[Zawgyi/Unicode]
ေဟာင္ေကာင္မွာ ဒီမိုကေရစီေရးလႈပ္႐ွားမႈေတြကို အခိုင္အမာေထာက္ခံအားေပးတဲ့ Apple Daily သတင္းစာထုတ္လုပ္သူ Jimmy Lai အဖမ္းခံရၿပီး ေနာက္တေန႔မွာေတာ့ သူ႔သတင္းစာေတြ နာရီပိုင္းအတြင္း ေရာင္းကုန္သြားပါတယ္။ေဟာင္ေကာင္လုံၿခဳံေရးဥပေဒခ်ိဳးေဖာက္မႈ စြဲခ်က္နဲ႔ Jimmy Lai အဖမ္းခံရတာပါ။
အမ်ားဆုံး ၄ ႀကိမ္ရိုက္ႏွိပ္ထုတ္ေနက် ပုံစီအတုိင္း ေစာင္ေရ ၅၀၀,၀၀၀ ပုံႏွိပ္ထုတ္ေ၀ခဲ့တဲ့ သတင္းစာေရွ ႔ဆုံးစာမ်က္ႏွာရဲ ႔ ေခါင္းစီးစာတန္းမွာေတာ့ Apple Daily က ဆက္ၿပီးတုိက္ပြဲ၀င္သြားမယ္ဆိုၿပီး ေဖာ္ျပထားပါတယ္။
Apple Daily သတင္းစာေတြ ေစာင္ေရအမ်ားအျပားပုံႏွိပ္ခဲ့ေပမယ့္ လမ္းေဘး ဆုိင္အေတာ္မ်ားမ်ားမွာလည္း နာရီပိုင္းအတြင္းသတင္းစာေတြ ျပတ္သြားခ့ဲတာပါ။ Apple Daily သတင္းစာရဲ ႔႔ မိခင္ကုမၸဏီျဖစ္တဲ့ Next Digital သတင္းစာတုိ္က္ပိုင္ရွင္ Jimmy Lai အဖမ္းခံရတာကို အံတုတဲ့အေနနဲ႔ အဲဒီလိုေခါင္းစီးစာတန္းေဖာ္ျပခဲ့တာလည္းျဖစ္ပါတယ္။
ႏုိင္ငံျခားအစိုးရနဲ႔ ပူးေပါင္းႀကံစည္မႈ သံသယနဲ႔ အသက္ ၇၂ ႏွစ္အရြယ္ Lai ကို သူ႔အိမ္မွာ တနဂၤေႏြေန႔က လာၿပီးဖမ္းဆီးသြားတာလို႔ သတင္းစာကေဖာ္ျပပါတယ္။ အဖမ္းခံရသူ ၇ ဦးထဲမွာ Lai ရဲ ႔ သား ႏွစ္ ေယာက္ နဲ႔ Next Digital ကုမၸဏီ အဆင့္ျမင့္တာ၀န္ရွိသူ တခ်ိဳ႕လည္းပါပါတယ္။ Lai အဖမ္းခံရၿပီး နာရီပိုင္းအၾကာမွာေတာ့ လုံၿခဳံေရးတပ္သား ၂၀၀ ေက်ာ္က Next Digital ကုမၸဏီထဲကို ၀င္ေရာက္ၿပီး စီးနင္းရွာေဖြခဲ့ၾကပါတယ္။
တနလၤာေန႔ေနွာင္းပိုင္းမွာေတာ့ ဒီမိုကေရစီေရး တက္ၾကြလႈပ္ရွားသူ Joshua Wong တည္ေထာင္ခဲ့တဲ့ Demosisto ပါတီေခါင္းေဆာင္ေဟာင္း၊ အသက္ ၂၃ ႏွစ္အရြယ္ Agnes Chow အပါအ၀င္ လူ သံုး ဦးအဖမ္းခံခဲ့ရပါတယ္။ ဇူလိုင္လမွာ ေဟာင္ေကာင္လုံၿခဳံေရးဥပေဒအတည္ျပဳၿပီးေနာက္ Demosisto ပါတီကို ဖ်က္သိမ္းခဲ့တာျဖစ္ပါတယ္။ ေဟာင္ေကာင္လုံၿခဳံေရး ဥပေဒခ်ိဳးေဖာက္မႈ စြပ္စြဲခ်က္နဲ႔ အဖမ္းခံရသူေတြထဲမွာ Jimmy Lai ကေတာ့ အထင္ရွားဆုံး လူတေယာက္လည္းျဖစ္ပါတယ္။
[Unicode Version]
ဟောင်ကောင် Apple Daily သတင်းစာ နာရီပိုင်းအတွင်း ရောင်းကုန်
