[Zawgyi/Unicode]
အေမရိကန္ျပည္ေထာင္စုမွာ အဂၤါေန႔ညက ျပဳလုပ္ခဲ့တဲ့ သမၼတေလာင္း ႏွစ္ ေယာက္ရဲ႕ ပထမအႀကိမ္ စကားႏိုင္လုပြဲအေၾကာင္း VOA သတင္းေထာက္ Mike O’Sullivan ရဲ႕ သတင္းေပးပို႔ခ်က္ကို မစုျမတ္မြန္က တင္ျပပါမယ္။
အေမရိကန္ျပည္ေထာင္စုမွာ ေ႐ြးေကာက္ပဲြက်င္းပဖုိ႔ ၃၅ ရက္သာ လိုေတာ့ခ်ိန္မွာ ပထမဆံုးျပဳလုပ္တဲ့ သမၼတေလာင္း ႏွစ္ ေယာက္ရဲ႕ စကားစစ္ထိုးပြဲဟာ သင့္သင့္ျမတ္ျမတ္ စတင္ၿပီး သိပ္မၾကာခင္မွာပဲ တဘက္နဲ႔တဘက္ အျပန္အလွန္ ထိုးႏွက္ေျပာဆိုတဲ့ အေျခအေနကိုေရာက္ခဲ့ပါတယ္။ အေမရိကန္မွာ ေသဆံုးသူ ၂၀၀,၀၀၀ ထက္မနည္း ႐ွိသြားၿပီျဖစ္တဲ့ COVID-19 ကပ္ေရာဂါကိစၥအပါအဝင္ အေၾကာင္းအရာေတာ္ေတာ္မ်ားမ်ားနဲ႔ ပတ္သက္လို႔ ျငင္းခုန္ ေျပာခဲ့ၾကတာပါ။
"သမၼတမွာ ဘာအစီအစဥ္မွ မ႐ွိပါဘူး။ ဘာေတြလုပ္မယ္ဆိုတာ ခ်ျပခဲ့ျခင္း မ႐ွိပါဘူး။ ဒီျပႆနာ ဘယ္ေလာက္ႀကီးတယ္ဆိုတာ ေဖေဖာ္၀ါရီလမွာထဲက သူ သိထားတာျဖစ္ပါတယ္။"
Democratic ပါတီသမၼတေလာင္း Joe Biden ရဲ႕ ခုလိုေျပာတာကို သမၼတ Donald Trump ကေတာ့ ထိေရာက္တဲ့ တံု႔ျပန္ေဆာင္႐ြက္မႈေတြလုပ္ခဲ့တယ္လို႔ ေခ်ပပါတယ္။
"အကာအကြယ္ဝတ္စံုေတြ ႐ွိတယ္၊ ႏွာေခါင္းစည္းေတြ ႐ွိတယ္။ အသက္႐ႈစက္ေတြ ထုတ္လုပ္ခဲ့တယ္။ ခင္ဗ်ားဆိုရင္ အသက္႐ႈစက္ေတြ လုပ္မွာ မဟုတ္ပါဘူး။ အခုဆို ကာကြယ္ေဆးထြက္လာဖုိ႔ သီတင္းပတ္ပိုင္းပဲ လိုပါေတာ့တယ္။"
Obamacare လို႔သိၾကတဲ့ ဝင္ေငြနည္းသူေတြအတြက္ တန္ဖိုးနည္း က်န္းမာေရး အာမခံအစီအစဥ္ Affordable Care ဥပေဒကို ဖ်က္ဖုိ႔ သမၼတ Trump ရဲ႕ အားထုတ္မႈအေပၚ ဒုသမၼတေဟာင္း Biden က ေမးခြန္းထုတ္ပါတယ္။ အဲဒီဥပေဒကို ဖ်က္ရင္ ျပည္သူ သန္း ၂၀ ေလာက္ က်န္းမာေရးအာမခံ ႐ွိေတာ့မွာ မဟုတ္ဘူးဆိုတာကို သူကေထာက္ျပပါတယ္။ သမၼတ Trump ကေတာ့ အဲဒီအစီအစဥ္ဟာ ဖဲြ႔စည္းပံုနဲ႔ မညီသလို အသံုးျပဳသူေတြ ေ႐ြးခ်ယ္ႏိုင္မႈပိုင္း အကန္႔အသတ္႐ွိတယ္လို႔ တံု႔ျပန္ပါတယ္။ Joe Biden ကလည္း သူသာ သမၼတျဖစ္လာခဲ့ရင္ မဲဆႏၵ႐ွင္ေတြအေနနဲ႔ လက္႐ွိက်န္းမာေရးအာမခံကို ဆက္ၿပီးထားႏိုင္ၾကမွာျဖစ္တယ္လို႔ ေျပာပါတယ္။
