(Zawgyi/Unicode)
သမၼတ Donald Trump မွာ ကုိရုိနာဗုိင္းရပ္စ္ရွိေနသ၍ ဒုတိယအႀကိမ္ စကားစစ္ထုိးပြဲကုိ မက်င္းပသင့္ဘူးလုိ႔ ဒီမုိကရက္ပါတီ သမၼတေလာင္း Joe Biden က ေျပာၾကားလုိက္ပါတယ္။
ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရေနရတဲ့ အေမရိကန္ သမၼတ Donald Trump က Joe Biden နဲ႔ ဒုတိယအႀကိမ္ စကားစစ္ထိုးပြဲျပဳလုပ္မွာ ျဖစ္ေၾကာင္း အဂၤါေန႔က ေျပာၾကားအၿပီးမွာ ဒီမုိကရက္ပါတီ သမၼတေလာင္းက အခုလုိ တုံ႔ျပန္ ေျပာၾကားလုိက္တာပါ။ ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ဖေလာ္ရီဒါျပည္နယ္၊ Miami ၿမိဳ႕မွာ ျပဳလုပ္မယ့္ စကားစစ္ထိုးပြဲကို ေမၽွာ္လင့္ ေစာင့္စားေနေၾကာင္း သမၼတက တြစ္တာမွာ ေရးသား ထားတာ ျဖစ္ပါတယ္။
Biden ကိုယ္တိုင္ကလည္း စကားစစ္ထိုးဖို႔ ေမၽွာ္လင့္ ေစာင့္စားေနတာ ျဖစ္ေၾကာင္း၊ ဒါေပမဲ့ တင္းက်ပ္တဲ့ စည္းမ်ည္းစည္းကမ္း ေတြနဲ႔သာ လုပ္ေဆာင္သင့္ေၾကာင္း ေျပာပါတယ္။
အိမ္ျဖဴေတာ္ကို ျပန္ေရာက္လာတဲ့သမၼတ Trump ရဲ့ ေလာေလာဆယ္ အေနအထားကိုလည္း သူ မသိရေၾကာင္း ေျပာပါတယ္။
သမၼတ ထရမ့္က ကိုဗစ္ကူးခံရတာကို ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က စစ္ေဆးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ေသာၾကာေန႔ကစလို႔ ေဆး႐ုံ မွာ ၇၂ နာရီၾကာ တက္ေရာက္ကုသမႈခံရယူခဲ့ၿပီး အခုအခါအိမ္ျဖဴေတာ္ကို ျပန္လည္ေရာက္ရွိေနတာ ျဖစ္ပါတယ္။ အဲဒီ အခ်ိန္အတိုင္း အတာအရ သူသာ စကားစစ္ထိုးပြဲ အခမ္းအနားကို တက္ေရာက္မယ္ဆိုရင္ အဲဒီ စကားစစ္ထိုးပြဲကို တက္ေရာက္ၿပီး ေမးခြန္းေတြ ေမး မယ့္ မဲဆႏၵရွင္ေတြ က်န္းမာေရးအတြက္ အႏၲရာယ္ ရွိေစနိုင္ပါတယ္။ အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးဌာနရဲ့ လမ္းညႊန္ခ်က္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတစ္ဦးဆီကေန ၁၀ ရက္ကေန ရက္ ၂၀ အတြင္း ေရာဂါပ်ံ႕ႏွံ႔ကူးစက္နိုင္ေနေသးတယ္ လို႔ ေဖာ္ျပထားတာပါ။
စကားစစ္ထိုးပြဲကို ကမကထျပဳ က်င္းပတဲ့ သမၼတ ေရြးေကာက္ပြဲစကားစစ္ထိုးပြဲ ေကာ္မရွင္ The Commission on Presidential Debates အဖြဲ႕ကေတာ့ တစုံတရာ တုံ႔ျပန္ ေျပာဆုိျခင္း မရွိေသးပါဘူး။
..............
သမ္မတ Trump မှာ ကိုဗစ်ရောဂါပိုးရှိနေသ၍ စကားစစ်ထိုးပွဲ မကျင်းပသင့် (ဒီမိုကရက် သမ္မတလောင်း Joe Biden)
(Unicode)
သမ္မတ Donald Trump မှာ ကိုရိုနာဗိုင်းရပ်စ်ရှိနေသ၍ ဒုတိယအကြိမ် စကားစစ်ထိုးပွဲကို မကျင်းပသင့်ဘူးလို့ ဒီမိုကရက်ပါတီ သမ္မတလောင်း Joe Biden က ပြောကြားလိုက်ပါတယ်။
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ အမေရိကန် သမ္မတ Donald Trump က Joe Biden နဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပြုလုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ပြောကြားအပြီးမှာ ဒီမိုကရက်ပါတီ သမ္မတလောင်းက အခုလို တုံ့ပြန် ပြောကြားလိုက်တာပါ။ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ်၊ Miami မြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲကို မျှော်လင့် စောင့်စားနေကြောင်း သမ္မတက တွစ်တာမှာ ရေးသား ထားတာ ဖြစ်ပါတယ်။
Biden ကိုယ်တိုင်ကလည်း စကားစစ်ထိုးဖို့ မျှော်လင့် စောင့်စားနေတာ ဖြစ်ကြောင်း၊ ဒါပေမဲ့ တင်းကျပ်တဲ့ စည်းမျည်းစည်းကမ်း တွေနဲ့သာ လုပ်ဆောင်သင့်ကြောင်း ပြောပါတယ်။
အိမ်ဖြူတော်ကို ပြန်ရောက်လာတဲ့သမ္မတ Trump ရဲ့ လောလောဆယ် အနေအထားကိုလည်း သူ မသိရကြောင်း ပြောပါတယ်။
သမ္မတ ထရမ့်က ကိုဗစ်ကူးခံရတာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သောကြာနေ့ကစလို့ ဆေးရုံ မှာ ၇၂ နာရီကြာ တက်ရောက်ကုသမှုခံရယူခဲ့ပြီး အခုအခါအိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ်။ အဲဒီ အချိန်အတိုင်း အတာအရ သူသာ စကားစစ်ထိုးပွဲ အခမ်းအနားကို တက်ရောက်မယ်ဆိုရင် အဲဒီ စကားစစ်ထိုးပွဲကို တက်ရောက်ပြီး မေးခွန်းတွေ မေး မယ့် မဲဆန္ဒရှင်တွေ ကျန်းမာရေးအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။ အမေရိကန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနရဲ့ လမ်းညွှန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးဆီကနေ ၁၀ ရက်ကနေ ရက် ၂၀ အတွင်း ရောဂါပျံ့နှံ့ကူးစက်နိုင်နေသေးတယ် လို့ ဖော်ပြထားတာပါ။
စကားစစ်ထိုးပွဲကို ကမကထပြု ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲစကားစစ်ထိုးပွဲ ကော်မရှင် The Commission on Presidential Debates အဖွဲ့ကတော့ တစုံတရာ တုံ့ပြန် ပြောဆိုခြင်း မရှိသေးပါဘူး။