(Zawgyi/Unicode)
ေအာက္တိုဘာလ ၁ ရက္ေန႔မွာ က်ေရာက္မယ့္ တ႐ုတ္နိုင္ငံအမ်ိဳးသားေန႔ မွာ ေဟာင္ေကာင္ ဒီမိုကေရစီအေရးလႈပ္ရွားသူေတြ ခ်ီတက္ဆႏၵ ျပပြဲျပဳလုပ္ဖို႔ ခြင့္ျပဳခ်က္ေလၽွာက္ထားတာကို ေဟာင္ေကာင္အာဏာပိုင္ေတြက တနလၤာေန႔က ပယ္ခ်လိုက္ပါတယ္။
တ႐ုတ္နိုင္ငံထူေထာင္တဲ့ အထိမ္းအမွတ္ ေအာက္တိုဘာ ၁ ရက္ေန႔မွာ က်ေရာက္တဲ့ အမ်ိဳးသားေန႔ကို တ႐ုတ္ျပည္မႀကီးမွာ ခမ္းခမ္းနားနား က်င္းပေလ့ရွိေပမဲ့ တစိတ္တပိုင္း ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္မွာေတာ့ ျပည္မႀကီးက ထိန္းခ်ဳပ္မႈေတြ ပိုတိုးလုပ္လာတာကို မေက် နပ္ေၾကာင္း ျပသတဲ့ ဆႏၵျပပြဲေတြအျဖစ္ က်င္းပၾကေလ့ရွိပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြ ၇ လေက်ာ္ ဆက္တိုက္ ျဖစ္ေနတုန္း တ႐ုတ္နိုင္ငံတည္ေထာင္တဲ့ အႏွစ္ ၇၀ ျပည့္ အထိမ္းအမွတ္ေန႔ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႕နဲ႔ ဆႏၵျပသူ ေတြ အၾကား ဆိုးဆိုးရြားရြား အဓိက႐ုဏ္း ျဖစ္ပြါးခဲ့ပါတယ္။
အခု လူထုဆႏၵျပပြဲကို က်န္းမာေရး၊ အမ်ားျပည္သူ လုံျခဳံေရးနဲ႔ ျပည္သူေတြရဲ့ လြတ္လပ္ခြင့္နဲ႔ အခြင့္အေရးကိုကာကြယ္တဲ့ အေနနဲ႔ ရဲတပ္ဖြဲ႕က ပယ္ခ်ရတာျဖစ္တယ္လို႔ ရဲမႈး Cheung Chi-wai က ေျပာပါတယ္။
အခု ဆႏၵ ျပပြဲျပဳလုပ္ဖို႔ကို မႏွစ္တုန္းက ဆႏၵျပသူေတြ စံခ်ိန္တင္ လာေရာက္နိုင္ေအာင္ စီစဥ္ခဲ့တဲ့ ျပည္သူ႔ လူ႔အခြင့္အေရး တပ္ဦး Civil Human Rights Front (CHRF) က ခြင့္ျပဳခ်က္ေတာင္းခံထားတာ ျဖစ္ၿပီး တ႐ုတ္ျပည္မႀကီးမွာ အဖမ္းခံေနရတဲ့ ေဟာင္ေကာင္သား ၁၂ ဦးကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုမွာ ျဖစ္ပါတယ္။
ေဟာင္ေကာင္မွာ အမ်ိဳးသား လုံျခဳံေရး ဥပေဒ ျပဌာန္းအၿပီး အဖမ္းခံရမွာကို စိုးရိမ္တဲ့ အဲဒီ လူ ၁၂ ဦးက ေဟာင္ေကာင္ကေန ထိုင္ဝမ္ကို ေလွနဲ႔ ထြက္ေျပးတဲ့ အခ်ိန္မွာ တ႐ုတ္ကမ္းေျခေစာင့္တပ္ဖြဲ႕က ၾကားျဖတ္ဖမ္းဆီးခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက တ႐ုတ္နိုင္ငံရဲ့ ျမင္သာမႈမရွိတဲ့ တရားစီရင္ေရးေအာက္ ေပ်ာက္ဆုံးေနခဲ့တာျဖစ္ပါတယ္။ ဒီႏွစ္ တ႐ုတ္နိုင္ငံအမ်ိဳးသားေန႔မွာ ေဟာင္ေကာင္မွာ အနည္းဆုံး တပ္ဖြဲ႕ဝင္ ၃၀၀၀ ေလာက္ ခ်ထားမယ္လို႔ ရဲတပ္ဖြဲ႕ သတင္းရင္းျမစ္တခုက AFP သတင္းကို ေျပာ ပါတယ္ ။
...........
