သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပထမအႀကိမ္ စကားစစ္ထုိးပြဲအၿပီး ကန္ သမၼတေလာင္းေတြ မဲဆြယ္စည္းေရး စတင္


စက္တင္ဘာလ ၂၉ ရက္၊ အဂၤါေန႔ညက ျပဳလုပ္ခဲ့တဲ့ သမၼတေလာင္း ႏွစ္ ေယာက္ရဲ႕ ပထမအႀကိမ္ စကားႏိုင္လုပြဲ ျမင္ကြင္း။ (စက္တင္ဘာ ၂၉၊ ၂၀၂၀)

(Zawgyi/Unicode)

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္နဲ႔ နိုဝင္ဘာ သမၼတ ေရြးေကာက္ပြဲမွာ သူနဲ႔ ယွဥ္ၿပိဳင္အေရြးခံမယ္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden တို႔ အဂၤါေန႔က စကားစစ္ထိုးပြဲ အၿပီး ဗုဒၶဟူးေန႔မွာေတာ့ ေရြးေကာက္ပြဲ မဲဆြယ္ စည္း႐ုံးေရးဆင္းဖို႔ ျပည္နယ္ အသီးသီးကို သြားေရာက္ေနၾကၿပီ ျဖစ္ပါတယ္။

ရစ္ပတ္ဘလင္ကန္ ပါတီက သမၼတ ထရမ့္က ၂၀၁၆ ခုႏွစ္က သူ ပြတ္ကာသီကာ ရႈံးနိမ့္ခဲ့တဲ့ Minnesota ျပည္နယ္ကို သြားေရာက္ေနပါတယ္။ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ အဲဒီ ျပည္နယ္မွာ လူထုသေဘာထား စစ္တမ္းေတြအရ သူက Joe Biden ေနာက္မွာ ေရာက္ေနတာပါ။ အဲဒီက ရန္ပုံေငြ ရွာေဖြပြဲကို တက္ေရာက္ၿပီးတဲ့ေနာက္ Great Lakes ေဒသကို ဆက္လက္ သြားေရာက္မွာ ျဖစ္ ပါတယ္။

ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden ကေတာ့ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ရမယ့္ တျခား ျပည္နယ္ေတြ ျဖစ္တဲ့ Pennsylvania နဲ႔ Ohio ျပည္နယ္ေတြကို မဲဆြယ္ စည္း႐ုံးေရး ရထားနဲ႔ သြားေရာက္မွာ ျဖစ္ပါတယ္။ အဲဒီ ျပည္နယ္ေတြမွာ ၂၀၁၆ ခုႏွစ္တုန္းက သမၼတ ထရမ့္က ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ဟီလာရီ ကလင္တန္ကို အနိုင္ရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ သေဘာထား စစ္တမ္းေတြမွာ ဒီမိုကရက္တစ္ပသမၼတေလာင္း Joe Biden က ဦးေဆာင္ေနတာပါ။ Biden က အဲဒီ ျပည္နယ္ေတြက အလုပ္သမား လူတန္းစားေတြရဲ့ ေထာက္ခံမႈ ျပန္လည္ရရွိ ေအာင္ ႀကိဳးစားမွာ ျဖစ္ပါတယ္။ အစဥ္အလာအားျဖင့္ ဒီမိုကရက္ေတြကို ေထာက္ခံတဲ့ အဲဒီ ျပည္နယ္ေတြဟာ ၂၀၁၆ ခုႏွစ္တုန္းက သမၼတ ထရမ့္ကို ေျပာင္းၿပီး ေထာက္ခံမႈေပးခဲ့တာပါ။

အဂၤါေန႔က စကားစစ္ထိုးပြဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္ ထိုးႏွက္ေျပာဆိုၿပီးတဲ့ေနာက္ ဗုဒၶဟူးေန႔မွာေတာ့ တြစ္တာ ကေနထိုးႏွက္ တိုက္ခိုက္မႈေတြ ျပန္လည္ ျပဳလုပ္လာခဲ့ပါတယ္။

