သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump တုိ႔ ဇနီးေမာင္ႏွံ ကုိဗစ္ကူးခံရတဲ့အေပၚ ကမၻာ့ေခါင္းေဆာင္ေတြရဲ႕ တုန္႔ျပန္မႈမ်ား


သမၼတကေတာ္ Melania Trump ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္

(Zawgyi/Unicode)

အေမရိကန္သမၼတေဒၚနယ္ထရမ့္က သူ နဲ႔ သမၼတကေတာ္ Melania Trump တို႔မွာ COVID-19 အကူးစက္ခံေနရတယ္လို႔ ေၾကညာခဲ့ၿပီးတဲ့ေနာက္ သမၼတထရမ့္မိသားစု အတြက္ ကမာၻ႔ေခါင္းေဆာင္ေတြနဲ႔ ထင္ရွားတဲ့ပုဂၢိဳလ္ေတြက ဆုမြန္ေကာင္းေတြ ေတာင္းေပးေနၾကပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Dr. Tedros Adhanom Ghebreyesus က ေသာၾကာေန႔ အေစာပိုင္းမွာပဲ သမၼတထရမ့္နဲ႔ သမၼတကေတာ္တုိ႔ ျမန္ျမန္ဆန္ဆန္နဲ႔ လံုးဝ ျပန္က်န္းမာလာဖို႔ ဆုေတာင္းေၾကာင္း တြစ္တာမွာ ေရးသားခဲ့ပါတယ္။

ဒီေရာဂါကို ကမာၻ႔ကပ္ေရာဂါ အျဖစ္ WHO က မတ္လထဲမွာ ေၾကညာခဲ့တာ ျဖစ္ၿပီး အခုခ်ိန္ိ ဒီေရာဂါ အကူးစက္ခံရသူက ကမာၻတလႊား ၃၄ သန္း ရွိေနၿပီး ေသဆံုးရသူက တသန္းေက်ာ္ ေနပါၿပီ။ ဒီအထဲမွာ အေမရိကန္ႏုိင္ငံက အဆိုးဝါးဆံုး ခံစားခဲ့ရၿပီး အကူးစက္ခံရသူ ၇ သန္းေက်ာ္နဲ႔ ေသဆံုးရသူ ၂ သိန္းေက်ာ္ရွိေနတာပါ။

သမၼတထရမ့္အတြက္ ပထမဆံုး ဆုေတာင္းေပးသူကေတာ့ သူ႔နဲ႔ အရင္းနွီးဆံုးသူ တဦးျဖစ္တဲ့ အိႏၵိယဝန္ႀကီးခ်ဳပ္ Narendra Modi ျဖစ္ပါတယ္။

ရုရွားသမၼတ Vladimir Putin ကလည္း သမၼတထရမ့္ရဲ ႔ ယံုၾကည္မႈ အျပည့္နဲ႔ ႀကံ႕ခိုင္တဲ့စိတ္ဓါတ္ဟာ အႏၱရာယ္ႀကီးတဲ့ ဒီဗိုင္းရပ္စ္ကို ေအာင္ႏုိင္ဖုိ႔ အေထာက္အကူရႏိုင္မယ္ ဆိုတာ ေသခ်ာေၾကာင္း ေျပာၾကားၿပီး က်န္းမာေစဖုိ႔ ဆုမြန္ေကာင္း ေတာင္းေပးခဲ့ပါတယ္။

ဂ်ာမဏီဝန္ႀကီးခ်ဳပ္ Angela Merkel ကေတာ့ သမၼတနဲ႔ သမၼတကေတာ္တို႔ အျမန္ျပန္နလံထူလာေစဖုိ႔ဆုေတာင္းေပး ေနေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ကိုယ္တိုင္ ဒီေရာဂါအကူးစက္ခံခဲ့ရတဲ့ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Boris Johnson ကလည္း သမၼတထရမ့္နဲ႔ သမၼတကေတာ္တုိ႔ အျမန္က်န္းမာေစဖို႔ တြစ္တာကေန ဆုေတာင္းေပးခဲ့တာပါ။

အစၥေရး၊ ဘာရိန္းနဲ႔ UAE အာရပ္ေစာ္ဘြားမ်ားသမၼတႏိုင္ငံ က ေခါင္းေဆာင္ေတြနဲ႔အတူ Abraham Accords ၿငိမ္းခ်မ္းေရးစာခ်ဳပ္ကို ဝါရွင္တန္ဒီစီမွာလာေရာက္ လက္မွတ္ေရးထိုးခဲ့တဲ့ အစၥေရးဝန္ႀကီးခ်ဳပ္ Benjamin Netanyahu က အစၥေရးႏုိင္ငံသား သန္းေပါင္းမ်ားစြာလိုပဲ သူနဲ႔သူ႔ဇနီး Sara တို႔ဟာ သမၼတထရမ့္နဲ႔ သမၼတကေတာ္ တို႔ အျမန္က်န္းမာလာေစဖုိ႔ ဆုေတာင္းေပးေနေၾကာင္း ေျပာပါတယ္။

အာဖဂန္သမၼတ Ashraf Ghani ကလည္း သူ႔သမၼတရံုးကေန ဆုေတာင္းလႊာ ေပးပို႔ခဲ့တာပါ။ အခုထိေတာ့ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-Un နဲ႔တရုတ္သမၼတ Xi Jinping တို႔ ဆီကေတာ့ တရားဝင္ ေျပာဆိုမႈေတြ မေတြ႔ရေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


...............

