(Zawgyi / Unicode)
ေဟာင္ေကာင္မွာ အမ်ိဳးသားလံုၿခံဳေရး ဥပေဒသစ္ကို သံုးၿပီး ဒီမိုကေရစီအေရး လႈပ္ရွားမႈေတြကို ဆက္လက္ႏွိမ္နင္းလာရာမွာ အခုေတာ့ အေမရိကန္ႏိုင္ငံသားတဦး အပါအဝင္ လက္ရွိ ႏိုင္ငံျခားမွာ ေနထိုင္ေနတဲ့ တက္ႂကြသူ ၆ ဦးကိုပါ ဖမ္းမိန္႔ထဲ ထည့္လိုက္ပါၿပီ။
အေမရိကန္ႏုိင္ငံသား Samuel Chu က ဒီဥပေဒသစ္ေအာက္မွာ ဖမ္းမိန္႔ဝရမ္း ထုတ္ခံထားရတဲ့ ဒီမိုကေရစီေရးတက္ႂကြသူ ၆ ဦးထဲမွာ သူလည္းပါေပမယ့္ ေဟာင္ေကာင္ဒီမိုကေရစီအေရးအတြက္ တိုက္ပြဲဝင္ေနတာကိုေတာ့ ရပ္ဆိုင္းမွာ မဟုတ္ဘူးလို႔ ဗြီအိုေအကို ေျပာလိုက္ပါတယ္။
တ႐ုတ္ႏုိင္ငံေတာ္ ႐ုပ္ျမင္သံၾကားဌာန အဆိုအရ ေဟာင္ေကာင္ကေန အေမရိကန္ကို ႏွစ္ေပါင္း ၃၀ ၾကာ ေရႊ႕ေျပာင္းေနထိုင္လာခဲ့တဲ့ Chu နဲ႔ ေဟာင္ေကာင္ကေန ႏိုင္ငံေရးေၾကာင့္ ထြက္ေျပးေနတဲ့ အျခား ေဟာင္ေကာင္သား ၅ ဦးတို႔ကို ႏိုင္ငံေတာ္လံုၿခံဳေရးအတြက္ အႏၱရာယ္ရွိတဲ့ ခြဲထြက္ေရး လံႈ႔ေဆာ္မႈ၊ ႏုိင္ငံျခားအင္အားစုေတြနဲ႔ ပူးေပါင္းဖို႔ ႀကံစည္မႈေတြနဲ႔ ရဲက အလိုရွိေနတယ္လို႔ ဆိုထားပါတယ္။
အသက္ ၄၂ ႏွစ္အရြယ္ Chu ဟာ ေဟာင္ေကာင္ဒီမိုကေရစီ ထိခိုက္က်ဆင္းလာရတာအတြက္ အေမရိကန္အစိုးရအေနနဲ႔ တ႐ုတ္အေပၚ အေရးယူေပးဖို႔ စည္း႐ုံးလႈပ္ရွားေနတဲ့ ဝါရွင္တန္အေျခစိုက္ ေဟာင္ေကာင္ဒီမိုကေရစီေကာင္စီအဖြဲ႔ ထူေထာင္သူနဲ႔ စီမံခန္႔ခြဲေရး ညႊန္ၾကားေရးမွဴး ျဖစ္ပါတယ္။
ေဟာင္ေကာင္အစိုးရနဲ႔ ရဲတပ္ဖြဲ႔အေနနဲ႔ကေတာ့ ဒီသတင္းကို အတည္ျပဳမေပးေသးပါဘူး။
ေဟာင္ေကာင္ ထိပ္ဆံုးေခါင္းေဆာင္ Carrie Lam ကေတာ့ ဒီ အမ်ိဳးသားလံုၿခံဳေရးဥပေဒသစ္ က်င့္သံုးရတဲ့ အၾကာင္းက ေျပာရတာ မလြယ္ေပမယ့္ ေဟာင္ေကာင္ကို ဆန္႔က်င္ၿပီး တ႐ုတ္အစိုးရကို ဆန္႔က်င္တဲ့နည္းနဲ႔ေတာ့ ေျဖရွင္းလို႔ မရဘူးလို႔ စေနေန႔က ဆိုပါတယ္။
-------------------------------
(Unicode)
ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်တယ်လို့ အမေရိကန်နိုင်ငံသား စွပ်စွဲခံရ
ဟောင်ကောင်မှာ အမျိုးသားလုံခြုံရေး ဥပဒေသစ်ကို သုံးပြီး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေကို ဆက်လက်နှိမ်နင်းလာရာမှာ အခုတော့ အမေရိကန်နိုင်ငံသားတဦး အပါအဝင် လက်ရှိ နိုင်ငံခြားမှာ နေထိုင်နေတဲ့ တက်ကြွသူ ၆ ဦးကိုပါ ဖမ်းမိန့်ထဲ ထည့်လိုက်ပါပြီ။
အမေရိကန်နိုင်ငံသား Samuel Chu က ဒီဥပဒေသစ်အောက်မှာ ဖမ်းမိန့်ဝရမ်း ထုတ်ခံထားရတဲ့ ဒီမိုကရေစီရေးတက်ကြွသူ ၆ ဦးထဲမှာ သူလည်းပါပေမယ့် ဟောင်ကောင်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေတာကိုတော့ ရပ်ဆိုင်းမှာ မဟုတ်ဘူးလို့ ဗွီအိုအေကို ပြောလိုက်ပါတယ်။
တရုတ်နိုင်ငံတော် ရုပ်မြင်သံကြားဌာန အဆိုအရ ဟောင်ကောင်ကနေ အမေရိကန်ကို နှစ်ပေါင်း ၃၀ ကြာ ရွှေ့ပြောင်းနေထိုင်လာခဲ့တဲ့ Chu နဲ့ ဟောင်ကောင်ကနေ နိုင်ငံရေးကြောင့် ထွက်ပြေးနေတဲ့ အခြား ဟောင်ကောင်သား ၅ ဦးတို့ကို နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ ခွဲထွက်ရေး လှုံ့ဆော်မှု၊ နိုင်ငံခြားအင်အားစုတွေနဲ့ ပူးပေါင်းဖို့ ကြံစည်မှုတွေနဲ့ ရဲက အလိုရှိနေတယ်လို့ ဆိုထားပါတယ်။
အသက် ၄၂ နှစ်အရွယ် Chu ဟာ ဟောင်ကောင်ဒီမိုကရေစီ ထိခိုက်ကျဆင်းလာရတာအတွက် အမေရိကန်အစိုးရအနေနဲ့ တရုတ်အပေါ် အရေးယူပေးဖို့ စည်းရုံးလှုပ်ရှားနေတဲ့ ဝါရှင်တန်အခြေစိုက် ဟောင်ကောင်ဒီမိုကရေစီကောင်စီအဖွဲ့ ထူထောင်သူနဲ့ စီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး ဖြစ်ပါတယ်။
ဟောင်ကောင်အစိုးရနဲ့ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ဒီသတင်းကို အတည်ပြုမပေးသေးပါဘူး။
ဟောင်ကောင် ထိပ်ဆုံးခေါင်းဆောင် Carrie Lam ကတော့ ဒီ အမျိုးသားလုံခြုံရေးဥပဒေသစ် ကျင့်သုံးရတဲ့ အကြာင်းက ပြောရတာ မလွယ်ပေမယ့် ဟောင်ကောင်ကို ဆန့်ကျင်ပြီး တရုတ်အစိုးရကို ဆန့်ကျင်တဲ့နည်းနဲ့တော့ ဖြေရှင်းလို့ မရဘူးလို့ စနေနေ့က ဆိုပါတယ်။