"က်ေနာ္အဆိုျပဳထားတဲ့ အစီအစဥ္အရ သူတုိ႔ ဆက္ထားႏိုင္ၾကမယ္၊ ဆက္ထားလို႔ရၾကမွာျဖစ္ပါတယ္။"
အေမရိကန္ျပည္ေထာင္စုမွာ အစိုးရက်န္းမာေရး ေစာင့္ေ႐ွာက္မႈ စနစ္လုပ္ဖုိ႔ Biden ကႀကိဳးစားေနတာျဖစ္တယ္လို႔ Trump က စြပ္စဲြပါတယ္။ ဒီအေၾကာင္းအရာ ေျပာေနၾကစဥ္မွာလည္း တေယာက္ေျပာေနတာကို ေနာက္တေယာက္က အၿပိဳင္လုေျပာတဲ့ အေျခအေနျဖစ္ခဲ့ပါတယ္။ သမၼတေလာင္း ႏွစ္ ေယာက္ အေျခအတင္ျဖစ္တဲ့ ေနာက္ထပ္ ေခါင္းစဥ္တခုကေတာ့ အေမရိကန္ျပည္ေထာင္စု တရား႐ံုးခ်ဳပ္ တရားသူႀကီးသစ္ ခန္႔အပ္ေရးကိစၥျဖစ္ပါတယ္။ မၾကာခင္ကကြယ္လြန္သြားတဲ့ တရားသူႀကီး Ruth Bader Ginsburg ရဲ႕ ေနရာမွာ conservative အျမင္႐ွိသူ Amy Coney Barrett ကို အစားထုိးခန္႔ဖို႔ သမၼတ Trump ေ႐ြးခ်ယ္ထားတာနဲ႔ပါတ္သက္လို႔ တခ်ဳိ႕ေနရာေတြမွာ ႀကိဳတင္မဲေပးမႈေတြ စတင္ေနၿပီျဖစ္လို႔ ေ႐ြးေကာက္ပြဲၿပီးတဲ့အထိ ေစာင့္သင့္တယ္လို႔ Joe Biden ကေျပာပါတယ္။
"တရာ႐ံုးခ်ဳပ္တရားသူႀကီး ဘယ္သူ႔ကို ခန္႔အပ္သင့္တယ္ဆိုတာ အေမရိကန္ျပည္သူေတြ ေ႐ြးခ်ယ္ပိုင္ခြင့္႐ွိသင့္ပါတယ္။"
Trump ကေတာ့ သူဟာ လက္႐ွိသမၼတ ျဖစ္ေနတဲ့အတြက္ အစားထုိးဖုိ႔ သူ႔တာဝန္ျဖစ္တယ္လို႔ ဆိုပါတယ္။
"ေ႐ြးေကာက္ပြဲကို က်ေနာ္တို႔႔ႏိုင္ထားတာျဖစ္လို႔ ေ႐ြးခ်ယ္ပိုင္ခြင့္ က်ေနာ္တို႔မွာျဖစ္ပါတယ္။"
အဂၤါေန႔ညက ပထမႀကိမ္စကားရည္လုပြဲနဲ႔ ပတ္သက္လို႔ သမၼတဘက္က ေဆြးေႏြး ျငင္းခုန္ခဲ့ၾကတာေတြအေပၚ ေက်နပ္တယ္လို႔ Trump ေအာင္ႏိုင္ေရး တာဝန္႐ွိသူက ေျပာပါတယ္။
"စကားစစ္ထိုးပြဲ တေလ ွ်ာက္လံုးမွာ သမၼတ Trump က ပိုင္ပိုင္ႏိုင္ႏိုင္ အေပၚစီးကေန ေျပာသြားႏိုင္တာ ေတ႔ြရပါတယ္။ Joe Biden ကိုေတာ့ ေပ်ာ့ညံ့တယ္လို႔ က်ေနာ္ထင္ပါတယ္။ အခ်ိန္ေတာ္ေတာ္မ်ားမ်ား ဟိုၾကည့္ ဒီၾကည့္လုပ္ၿပီး moderator ဆီက အကူအညီယူရေအာင္လုပ္တာ ေတ႔ြရပါတယ္။"