တရုတ်အမျိုးသားနေ့ ဆန့်ကျင်မယ့် ဟောင်ကောင် ချီတက်ဆန္ဒပြပွဲ ပိတ်ပင်ခံရ
(Unicode)
အောက်တိုဘာလ ၁ ရက်နေ့မှာ ကျရောက်မယ့် တရုတ်နိုင်ငံအမျိုးသားနေ့ မှာ ဟောင်ကောင် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ ချီတက်ဆန္ဒ ပြပွဲပြုလုပ်ဖို့ ခွင့်ပြုချက်လျှောက်ထားတာကို ဟောင်ကောင်အာဏာပိုင်တွေက တနင်္လာနေ့က ပယ်ချလိုက်ပါတယ်။
တရုတ်နိုင်ငံထူထောင်တဲ့ အထိမ်းအမှတ် အောက်တိုဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ အမျိုးသားနေ့ကို တရုတ်ပြည်မကြီးမှာ ခမ်းခမ်းနားနား ကျင်းပလေ့ရှိပေမဲ့ တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်မှာတော့ ပြည်မကြီးက ထိန်းချုပ်မှုတွေ ပိုတိုးလုပ်လာတာကို မကျေ နပ်ကြောင်း ပြသတဲ့ ဆန္ဒပြပွဲတွေအဖြစ် ကျင်းပကြလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ၇ လကျော် ဆက်တိုက် ဖြစ်နေတုန်း တရုတ်နိုင်ငံတည်ထောင်တဲ့ အနှစ် ၇၀ ပြည့် အထိမ်းအမှတ်နေ့ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူ တွေ အကြား ဆိုးဆိုးရွားရွား အဓိကရုဏ်း ဖြစ်ပွါးခဲ့ပါတယ်။
အခု လူထုဆန္ဒပြပွဲကို ကျန်းမာရေး၊ အများပြည်သူ လုံခြုံရေးနဲ့ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးကိုကာကွယ်တဲ့ အနေနဲ့ ရဲတပ်ဖွဲ့က ပယ်ချရတာဖြစ်တယ်လို့ ရဲမှုး Cheung Chi-wai က ပြောပါတယ်။
အခု ဆန္ဒ ပြပွဲပြုလုပ်ဖို့ကို မနှစ်တုန်းက ဆန္ဒပြသူတွေ စံချိန်တင် လာရောက်နိုင်အောင် စီစဉ်ခဲ့တဲ့ ပြည်သူ့ လူ့အခွင့်အရေး တပ်ဦး Civil Human Rights Front (CHRF) က ခွင့်ပြုချက်တောင်းခံထားတာ ဖြစ်ပြီး တရုတ်ပြည်မကြီးမှာ အဖမ်းခံနေရတဲ့ ဟောင်ကောင်သား ၁၂ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှာ ဖြစ်ပါတယ်။
ဟောင်ကောင်မှာ အမျိုးသား လုံခြုံရေး ဥပဒေ ပြဌာန်းအပြီး အဖမ်းခံရမှာကို စိုးရိမ်တဲ့ အဲဒီ လူ ၁၂ ဦးက ဟောင်ကောင်ကနေ ထိုင်ဝမ်ကို လှေနဲ့ ထွက်ပြေးတဲ့ အချိန်မှာ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ကြားဖြတ်ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက တရုတ်နိုင်ငံရဲ့ မြင်သာမှုမရှိတဲ့ တရားစီရင်ရေးအောက် ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။ ဒီနှစ် တရုတ်နိုင်ငံအမျိုးသားနေ့မှာ ဟောင်ကောင်မှာ အနည်းဆုံး တပ်ဖွဲ့ဝင် ၃၀၀၀ လောက် ချထားမယ်လို့ ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တခုက AFP သတင်းကို ပြော ပါတယ် ။