(Zawgyi / Unicode)
ေဟာင္ေကာင္လႊတ္ေတာ္ ေရြးေကာက္ပြဲေတြ က်င္းပေပးဖုိ႔ ေဟာင္ေကာင္အစိုးရက ေရႊ႕ဆိုင္းလိုက္တာကို ဆန္႔က်င္ ဆႏၵျပခဲ့ၾကတဲ့ ေဒသခံေတြထဲက အနည္းဆုံး လူ ၂၉၀ ကို တနဂၤေႏြေန႔မွာ ဖမ္းဆီးလိုက္တယ္လို႔ ေဟာင္ေကာင္ရဲက ေျပာပါတယ္။
ဖမ္းဆီးထားသူေတြထဲမွာ ၂၈၉ ဦးကုိ တရားမဝင္ လူစုေဝးမႈနဲ႔ ဖမ္းဆီးတာျဖစ္ၿပီး က်န္တဲ့ အမ်ဳိးသမီး ၁ ဦးကိုေတာ့ လြတ္လပ္ေရးေတာင္းဆိုတဲ့ ေႂကြးေၾကာ္သံေတြနဲ႔ ဆန္႔က်င္ေစာ္ကားတဲ့အတြက္ ဖမ္းဆီးခဲ့တာလို႔ ရဲက အေၾကာင္းျပခ်က္ ေပးပါတယ္။ သူမရဲ႕လုပ္ရပ္ဟာ အမ်ဳိးသားလံုၿခံဳေရးဆုိင္ရာ ဥပေဒသစ္အရ ၿငိစြန္းတာေၾကာင့္လို႔လည္း ေျပာပါတယ္။
ေဟာင္ေကာင္လႊတ္ေတာ္ ေရြးေကာက္ပြဲကို စက္တင္ဘာ ၆ ရက္ မေန႔တုန္းက က်င္းပဖို႔ ရွိခဲ့ေပမယ့္ တႏွစ္ၾကာ ရပ္ဆုိင္းေၾကာင္း ၿပီးခဲ့တဲ့ ဇူလိုင္လကုန္မွာ ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴး Carrie Lam က ေၾကညာခဲ့ပါတယ္။
ကိုဗစ္ ျပန္႔ပြားကူးစက္လာေနတဲ့ အေျခအေနေၾကာင့္ ေရႊ႕ဆုိင္းရတာလို႔ Carrie Lam ဘက္က ေျပာေနေပမယ့္ ေဟာင္ေကာင္ဥပေဒျပဳေကာင္စီမွာ အတိုက္အခံ ဒီမိုကေရစီ အင္အားစုဘက္က မဲအမ်ားစု အႏိုင္ရေျခရွိတာကို စိုးရိမ္တာေၾကာင့္ အခုလိုလုပ္တာဆိုတဲ့ ေဝဖန္မႈေတြလည္း ထြက္ေပၚေနပါတယ္။
ဒီေရြးေကာက္ပဲြဟာ တ႐ုတ္အစိုးရက ေဟာင္ေကာင္အတိုက္အခံေတြကို ဖယ္ရွားဖို႔ ရည္ရြယ္ထားတဲ့ အမ်ဳိးသားလံုၿခံဳေရးဥပေဒကို ဇြန္လေႏွာင္းပိုင္း ျပ႒ာန္းခဲ့ၿပီးေနာက္ ပထမဆံုးလုပ္မယ့္ ေရြးေကာက္ပဲြလည္း ျဖစ္ပါတယ္။
---------------------------
(Unicode)
တနင်္ဂနွေ ဟောင်ကောင်ဆန္ဒပြပွဲ လူ ၃၀၀ နီးပါး ဖမ်းဆီးခံရ
ဟောင်ကောင်လွှတ်တော် ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဟောင်ကောင်အစိုးရက ရွှေ့ဆိုင်းလိုက်တာကို ဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ဒေသခံတွေထဲက အနည်းဆုံး လူ ၂၉၀ ကို တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင်ရဲက ပြောပါတယ်။
ဖမ်းဆီးထားသူတွေထဲမှာ ၂၈၉ ဦးကို တရားမဝင် လူစုဝေးမှုနဲ့ ဖမ်းဆီးတာဖြစ်ပြီး ကျန်တဲ့ အမျိုးသမီး ၁ ဦးကိုတော့ လွတ်လပ်ရေးတောင်းဆိုတဲ့ ကြွေးကြော်သံတွေနဲ့ ဆန့်ကျင်စော်ကားတဲ့အတွက် ဖမ်းဆီးခဲ့တာလို့ ရဲက အကြောင်းပြချက် ပေးပါတယ်။ သူမရဲ့လုပ်ရပ်ဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ ဥပဒေသစ်အရ ငြိစွန်းတာကြောင့်လို့လည်း ပြောပါတယ်။
ဟောင်ကောင်လွှတ်တော် ရွေးကောက်ပွဲကို စက်တင်ဘာ ၆ ရက် မနေ့တုန်းက ကျင်းပဖို့ ရှိခဲ့ပေမယ့် တနှစ်ကြာ ရပ်ဆိုင်းကြောင်း ပြီးခဲ့တဲ့ ဇူလိုင်လကုန်မှာ ဟောင်ကောင်အုပ်ချုပ်ရေးမှူး Carrie Lam က ကြေညာခဲ့ပါတယ်။
ကိုဗစ် ပြန့်ပွားကူးစက်လာနေတဲ့ အခြေအနေကြောင့် ရွှေ့ဆိုင်းရတာလို့ Carrie Lam ဘက်က ပြောနေပေမယ့် ဟောင်ကောင်ဥပဒေပြုကောင်စီမှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုဘက်က မဲအများစု အနိုင်ရခြေရှိတာကို စိုးရိမ်တာကြောင့် အခုလိုလုပ်တာဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီရွေးကောက်ပွဲဟာ တရုတ်အစိုးရက ဟောင်ကောင်အတိုက်အခံတွေကို ဖယ်ရှားဖို့ ရည်ရွယ်ထားတဲ့ အမျိုးသားလုံခြုံရေးဥပဒေကို ဇွန်လနှောင်းပိုင်း ပြဋ္ဌာန်းခဲ့ပြီးနောက် ပထမဆုံးလုပ်မယ့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။