George Mason တကၠသိုလ္က ဆက္ဆံေရးဆိုင္ရာ သံုးသပ္သူ Jeremy Mayer ကေတာ့ သမၼတ Trump ဟာ ဘာကိုမွ ထိထိမိမိ ေျပာတာ မ႐ွိဘူးလို႔ သံုးသပ္ပါတယ္။
"Biden ဘက္ကေျပာတာ ၁၀ စကၠန္႔၊ စကၠန္႔ ၂၀၊ ၃၀ ေလာက္ၾကာလို႔ အဆက္အစပ္႐ွိ႐ွိ ေျပာတဲ့အခ်ိန္ေရာက္ၿပီဆုိ သမၼတဘက္က ထပ္ခါတလဲလဲ အၿပိဳင္ေျပာၿပီး ေႏွာင့္ယွက္တာ အႀကိမ္ေပါင္းမ်ားစြာပါ။ ဒါေၾကာင့္ ဒီစကားရည္လုပြဲ ဘယ္သူႏိုင္လဲဆိုတဲ့ ေမးခြန္းက အဓိပၸါယ္မ႐ွိသလိုျဖစ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သမၼေလာင္း စကားႏိုင္လုေျပာပြဲဆိုတာမ်ဳိး မျဖစ္ေအာင္ သမၼတဘက္က လုပ္ေနလို႔ပါပဲ။"
ႏိုဝင္ဘာေ႐ြးေကာက္ပြဲ မတိုင္ခင္ ပထမတႀကိမ္ သမၼတေလာင္း ႏွစ္ ေယာက္ရဲ႕ စကားႏိုင္လုပြဲကေတာ့ ၿပီးသြားပါၿပီ။ ေနာက္ထပ္ ႏွစ္ ခုကိုေတာ့ ေအာက္တိုဘာလထဲမွာ က်င္းပဖုိ႔ စီစဥ္ထားပါတယ္။
[Unicode Version]
သမ္မတလောင်းနှစ်ဦး မူဝါဒရေးရာအပြန်အလှန်ထိုးနှက်
အမေရိကန်ပြည်ထောင်စုမှာ အင်္ဂါနေ့ညက ပြုလုပ်ခဲ့တဲ့ သမ္မတလောင်း နှစ် ယောက်ရဲ့ ပထမအကြိမ် စကားနိုင်လုပွဲအကြောင်း VOA သတင်းထောက် Mike O’Sullivan ရဲ့ သတင်းပေးပို့ချက်ကို မစုမြတ်မွန်က တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်ပွဲကျင်းပဖို့ ၃၅ ရက်သာ လိုတော့ချိန်မှာ ပထမဆုံးပြုလုပ်တဲ့ သမ္မတလောင်း နှစ် ယောက်ရဲ့ စကားစစ်ထိုးပွဲဟာ သင့်သင့်မြတ်မြတ် စတင်ပြီး သိပ်မကြာခင်မှာပဲ တဘက်နဲ့တဘက် အပြန်အလှန် ထိုးနှက်ပြောဆိုတဲ့ အခြေအနေကိုရောက်ခဲ့ပါတယ်။ အမေရိကန်မှာ သေဆုံးသူ ၂၀၀,၀၀၀ ထက်မနည်း ရှိသွားပြီဖြစ်တဲ့ COVID-19 ကပ်ရောဂါကိစ္စအပါအဝင် အကြောင်းအရာတော်တော်များများနဲ့ ပတ်သက်လို့ ငြင်းခုန် ပြောခဲ့ကြတာပါ။
"သမ္မတမှာ ဘာအစီအစဉ်မှ မရှိပါဘူး။ ဘာတွေလုပ်မယ်ဆိုတာ ချပြခဲ့ခြင်း မရှိပါဘူး။ ဒီပြဿနာ ဘယ်လောက်ကြီးတယ်ဆိုတာ ဖေဖော်ဝါရီလမှာထဲက သူ သိထားတာဖြစ်ပါတယ်။"