သမ္မတ Trump တို့ ဇနီးမောင်နှံ ကိုဗစ်ကူးခံရတဲ့အပေါ် ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တုန့်ပြန်မှုများ
(Unicode)

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သူ နဲ့ သမ္မတကတော် Melania Trump တို့မှာ COVID-19 အကူးစက်ခံနေရတယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် သမ္မတထရမ့်မိသားစု အတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေက ဆုမွန်ကောင်းတွေ တောင်းပေးနေကြပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Dr. Tedros Adhanom Ghebreyesus က သောကြာနေ့ အစောပိုင်းမှာပဲ သမ္မတထရမ့်နဲ့ သမ္မတကတော်တို့ မြန်မြန်ဆန်ဆန်နဲ့ လုံးဝ ပြန်ကျန်းမာလာဖို့ ဆုတောင်းကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒီရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ် WHO က မတ်လထဲမှာ ကြေညာခဲ့တာ ဖြစ်ပြီး အခုချိနိ ဒီရောဂါ အကူးစက်ခံရသူက ကမ္ဘာတလွှား ၃၄ သန်း ရှိနေပြီး သေဆုံးရသူက တသန်းကျော် နေပါပြီ။ ဒီအထဲမှာ အမေရိကန်နိုင်ငံက အဆိုးဝါးဆုံး ခံစားခဲ့ရပြီး အကူးစက်ခံရသူ ၇ သန်းကျော်နဲ့ သေဆုံးရသူ ၂ သိန်းကျော်ရှိနေတာပါ။

သမ္မတထရမ့်အတွက် ပထမဆုံး ဆုတောင်းပေးသူကတော့ သူ့နဲ့ အရင်းနှီးဆုံးသူ တဦးဖြစ်တဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ကလည်း သမ္မတထရမ့်ရဲ့ ယုံကြည်မှု အပြည့်နဲ့ ကြံ့ခိုင်တဲ့စိတ်ဓါတ်ဟာ အန္တရာယ်ကြီးတဲ့ ဒီဗိုင်းရပ်စ်ကို အောင်နိုင်ဖို့ အထောက်အကူရနိုင်မယ် ဆိုတာ သေချာကြောင်း ပြောကြားပြီး ကျန်းမာစေဖို့ ဆုမွန်ကောင်း တောင်းပေးခဲ့ပါတယ်။

ဂျာမဏီဝန်ကြီးချုပ် Angela Merkel ကတော့ သမ္မတနဲ့ သမ္မတကတော်တို့ အမြန်ပြန်နလံထူလာစေဖို့ဆုတောင်းပေး နေကြောင်း ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ကိုယ်တိုင် ဒီရောဂါအကူးစက်ခံခဲ့ရတဲ့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ကလည်း သမ္မတထရမ့်နဲ့ သမ္မတကတော်တို့ အမြန်ကျန်းမာစေဖို့ တွစ်တာကနေ ဆုတောင်းပေးခဲ့တာပါ။

အစ္စရေး၊ ဘာရိန်းနဲ့ UAE အာရပ်စော်ဘွားများသမ္မတနိုင်ငံ က ခေါင်းဆောင်တွေနဲ့အတူ Abraham Accords ငြိမ်းချမ်းရေးစာချုပ်ကို ဝါရှင်တန်ဒီစီမှာလာရောက် လက်မှတ်ရေးထိုးခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးနိုင်ငံသား သန်းပေါင်းများစွာလိုပဲ သူနဲ့သူ့ဇနီး Sara တို့ဟာ သမ္မတထရမ့်နဲ့ သမ္မတကတော် တို့ အမြန်ကျန်းမာလာစေဖို့ ဆုတောင်းပေးနေကြောင်း ပြောပါတယ်။

အာဖဂန်သမ္မတ Ashraf Ghani ကလည်း သူ့သမ္မတရုံးကနေ ဆုတောင်းလွှာ ပေးပို့ခဲ့တာပါ။ အခုထိတော့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un နဲ့တရုတ်သမ္မတ Xi Jinping တို့ ဆီကတော့ တရားဝင် ပြောဆိုမှုတွေ မတွေ့ရသေးပါဘူး။

XS
SM
MD
LG