သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟာင္ေကာင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ အရာရွိတခ်ဳိ႕ကုိ ကန္ ဒဏ္ခတ္ အေရးယူ


ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam

(Zawgyi/Unicode)

တ႐ုတ္အစိုးရကို လိုလားတဲ့ ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမွဴး Carrie Lam နဲ႔တာဝန္ရွိသူတစ္ခ်ိဳ႕ကို အေမရိကန္ ျပည္ေထာင္စုက အေရးယူ ဒဏ္ခတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ပါတယ္။ ျဗတိသၽွကိုလိုနီေဟာင္း ေဟာင္ေကာင္ရဲ့ လြတ္လပ္ခြင့္ေတြကို ပိတ္ပင္မႈဆိုတဲ့ စြပ္စြဲခ်က္ေတြ နဲ႔ အေမရိကန္က သူတို႔ကို အေရးယူဒဏ္ခတ္ လိုက္တာပါ။

အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႈး Carrie Lam နဲ႔အတူ အစိုးရ ေခါင္းေဆာင္တစ္ခ်ိဳ႕ကို အေရးယူဒဏ္ခတ္ ပိတ္ဆို႔မႈေၾကာင္း ေသာၾကာေန႔က ေၾကညာလိုက္တာပါ။ ကိုရိုနာဗိုင္းရပ္စ္ျပႆနာနဲ႔ ကုန္သြယ္ေရး အျငင္းပြါးမႈေတြေၾကာင့္ တ႐ုတ္နိုင္ငံနဲ႔ တင္းမာမႈေတြရွိေနတဲ့ၾကားက အေမရိကန္တို႔က အခုလို ထပ္ၿပီး ေၾကညာလိုက္တာလည္း ျဖစ္ပါတယ္။

ဒီေၾကညာခ်က္အေပၚမွာ တ႐ုတ္နိုင္ငံနဲ႔ ေဟာင္ေကာင္က တုံ႔ျပန္ေျပာဆိုတာ မရွိေသး ပါဘူး။

အုပ္ခ်ဳပ္ေရးမႉး Lam ဟာ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္တာ မ်ားလာတာေၾကာင့္ ဆိုၿပီး စက္တင္ဘာလမွာ က်င္းပဖို႔ ရွိတဲ့ ဥပေဒျပဳ ေရြးေကာက္ပြဲ ကို တစ္ႏွစ္ ေရႊ႕ဆိုင္းတယ္လို႔ မၾကာခင္ကပဲ ေၾကညာ ထားခဲ့တာပါ။ ဒီေရြးေကာက္ပြဲကို ဒီမိုကေရစီ လိုလားသူကိုယ္စားလွယ္ေလာင္းေတြအမ်ားစု အနိုင္ရမယ္လို႔ ခန္႔မွန္းထားတာ ျဖစ္လို႔ ေရြးေကာက္ပြဲ ေရႊ႕ဆိုင္းတာကို အေမရိကန္နိုင္ငံက ရႈတ္ခ်ခဲ့ပါတယ္။

အုပ္ခ်ဳပ္ေရးမႉး Lam အျပင္ ေဟာင္ေကာင္ရဲ့ လက္ရွိနဲ႔ အရင္က ရဲတပ္ဖြဲ႕ အႀကီးအကဲေတြနဲ႔ တျခား တာဝန္ရွိသူ ၈ ဦးလည္း ေဟာင္ေကာင္ရဲ့ လြတ္လပ္ခြင့္ေတြကို အားနည္းေအာင္ လုပ္တာေၾကာင့္ ဒဏ္ခတ္အေရးယူခံရတဲ့အထဲ ပါဝင္ပါတယ္။ ဒဏ္ခတ္မႈေတြအရ အေမရိကန္မွာ ရွိတဲ့ ေဟာင္ေကာင္ တာဝန္ရွိသူေတြရဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္တာေတြနဲ႔ အေမရိကန္ေတြ သူတို႔နဲ႔ စီးပြားလုပ္ခြင့္မျပဳတဲ့အခ်က္ေတြ ပါဝင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ အရာရှိတချို့ကို ကန် ဒဏ်ခတ် အရေးယူ

(Unicode)

တရုတ်အစိုးရကို လိုလားတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam နဲ့တာဝန်ရှိသူတစ်ချို့ကို အမေရိကန် ပြည်ထောင်စုက အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ ဗြတိသျှကိုလိုနီဟောင်း ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို ပိတ်ပင်မှုဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ အမေရိကန်က သူတို့ကို အရေးယူဒဏ်ခတ် လိုက်တာပါ။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဟောင်ကောင် အုပ်ချုပ်ရေးမှုး Carrie Lam နဲ့အတူ အစိုးရ ခေါင်းဆောင်တစ်ချို့ကို အရေးယူဒဏ်ခတ် ပိတ်ဆို့မှုကြောင်း သောကြာနေ့က ကြေညာလိုက်တာပါ။ ကိုရိုနာဗိုင်းရပ်စ်ပြဿနာနဲ့ ကုန်သွယ်ရေး အငြင်းပွါးမှုတွေကြောင့် တရုတ်နိုင်ငံနဲ့ တင်းမာမှုတွေရှိနေတဲ့ကြားက အမေရိကန်တို့က အခုလို ထပ်ပြီး ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

ဒီကြေညာချက်အပေါ်မှာ တရုတ်နိုင်ငံနဲ့ ဟောင်ကောင်က တုံ့ပြန်ပြောဆိုတာ မရှိသေး ပါဘူး။

အုပ်ချုပ်ရေးမှူး Lam ဟာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်တာ များလာတာကြောင့် ဆိုပြီး စက်တင်ဘာလမှာ ကျင်းပဖို့ ရှိတဲ့ ဥပဒေပြု ရွေးကောက်ပွဲ ကို တစ်နှစ် ရွှေ့ဆိုင်းတယ်လို့ မကြာခင်ကပဲ ကြေညာ ထားခဲ့တာပါ။ ဒီရွေးကောက်ပွဲကို ဒီမိုကရေစီ လိုလားသူကိုယ်စားလှယ်လောင်းတွေအများစု အနိုင်ရမယ်လို့ ခန့်မှန်းထားတာ ဖြစ်လို့ ရွေးကောက်ပွဲ ရွှေ့ဆိုင်းတာကို အမေရိကန်နိုင်ငံက ရှုတ်ချခဲ့ပါတယ်။

အုပ်ချုပ်ရေးမှူး Lam အပြင် ဟောင်ကောင်ရဲ့ လက်ရှိနဲ့ အရင်က ရဲတပ်ဖွဲ့ အကြီးအကဲတွေနဲ့ တခြား တာဝန်ရှိသူ ၈ ဦးလည်း ဟောင်ကောင်ရဲ့ လွတ်လပ်ခွင့်တွေကို အားနည်းအောင် လုပ်တာကြောင့် ဒဏ်ခတ်အရေးယူခံရတဲ့အထဲ ပါဝင်ပါတယ်။ ဒဏ်ခတ်မှုတွေအရ အမေရိကန်မှာ ရှိတဲ့ ဟောင်ကောင် တာဝန်ရှိသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တာတွေနဲ့ အမေရိကန်တွေ သူတို့နဲ့ စီးပွားလုပ်ခွင့်မပြုတဲ့အချက်တွေ ပါဝင်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG