သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအပါအဝင္ ဖြံ႔ၿဖိဳးဆဲႏုိင္ငံတခ်ဳိ႕ လူ႔အခြင့္အေရးေကာင္စီမွာ တ႐ုတ္ဘက္က ကာကြယ္ေျပာဆို


လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးျမင္ကြင္းတခု။ (စက္တင္ဘာ ၁၈၊ ၂၀၂၀)

(Zawgyi / Unicode)

ျမန္မာအပါအဝင္ ဖြံ႔ၿဖိဳးဆဲႏုိင္ငံတခ်ိဳ႕က ျပည္ပႏုိင္ငံေတြအေနနဲ႔ တ႐ုတ္ႏုိင္ငံရဲ႕ ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္တာေတြ မလုပ္ၾကဖို႔ ကုလသမဂၢ လူ႔အခြင့္အေရးေေကာင္စီမွာ ေျပာၾကားလိုက္ပါတယ္။

ေဟာင္ေကာင္နဲ႔ ရွင္က်န္းေဒသ အပါအဝင္ တ႐ုတ္နုိင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္တာေတြ၊ အေျခအျမစ္မရွိ စြပ္စဲြေျပာဆုိေနတာေတြ မလုပ္ၾကဖို႔ ျမန္မာ၊ ကေမာၻဒီးယား၊ လာအို၊ ဗင္နီဇဲြလား၊ မာဒါဂတ္စကားနဲ႔ ေျမာက္ကိုရီးယားႏုိင္ငံ ကိုယ္စားလွယ္ေတြက ၄၅ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးမွာ ေျပာၾကားခဲ့တာပါ။

“လူ႔အခြင့္အေရး ေရွရွည္ဖြံ႔ၿဖိဳး တုိးတက္လာဖို႔အတြက္ ၿငိမ္းခ်မ္းေရးနဲ႔ လုံၿခဳံေရးက အေျခခံလိုအပ္ခ်က္ ျဖစ္ပါတယ္။ ဒါ့အျပင္ အမ်ိဳးသားလုံၿခဳံေရးကို ကာကြယ္ဖို႔ ဥပေဒက လြတ္လပ္တဲ့ႏုိင္ငံတခုရဲ႕ အခ်ဳပ္အျခာအာဏာ ပိုင္ဆုိင္မႈလည္း ျဖစ္ပါတယ္။ ေဟာင္ေကာင္အေနနဲ႔ ၿငိမ္းခ်မ္းသာယာၿပီး တည္တည္ၿငိမ္ၿငိမ္ သဟဇာတျဖစ္ျဖစ္နဲ႔ ျပည္ပဝင္ေရာက္စြက္ဖက္မႈေတြ ကင္းတာကို က်ေနာ္တုိ႔အေနနဲ ျမင္ေတြ႔လိုပါတယ္။ ဒါ့အျပင္ ရွင္က်န္းေဒသမွာ အထူးသျဖင့္ အၾကမ္းဖက္ဝါဒနဲ႔ အစြန္းေရာက္ဝါဒကို တန္ျပန္တဲ့ ႀကိဳးပမ္းမႈေတြနဲ႔ ပတ္သက္တဲ့ အေျခခံအခ်က္ေတြကို ေလးစားလိုက္နာဖို႔ သက္ဆုိင္တဲ့ဘက္ အားလုံးကို တုိက္တြန္းလိုပါတယ္။ ဒါက လူသားမ်ိဳးႏြယ္စုအတြက္ ဘုံၿခိ္မ္းေျခာက္မႈ ျဖစ္ပါတယ္" လို႔ ကေမာၻဒီးယားႏုိင္ငံဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ An Sokkhoeurn က စက္တင္ဘာလ ၂၅ ရက္ေန႔ အစည္းအေဝးအတြင္း ေျပာသြားပါတယ္။

ဒါ့အျပင္ ရွင္က်န္းအေရးကိစၥဟာ တ႐ုတ္နုိင္ငံရဲ႕ ျပည္တြင္းေရးသက္သက္သာ ျဖစ္တယ္လို႔ လာအိုႏုိင္ငံဆုိင္ရာ အၿမဲတမ္းကိုယ္စားလွယ္ကလည္း ေျပာပါတယ္။

၄၅ ႀကိမ္ေျမာက္ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးကို ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာၿမိဳ႕မွာ စက္တင္ဘာ ၁၄ ရက္ေန႔ကေန ေအာက္တုိဘာ ၆ ရက္ေန႔အထိ က်င္းပေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့ လူ့အခွင့်အရေးကောင်စီမှာ တရုတ်ဘက်က ကာကွယ်ပြောဆို

မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတချို့က ပြည်ပနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်တာတွေ မလုပ်ကြဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးေကောင်စီမှာ ပြောကြားလိုက်ပါတယ်။

ဟောင်ကောင်နဲ့ ရှင်ကျန်းဒေသ အပါအဝင် တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာတွေ၊ အခြေအမြစ်မရှိ စွပ်စွဲပြောဆိုနေတာတွေ မလုပ်ကြဖို့ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗင်နီဇွဲလား၊ မာဒါဂတ်စကားနဲ့ မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်တွေက ၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ပြောကြားခဲ့တာပါ။

“လူ့အခွင့်အရေး ရှေရှည်ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးက အခြေခံလိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ ဥပဒေက လွတ်လပ်တဲ့နိုင်ငံတခုရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုလည်း ဖြစ်ပါတယ်။ ဟောင်ကောင်အနေနဲ့ ငြိမ်းချမ်းသာယာပြီး တည်တည်ငြိမ်ငြိမ် သဟဇာတဖြစ်ဖြစ်နဲ့ ပြည်ပဝင်ရောက်စွက်ဖက်မှုတွေ ကင်းတာကို ကျနော်တို့အနေနဲ မြင်တွေ့လိုပါတယ်။ ဒါ့အပြင် ရှင်ကျန်းဒေသမှာ အထူးသဖြင့် အကြမ်းဖက်ဝါဒနဲ့ အစွန်းရောက်ဝါဒကို တန်ပြန်တဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်တဲ့ အခြေခံအချက်တွေကို လေးစားလိုက်နာဖို့ သက်ဆိုင်တဲ့ဘက် အားလုံးကို တိုက်တွန်းလိုပါတယ်။ ဒါက လူသားမျိုးနွယ်စုအတွက် ဘုံခြိမ်းခြောက်မှု ဖြစ်ပါတယ်" လို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် An Sokkhoeurn က စက်တင်ဘာလ ၂၅ ရက်နေ့ အစည်းအဝေးအတွင်း ပြောသွားပါတယ်။

ဒါ့အပြင် ရှင်ကျန်းအရေးကိစ္စဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်လို့ လာအိုနိုင်ငံဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်ကလည်း ပြောပါတယ်။

၄၅ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ စက်တင်ဘာ ၁၄ ရက်နေ့ကနေ အောက်တိုဘာ ၆ ရက်နေ့အထိ ကျင်းပနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG