သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၅ နှစ်အတွင်း ၁၀ နှစ်အခွန်မဆောင်ဆိုတဲ့သတင်း သတင်းမှားဟု သမ္မတ Trump တုံ့ပြန်


အမေရိကန် သမ္မတ Donald Trump။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)
အမေရိကန် သမ္မတ Donald Trump။ (စက်တင်ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်သမ္မတ Donald Trump ဟာ သမ္မတအဖြစ်ဝင်အရွေးခံတဲ့ ၂၀၁၆ ခုနှစ်နဲ့ သမ္မတအဖြစ် တာဝန်ဆောင်တဲ့ ပထမနှစ် ၂၀၁၇ ခုနှစ်မှာ ပြည်ထောင်စုအစိုးရကို ဝင်ငွေခွန် ဒေါ်လာ ၇၅၀ သာဆောင်ခဲ့တယ်လို့ The New York Times သတင်းစာကြီးက ဖော်ပြပါတယ်။

လွန်ခဲ့တဲ့ ၁၅ နှစ်မှာ ၁၀ နှစ်အတွက် ပြည်ထောင်စုအစိုးရကို အခွန်မဆောင်ဘူးဆိုတဲ့ သတင်းတွေဟာ သတင်းတု သတင်းမှားဖြစ်တယ်လို့ သမ္မတ Trump ကတနင်္ဂနွေနေ့က သတင်းစာရှင်းလင်းပွဲမှာ တုံ့ပြန်ခဲ့ပါတယ်။

လုံးဝ သတင်းမှား၊ သတင်းတုတွေဖြစ်ကြောင်း၊ သူ့အနေနဲ့ အခွန်ဆောင်ကြောင်း၊ လောလောဆယ် စာရင်းစစ်ခံနေရတဲ့ သူ့ရဲ့ ဝင်ငွေခွန်ဆောင်မှတ်တမ်းတွေ အများကို ထုတ်ပြန်နိုင်တဲ့အခါ သိရမှာဖြစ်ကြောင်း သမ္မတ Trump တုံ့ပြန်သွားတာဖြစ်ပါတယ်။ Trump အိမ်ခြံမြေလုပ်ငန်းကြီးဖြစ်တဲ့ Trump Organization ရဲ့ ရှေ့နေတွေကလည်း သတင်းစာရဲ့ ဖော်ပြချက်မှာ မမှန်ကန်ဘူးလို့ ငြင်းဆန်ပါတယ်။

Trump ဟာ သူ့ရဲ့ အခွန်ဆောင်မှတ်တမ်းတွေ ပေါက်ကြားမှာကို အကြီးအကျယ် ကာကွယ်နေသူတယောက်ဖြစ်ပြီး၊ ခေတ်သစ်အမေရိကန်သမိုင်းမှာ အခွန်မှတ်တမ်းတွေ ပြည်သူသိအောင် ထုတ်ပြန်ခြင်းမရှိတဲ့ ပထမဆုံး သမ္မတဖြစ်တယ်လို့ NYT သတင်းကရေးပါတယ်။ The New York Times သတင်းစာမှာ ဖော်ပြချက်အရ Trump ဟာ လုပ်ငန်းတွေ ဆက်တိုက် အရှုံးပေါ်ကြောင်း အကောက်ခွန်ဌာနကို ပြထားပါတယ်။ ဒါ့အပြင် သမ္မတတာဝန်နဲ့ ဝိရောဓိဖြစ်နိုင်တဲ့ နိုင်ငံခြား ဝင်ငွေတွေလည်း ရှိတယ်လို့ သတင်းစာကပြောပါတယ်။

၂၀၁၈ ခုနှစ်အတွက် Trump စီးပွားရေးလုပ်ငန်းတွေရဲ့ ဝင်ငွေ ဒေါ်လာ ၄၃၄.၉ သန်းရှိတယ်လို့ တရားဝင် လူသိရှင်ကြား ထုတ်ပြန်ထားပေမဲ့၊ အကောက်ခွန်ဌာနကိုတော့ ၄၇.၄ သန်းအရှုံးပေါ်တယ်လို့ ပြထားကြောင်း သတင်းထဲမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG