမ္းမိုးဖို႔ ပိုၿပီးႀကိဳးစားလာေနပါတယ္။" လို႔ ထုတ္ျပန္ခ်က္တခုမွာ ဝန္ႀကီး Pompeo ကေျပာထားပါတယ္။
"အေမရိကန္ျပည္ေထာင္စုနဲ႔ လြတ္လပ္တဲ့ တျခားႏုိင္ငံေတြအေနနဲ႔ တ႐ုတ္အာဏာရွင္ဝါဒရဲ႕ ရွည္လ်ားတဲ့လက္တံကေန က်ေနာ္တို႔ လူထုေတြကို ဆက္ၿပီး အကာအကြယ္ေပးသြားပါမယ္" လို႔လည္း ဝန္ႀကီး Pompeo ကေျပာပါတယ္။
အေမရိကန္အပါအဝင္ တ႐ုတ္ႏုိင္ငံျပင္ပမွာ ေနထိုင္ေနတဲ့ ဒီမိုကေရစီေရး လိုလားသူေတြကို ဖမ္းဆီးအေရးယူဖို႔ တ႐ုတ္ကြန္ျမဴနစ္ပါတီက ႀကိဳးစားတဲ့အေပၚ အေမရိကန္အစိုးရက ျပစ္တင္႐ႈတ္ခ်တယ္လို႔ Twitter မွာ ေနာက္ဆက္တြဲ ေရးတင္တဲ့ Tweet တခုမွာ ဝန္ႀကီး Pompeo ကေျပာပါတယ္။
ျပည္ပမွာေနထိုင္ေနတဲ့ ေဟာင္ေကာင္ ဒီမိုကေရစီေရး တက္ႂကြလႈပ္ရွားသူ ၆ ဦးဟာ အသစ္ျပဌာန္းထားတဲ့ ေဟာင္ေကာင္ လံုျခံဳေရးဥပေဒကို ခ်ဳိးေဖာက္တယ္ဆိုတဲ့ သံသယနဲ႔ ေဟာင္ေကာင္ရဲတပ္ဖြဲ႔က ဖမ္းဝရမ္းထုတ္ထားတယ္လုိ႔ တ႐ုတ္အစိုးရပိုင္ သတင္းဌာနက ေသာၾကာေန႔ေႏွာင္းပိုင္းမွာ ေျပာခဲ့ပါတယ္။
သူတို႔ထဲကတဦးျဖစ္သူ ဝါရွင္တန္အေျခစိုက္ ေဟာင္ေကာင္ ဒီမိုကေရစီေကာင္စီရဲ႕ အႀကီးအကဲ Samuel Chu က သူဟာ အေမရိကန္ႏုိင္ငံသားျဖစ္ေနတာ ၂၅ ႏွစ္ရွိၿပီလို႔ Twitter ေပၚမွာ ေရးခဲ့ပါတယ္။
[Unicode Version]
ဟောင်ကောင်တတ်ကြွလှုပ်ရှားသူတွေ အမေရိကန် အကာအကွယ်ပေးမည်
ဟောင်ကောင်ကနေ ထွက်ပြေးလာတဲ့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကို အကာအကွယ်ပေးမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က အင်္ဂါနေ့မှာ အခိုင်အမာပြောလိုက်ပါတယ်။
ဒါ့အပြင် ပြည်ပထွက်ပြေးသွားတဲ့ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းမိန့်ထုတ်ထားတဲ့ တရုတ်အစိုးရကိုလည်း ဝန်ကြီး Pompeo က ပြစ်တင်ရှုတ်ချပါတယ်။
"တရုတ်ကွန်မြူနစ်ပါတီဟာ ကိုယ့်လူထုရဲ့ လွတ်လပ်တဲ့ စဉ်းစားဆင်ခြင်မှုကို သည်းမခံနိုင်ပါဘူး။ ဒါ့အပြင် တရုတ်နိုင်ငံ နယ်နိမိတ်ကိုကျော်ပြီး နိုင်ငံပြင်ပထိ လွှမ်းမိုးဖို့ ပိုပြီးကြိုးစားလာနေပါတယ်။" လို့ ထုတ်ပြန်ချက်တခုမှာ ဝန်ကြီး Pompeo ကပြောထားပါတယ်။
"အမေရိကန်ပြည်ထောင်စုနဲ့ လွတ်လပ်တဲ့ တခြားနိုင်ငံတွေအနေနဲ့ တရုတ်အာဏာရှင်ဝါဒရဲ့ ရှည်လျားတဲ့လက်တံကနေ ကျနော်တို့ လူထုတွေကို ဆက်ပြီး အကာအကွယ်ပေးသွားပါမယ်" လို့လည်း ဝန်ကြီး Pompeo ကပြောပါတယ်။
အမေရိကန်အပါအဝင် တရုတ်နိုင်ငံပြင်ပမှာ နေထိုင်နေတဲ့ ဒီမိုကရေစီရေး လိုလားသူတွေကို ဖမ်းဆီးအရေးယူဖို့ တရုတ်ကွန်မြူနစ်ပါတီက ကြိုးစားတဲ့အပေါ် အမေရိကန်အစိုးရက ပြစ်တင်ရှုတ်ချတယ်လို့ Twitter မှာ နောက်ဆက်တွဲ ရေးတင်တဲ့ Tweet တခုမှာ ဝန်ကြီး Pompeo ကပြောပါတယ်။
ပြည်ပမှာနေထိုင်နေတဲ့ ဟောင်ကောင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၆ ဦးဟာ အသစ်ပြဌာန်းထားတဲ့ ဟောင်ကောင် လုံခြုံရေးဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်ထားတယ်လို့ တရုတ်အစိုးရပိုင် သတင်းဌာနက သောကြာနေ့နှောင်းပိုင်းမှာ ပြောခဲ့ပါတယ်။
သူတို့ထဲကတဦးဖြစ်သူ ဝါရှင်တန်အခြေစိုက် ဟောင်ကောင် ဒီမိုကရေစီကောင်စီရဲ့ အကြီးအကဲ Samuel Chu က သူဟာ အမေရိကန်နိုင်ငံသားဖြစ်နေတာ ၂၅ နှစ်ရှိပြီလို့ Twitter ပေါ်မှာ ရေးခဲ့ပါတယ်။