Democratic ပါတီသမ္မတလောင်း Joe Biden ရဲ့ ခုလိုပြောတာကို သမ္မတ Donald Trump ကတော့ ထိရောက်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေလုပ်ခဲ့တယ်လို့ ချေပပါတယ်။
"အကာအကွယ်ဝတ်စုံတွေ ရှိတယ်၊ နှာခေါင်းစည်းတွေ ရှိတယ်။ အသက်ရှုစက်တွေ ထုတ်လုပ်ခဲ့တယ်။ ခင်ဗျားဆိုရင် အသက်ရှုစက်တွေ လုပ်မှာ မဟုတ်ပါဘူး။ အခုဆို ကာကွယ်ဆေးထွက်လာဖို့ သီတင်းပတ်ပိုင်းပဲ လိုပါတော့တယ်။"
Obamacare လို့သိကြတဲ့ ဝင်ငွေနည်းသူတွေအတွက် တန်ဖိုးနည်း ကျန်းမာရေး အာမခံအစီအစဉ် Affordable Care ဥပဒေကို ဖျက်ဖို့ သမ္မတ Trump ရဲ့ အားထုတ်မှုအပေါ် ဒုသမ္မတဟောင်း Biden က မေးခွန်းထုတ်ပါတယ်။ အဲဒီဥပဒေကို ဖျက်ရင် ပြည်သူ သန်း ၂၀ လောက် ကျန်းမာရေးအာမခံ ရှိတော့မှာ မဟုတ်ဘူးဆိုတာကို သူကထောက်ပြပါတယ်။ သမ္မတ Trump ကတော့ အဲဒီအစီအစဉ်ဟာ ဖွဲ့စည်းပုံနဲ့ မညီသလို အသုံးပြုသူတွေ ရွေးချယ်နိုင်မှုပိုင်း အကန့်အသတ်ရှိတယ်လို့ တုံ့ပြန်ပါတယ်။ Joe Biden ကလည်း သူသာ သမ္မတဖြစ်လာခဲ့ရင် မဲဆန္ဒရှင်တွေအနေနဲ့ လက်ရှိကျန်းမာရေးအာမခံကို ဆက်ပြီးထားနိုင်ကြမှာဖြစ်တယ်လို့ ပြောပါတယ်။
"ကျနော်အဆိုပြုထားတဲ့ အစီအစဉ်အရ သူတို့ ဆက်ထားနိုင်ကြမယ်၊ ဆက်ထားလို့ရကြမှာဖြစ်ပါတယ်။"
အမေရိကန်ပြည်ထောင်စုမှာ အစိုးရကျန်းမာရေး စောင့်ရှောက်မှု စနစ်လုပ်ဖို့ Biden ကကြိုးစားနေတာဖြစ်တယ်လို့ Trump က စွပ်စွဲပါတယ်။ ဒီအကြောင်းအရာ ပြောနေကြစဉ်မှာလည်း တယောက်ပြောနေတာကို နောက်တယောက်က အပြိုင်လုပြောတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ သမ္မတလောင်း နှစ် ယောက် အခြေအတင်ဖြစ်တဲ့ နောက်ထပ် ခေါင်းစဉ်တခုကတော့ အမေရိကန်ပြည်ထောင်စု တရားရုံးချုပ် တရားသူကြီးသစ် ခန့်အပ်ရေးကိစ္စဖြစ်ပါတယ်။ မကြာခင်ကကွယ်လွန်သွားတဲ့ တရားသူကြီး Ruth Bader Ginsburg ရဲ့ နေရာမှာ conservative အမြင်ရှိသူ Amy Coney Barrett ကို အစားထိုးခန့်ဖို့ သမ္မတ Trump ရွေးချယ်ထားတာနဲ့ပါတ်သက်လို့ တချို့နေရာတွေမှာ ကြိုတင်မဲပေးမှုတွေ စတင်နေပြီဖြစ်လို့ ရွေးကောက်ပွဲပြီးတဲ့အထိ စောင့်သင့်တယ်လို့ Joe Biden ကပြောပါတယ်။