သမၼတ ထရမ့္က “အိပ္ငိုက္ေနတဲ့ Joe ကို ဘယ္သူကမွ ေခါင္းေဆာင္ မျဖစ္ေစခ်င္ဘူး” လို႔တြစ္တာမွာ ေရးခဲ့သလို႔ Joe Biden ကလည္း “သမၼတ ႏႈတ္ဖ်ားက ထြက္လာတဲ့ စကားေတြ ခင္ဗ်ားတို႔ ၾကားမွာပါ။ ခင္ဗ်ားတို႔ ဘဝပို ေကာင္းေအာင္ ေျပာတဲ့စကား တခြန္းတစ္ေလရွိရင္ ကၽြန္ေတာ့္ကို ေျပာျပၾကပါ” လို႔ တံု႔ျပန္ ေရးသားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..............

ပထမအကြိမ် စကားစစ်ထိုးပွဲအပြီး ကန် သမ္မတလောင်းတွေ မဲဆွယ်စည်းရေး စတင်

(Unicode)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲမှာ သူနဲ့ ယှဉ်ပြိုင်အရွေးခံမယ် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden တို့ အင်္ဂါနေ့က စကားစစ်ထိုးပွဲ အပြီး ဗုဒ္ဓဟူးနေ့မှာတော့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးဆင်းဖို့ ပြည်နယ် အသီးသီးကို သွားရောက်နေကြပြီ ဖြစ်ပါတယ်။

ရစ်ပတ်ဘလင်ကန် ပါတီက သမ္မတ ထရမ့်က ၂၀၁၆ ခုနှစ်က သူ ပွတ်ကာသီကာ ရှုံးနိမ့်ခဲ့တဲ့ Minnesota ပြည်နယ်ကို သွားရောက်နေပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အဲဒီ ပြည်နယ်မှာ လူထုသဘောထား စစ်တမ်းတွေအရ သူက Joe Biden နောက်မှာ ရောက်နေတာပါ။ အဲဒီက ရန်ပုံငွေ ရှာဖွေပွဲကို တက်ရောက်ပြီးတဲ့နောက် Great Lakes ဒေသကို ဆက်လက် သွားရောက်မှာ ဖြစ် ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် တခြား ပြည်နယ်တွေ ဖြစ်တဲ့ Pennsylvania နဲ့ Ohio ပြည်နယ်တွေကို မဲဆွယ် စည်းရုံးရေး ရထားနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။ အဲဒီ ပြည်နယ်တွေမှာ ၂၀၁၆ ခုနှစ်တုန်းက သမ္မတ ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ သဘောထား စစ်တမ်းတွေမှာ ဒီမိုကရက်တစ်ပသမ္မတလောင်း Joe Biden က ဦးဆောင်နေတာပါ။ Biden က အဲဒီ ပြည်နယ်တွေက အလုပ်သမား လူတန်းစားတွေရဲ့ ထောက်ခံမှု ပြန်လည်ရရှိ အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ဒီမိုကရက်တွေကို ထောက်ခံတဲ့ အဲဒီ ပြည်နယ်တွေဟာ ၂၀၁၆ ခုနှစ်တုန်းက သမ္မတ ထရမ့်ကို ပြောင်းပြီး ထောက်ခံမှုပေးခဲ့တာပါ။

အင်္ဂါနေ့က စကားစစ်ထိုးပွဲမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိုးနှက်ပြောဆိုပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့မှာတော့ တွစ်တာ ကနေထိုးနှက် တိုက်ခိုက်မှုတွေ ပြန်လည် ပြုလုပ်လာခဲ့ပါတယ်။

သမ္မတ ထရမ့်က “အိပ်ငိုက်နေတဲ့ Joe ကို ဘယ်သူကမှ ခေါင်းဆောင် မဖြစ်စေချင်ဘူး” လို့တွစ်တာမှာ ရေးခဲ့သလို့ Joe Biden ကလည်း “သမ္မတ နှုတ်ဖျားက ထွက်လာတဲ့ စကားတွေ ခင်ဗျားတို့ ကြားမှာပါ။ ခင်ဗျားတို့ ဘဝပို ကောင်းအောင် ပြောတဲ့စကား တခွန်းတစ်လေရှိရင် ကျွန်တော့်ကို ပြောပြကြပါ” လို့ တုံ့ပြန် ရေးသားထားပါတယ်။

XS
SM
MD
LG