ဟောင်ကောင်မှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အခိုင်အမာထောက်ခံအားပေးတဲ့ Apple Daily သတင်းစာထုတ်လုပ်သူ Jimmy Lai အဖမ်းခံရပြီး နောက်တနေ့မှာတော့ သူ့သတင်းစာတွေ နာရီပိုင်းအတွင်း ရောင်းကုန်သွားပါတယ်။ဟောင်ကောင်လုံခြုံရေးဥပဒေချိုးဖောက်မှု စွဲချက်နဲ့ Jimmy Lai အဖမ်းခံရတာပါ။
အများဆုံး ၄ ကြိမ်ရိုက်နှိပ်ထုတ်နေကျ ပုံစီအတိုင်း စောင်ရေ ၅၀၀,၀၀၀ ပုံနှိပ်ထုတ်ဝေခဲ့တဲ့ သတင်းစာရှေ့ဆုံးစာမျက်နှာရဲ့ ခေါင်းစီးစာတန်းမှာတော့ Apple Daily က ဆက်ပြီးတိုက်ပွဲဝင်သွားမယ်ဆိုပြီး ဖော်ပြထားပါတယ်။
Apple Daily သတင်းစာတွေ စောင်ရေအများအပြားပုံနှိပ်ခဲ့ပေမယ့် လမ်းဘေး ဆိုင်အတော်များများမှာလည်း နာရီပိုင်းအတွင်းသတင်းစာတွေ ပြတ်သွားခဲ့တာပါ။ Apple Daily သတင်းစာရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Next Digital သတင်းစာတိုက်ပိုင်ရှင် Jimmy Lai အဖမ်းခံရတာကို အံတုတဲ့အနေနဲ့ အဲဒီလိုခေါင်းစီးစာတန်းဖော်ပြခဲ့တာလည်းဖြစ်ပါတယ်။
နိုင်ငံခြားအစိုးရနဲ့ ပူးပေါင်းကြံစည်မှု သံသယနဲ့ အသက် ၇၂ နှစ်အရွယ် Lai ကို သူ့အိမ်မှာ တနင်္ဂနွေနေ့က လာပြီးဖမ်းဆီးသွားတာလို့ သတင်းစာကဖော်ပြပါတယ်။ အဖမ်းခံရသူ ၇ ဦးထဲမှာ Lai ရဲ့ သား နှစ် ယောက် နဲ့ Next Digital ကုမ္ပဏီ အဆင့်မြင့်တာဝန်ရှိသူ တချို့လည်းပါပါတယ်။ Lai အဖမ်းခံရပြီး နာရီပိုင်းအကြာမှာတော့ လုံခြုံရေးတပ်သား ၂၀၀ ကျော်က Next Digital ကုမ္ပဏီထဲကို ဝင်ရောက်ပြီး စီးနင်းရှာဖွေခဲ့ကြပါတယ်။
တနင်္လာနေ့နှောင်းပိုင်းမှာတော့ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ Joshua Wong တည်ထောင်ခဲ့တဲ့ Demosisto ပါတီခေါင်းဆောင်ဟောင်း၊ အသက် ၂၃ နှစ်အရွယ် Agnes Chow အပါအဝင် လူ သုံး ဦးအဖမ်းခံခဲ့ရပါတယ်။ ဇူလိုင်လမှာ ဟောင်ကောင်လုံခြုံရေးဥပဒေအတည်ပြုပြီးနောက် Demosisto ပါတီကို ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။ ဟောင်ကောင်လုံခြုံရေး ဥပဒေချိုးဖောက်မှု စွပ်စွဲချက်နဲ့ အဖမ်းခံရသူတွေထဲမှာ Jimmy Lai ကတော့ အထင်ရှားဆုံး လူတယောက်လည်းဖြစ်ပါတယ်။