"တရာရုံးချုပ်တရားသူကြီး ဘယ်သူ့ကို ခန့်အပ်သင့်တယ်ဆိုတာ အမေရိကန်ပြည်သူတွေ ရွေးချယ်ပိုင်ခွင့်ရှိသင့်ပါတယ်။"
Trump ကတော့ သူဟာ လက်ရှိသမ္မတ ဖြစ်နေတဲ့အတွက် အစားထိုးဖို့ သူ့တာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။
"ရွေးကောက်ပွဲကို ကျနော်တို့နိုင်ထားတာဖြစ်လို့ ရွေးချယ်ပိုင်ခွင့် ကျနော်တို့မှာဖြစ်ပါတယ်။"
အင်္ဂါနေ့ညက ပထမကြိမ်စကားရည်လုပွဲနဲ့ ပတ်သက်လို့ သမ္မတဘက်က ဆွေးနွေး ငြင်းခုန်ခဲ့ကြတာတွေအပေါ် ကျေနပ်တယ်လို့ Trump အောင်နိုင်ရေး တာဝန်ရှိသူက ပြောပါတယ်။
"စကားစစ်ထိုးပွဲ တလေ ျှာက်လုံးမှာ သမ္မတ Trump က ပိုင်ပိုင်နိုင်နိုင် အပေါ်စီးကနေ ပြောသွားနိုင်တာ တေ့ွရပါတယ်။ Joe Biden ကိုတော့ ပျော့ညံ့တယ်လို့ ကျနော်ထင်ပါတယ်။ အချိန်တော်တော်များများ ဟိုကြည့် ဒီကြည့်လုပ်ပြီး moderator ဆီက အကူအညီယူရအောင်လုပ်တာ တေ့ွရပါတယ်။"
George Mason တက္ကသိုလ်က ဆက်ဆံရေးဆိုင်ရာ သုံးသပ်သူ Jeremy Mayer ကတော့ သမ္မတ Trump ဟာ ဘာကိုမှ ထိထိမိမိ ပြောတာ မရှိဘူးလို့ သုံးသပ်ပါတယ်။
"Biden ဘက်ကပြောတာ ၁၀ စက္ကန့်၊ စက္ကန့် ၂၀၊ ၃၀ လောက်ကြာလို့ အဆက်အစပ်ရှိရှိ ပြောတဲ့အချိန်ရောက်ပြီဆို သမ္မတဘက်က ထပ်ခါတလဲလဲ အပြိုင်ပြောပြီး နှောင့်ယှက်တာ အကြိမ်ပေါင်းများစွာပါ။ ဒါကြောင့် ဒီစကားရည်လုပွဲ ဘယ်သူနိုင်လဲဆိုတဲ့ မေးခွန်းက အဓိပ္ပါယ်မရှိသလိုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သမ္မလောင်း စကားနိုင်လုပြောပွဲဆိုတာမျိုး မဖြစ်အောင် သမ္မတဘက်က လုပ်နေလို့ပါပဲ။"
နိုဝင်ဘာရွေးကောက်ပွဲ မတိုင်ခင် ပထမတကြိမ် သမ္မတလောင်း နှစ် ယောက်ရဲ့ စကားနိုင်လုပွဲကတော့ ပြီးသွားပါပြီ။ နောက်ထပ် နှစ် ခုကိုတော့ အောက်တိုဘာလထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။