(Zawgyi/Unicode)
အေမရိကန္ သမၼတ ေရြးေကာက္ပြဲ က်င္းပဖို႔ သီတင္းပတ္ ၅ ပတ္ပဲလိုေတာ့ခ်ိန္မွာ Republican ပါတီက လက္ရွိသမၼတ Donald Trump နဲ႔ ဒီမိုကရက္တစ္ပါတီက သမၼတေလာင္း Joe Biden တို႔ရဲ့အၾကား အေၾကာင္းအရာ ၆ ခုကို အေျခခံေဆြးေႏြးၾကမယ့္ စကား စစ္ထိုးပြဲကို စက္တင္ဘာလ ၂၉ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ည ၉ နာရီမွာ က်င္းပမွာ ျဖစ္ပါတယ္။ Ohio ျပည္နယ္၊ Cleveland ၿမိဳ႕မွာ က်င္းပမယ့္ ဒီ စကားစစ္ထိုးပြဲဟာ နိုဝင္ဘာလ ၃ ရက္ေန႔မွာ က်င္းပမယ့္ သမၼတ ေရြးေကာက္ပြဲကို ဝင္ေရာက္ ယွဥ္ၿပိဳင္မယ့္ ပါတီႏွစ္ခုက ကိုယ္စားလွယ္ ၂ ဦးအၾကား ပထမဆုံးအႀကိမ္ စကား စစ္ထိုးပြဲ ျဖစ္ပါတယ္။
အခုလို စကားစစ္ထိုးပြဲ က်င္းပခ်ိန္မွာ လူထု သေဘာထား စစ္တမ္း ေကာက္ယူမႈေတြအရ လူထုေထာက္ခံမႈမွာ Joe Biden က သမၼတ Trump ထက္ အမွတ္ (၇) မွတ္နဲ႔ သီတင္းပတ္ေပါင္းမ်ားစြာ အသာစီးရေနတာျဖစ္လို႔ အေမရိကန္သမိုင္းမွာ ဒုတိယ သက္တမ္းေရြးေကာက္ ပြဲ ရႈံးနိမ့္တဲ့ တတိယေျမာက္ သမၼတဟာ သမၼတ Trump ျဖစ္လာမလားဆိုၿပီး ခန္႔မွန္းတြက္ဆေနၾကတာလည္း ျဖစ္ပါတယ္။
ဒါေပမဲ့ ေရြးေကာက္ပြဲ ေအာင္နိုင္ေရး ေသာ့ခ်က္က်တဲ့ ျပည္နယ္ေတြမွာ လူထု ေထာက္ခံမႈ တစ္ဦးနဲ႔တစ္ဦး သိပ္မကြာတာမို႔ ဒီတစ္ခါလည္း ၂၀၁၆ ခုႏွစ္တုန္းကလိုပဲ သမၼတ ထရမ့္က Popular vote လို႔ ေခၚတဲ့ လူတစ္ဦးခ်င္းစီရဲ့ ေထာက္ခံမဲအေရအတြက္အရ ရႈံးနိမ့္ ေပမဲ့ Electoral vote လို႔ ေခၚတဲ့ ေရြးခ်ယ္ေရး အဖြဲ႕ရဲ မဲအသာနဲ႔ အနိုင္ျပန္ရမလားဆိုၿပီး ခန္႔မွန္းခ်က္ေတြလည္း ေပၚထြက္လာေနပါတယ္။
ဒါေၾကာင့္ စကားစစ္ထိုးပြဲကို ႐ုပ္သံကေန ေစာင့္ၾကည့္နားေထာင္မယ့္ အေမရိကန္ျပည္သူ စုစုေပါင္း သန္း ၁၀၀ ေလာက္ရွိမယ္လို႔ ခန္႔မွန္းရပါတယ္။
မိနစ္ ၉၀ ၾကာ စကားစစ္ထိုးပြဲမွာ လတ္တေလာ အေရးႀကီးတဲ့ ေခါင္းစဥ္ ၆ ခုအေပၚအဓိကထား ေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။ ၁၅ မိနစ္စီ ေဆြးေႏြးမယ့္ အဲဒီ ေခါင္းစဥ္ေတြထဲ စကားစစ္ထိုးမယ့္ ကိုယ္စားလွယ္ေလာင္း ၂ ဦးရဲ့ အရည္အေသြး၊ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ ျပႆနာ၊ တရား ႐ုံးခ်ဳပ္ တရားသူႀကီးတစ္ဦး အသစ္ခန္႔အပ္ေရးကိစၥ၊ လက္ရွိ အေမရိကန္ စီးပြားေရး၊ ေရြးေကာက္ပြဲ မၽွတခိုင္မာမႈနဲ႔ လူမ်ိဳးေရးနဲ႔အၾကမ္းဖက္မႈ ဆိုတဲ့ ေခါင္းစဥ္ေတြ ပါဝင္ပါတယ္။
အဲဒီ ေခါင္းစဥ္ေတြအျပင္ ဘီလီယံနာ သူေဌးႀကီး သမၼတ Trump က ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ အခြန္ေငြ အေမရိကန္ေဒၚလာ ၇၅၀ သာ ေပးေဆာင္ခဲ့တယ္ဆိုတဲ့ တနဂၤေႏြေန႔ထုတ္ New York Times သတင္းစာမွာ ေရးသားတဲ့သတင္းက အမ်ား စိတ္ဝင္စားစရာ ေခါင္းစဥ္ ျဖစ္လာမွာ ျဖစ္ပါတယ္။
သမၼတ Trump ကေတာ့ ဒါဟာ အတုအေယာင္သတင္း ျဖစ္တယ္လို႔ ေျပာထားပါတယ္။ Biden ရဲ့ မဲဆြယ္စည္း႐ုံးေရးအဖြဲ႕ကေတာ့ ဒါဟာ သမၼတ Trump တစ္ေယာက္ အေမရိကန္ လုပ္သားေတြရဲ့ ဘဝနဲ႔ ဘယ္ေလာက္ ကင္းကြာေနတယ္ဆိုတာကို ျပသေနတာျဖစ္တယ္လို႔ ေထာက္ျပခဲ့ပါတယ္။
............
ကန် သမ္မတလောင်းတွေရဲ့ ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲ
(Unicode)
အမေရိကန် သမ္မတ ရွေးကောက်ပွဲ ကျင်းပဖို့ သီတင်းပတ် ၅ ပတ်ပဲလိုတော့ချိန်မှာ Republican ပါတီက လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်း Joe Biden တို့ရဲ့အကြား အကြောင်းအရာ ၆ ခုကို အခြေခံဆွေးနွေးကြမယ့် စကား စစ်ထိုးပွဲကို စက်တင်ဘာလ ၂၉ ရက်နေ့ ဒေသစံတော်ချိန် ည ၉ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ Ohio ပြည်နယ်၊ Cleveland မြို့မှာ ကျင်းပမယ့် ဒီ စကားစစ်ထိုးပွဲဟာ နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီနှစ်ခုက ကိုယ်စားလှယ် ၂ ဦးအကြား ပထမဆုံးအကြိမ် စကား စစ်ထိုးပွဲ ဖြစ်ပါတယ်။
အခုလို စကားစစ်ထိုးပွဲ ကျင်းပချိန်မှာ လူထု သဘောထား စစ်တမ်း ကောက်ယူမှုတွေအရ လူထုထောက်ခံမှုမှာ Joe Biden က သမ္မတ Trump ထက် အမှတ် (၇) မှတ်နဲ့ သီတင်းပတ်ပေါင်းများစွာ အသာစီးရနေတာဖြစ်လို့ အမေရိကန်သမိုင်းမှာ ဒုတိယ သက်တမ်းရွေးကောက် ပွဲ ရှုံးနိမ့်တဲ့ တတိယမြောက် သမ္မတဟာ သမ္မတ Trump ဖြစ်လာမလားဆိုပြီး ခန့်မှန်းတွက်ဆနေကြတာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး သော့ချက်ကျတဲ့ ပြည်နယ်တွေမှာ လူထု ထောက်ခံမှု တစ်ဦးနဲ့တစ်ဦး သိပ်မကွာတာမို့ ဒီတစ်ခါလည်း ၂၀၁၆ ခုနှစ်တုန်းကလိုပဲ သမ္မတ ထရမ့်က Popular vote လို့ ခေါ်တဲ့ လူတစ်ဦးချင်းစီရဲ့ ထောက်ခံမဲအရေအတွက်အရ ရှုံးနိမ့် ပေမဲ့ Electoral vote လို့ ခေါ်တဲ့ ရွေးချယ်ရေး အဖွဲ့ရဲ မဲအသာနဲ့ အနိုင်ပြန်ရမလားဆိုပြီး ခန့်မှန်းချက်တွေလည်း ပေါ်ထွက်လာနေပါတယ်။
ဒါကြောင့် စကားစစ်ထိုးပွဲကို ရုပ်သံကနေ စောင့်ကြည့်နားထောင်မယ့် အမေရိကန်ပြည်သူ စုစုပေါင်း သန်း ၁၀၀ လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။
မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ လတ်တလော အရေးကြီးတဲ့ ခေါင်းစဉ် ၆ ခုအပေါ်အဓိကထား ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ၁၅ မိနစ်စီ ဆွေးနွေးမယ့် အဲဒီ ခေါင်းစဉ်တွေထဲ စကားစစ်ထိုးမယ့် ကိုယ်စားလှယ်လောင်း ၂ ဦးရဲ့ အရည်အသွေး၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ပြဿနာ၊ တရား ရုံးချုပ် တရားသူကြီးတစ်ဦး အသစ်ခန့်အပ်ရေးကိစ္စ၊ လက်ရှိ အမေရိကန် စီးပွားရေး၊ ရွေးကောက်ပွဲ မျှတခိုင်မာမှုနဲ့ လူမျိုးရေးနဲ့အကြမ်းဖက်မှု ဆိုတဲ့ ခေါင်းစဉ်တွေ ပါဝင်ပါတယ်။
အဲဒီ ခေါင်းစဉ်တွေအပြင် ဘီလီယံနာ သူဌေးကြီး သမ္မတ Trump က ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ အခွန်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ သာ ပေးဆောင်ခဲ့တယ်ဆိုတဲ့ တနင်္ဂနွေနေ့ထုတ် New York Times သတင်းစာမှာ ရေးသားတဲ့သတင်းက အများ စိတ်ဝင်စားစရာ ခေါင်းစဉ် ဖြစ်လာမှာ ဖြစ်ပါတယ်။
သမ္မတ Trump ကတော့ ဒါဟာ အတုအယောင်သတင်း ဖြစ်တယ်လို့ ပြောထားပါတယ်။ Biden ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကတော့ ဒါဟာ သမ္မတ Trump တစ်ယောက် အမေရိကန် လုပ်သားတွေရဲ့ ဘဝနဲ့ ဘယ်လောက် ကင်းကွာနေတယ်ဆိုတာကို ပြသနေတာဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။