သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္ျဖစ္ေနတဲ့ သမၼတ Trump ဒီမုိကရက္သမၼတေလာင္းနဲ႔ ဒုတိယအႀကိမ္ စကားစစ္ထုိးမည္


မွတ္တမ္းဓါတ္ပံု- သမၼတ Trump ႏွင့္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden

(Zawgyi/Unicode)

ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရေနရတဲ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Bidenနဲ႔ ဒုတိယအႀကိမ္ စကားစစ္ထိုးပြဲျပဳလုပ္မွာ ျဖစ္ေၾကာင္း အဂၤါေန႔က ေၾကညာလိုက္ပါတယ္။

ေအာက္တိုဘာလ ၁၅ ရက္ေန႔မွာ ဖေလာ္ရီဒါျပည္နယ္ Miami ၿမိဳ႕မွာ ျပဳလုပ္မယ့္ စကားစစ္ထိုးပြဲကို ေမၽွာ္လင့္ေစာင့္စားေနေၾကာင္း သူက တြစ္တာမွာ ေရးသား ထားတာ ျဖစ္ပါတယ္။

သမၼတ ထရမ့္က ကိုဗစ္ကူးခံထားရေၾကာင္း ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က စစ္ေဆးေတြ႕ရွိခဲ့ၿပီးတဲ့ေနာက္ ေသာၾကာေန႔ကစလို႔ ေဆး႐ုံ မွာ ၇၂ နာရီၾကာ တက္ေရာက္ကုသမႈခံရယူခဲ့ၿပီး အခုအခါ အိမ္ျဖဴေတာ္ကို ျပန္လည္ေရာက္ရွိေနတာ ျဖစ္ပါတယ္။

အဲဒီ အခ်ိန္အတိုင္း အတာအရ သူသာ စကားစစ္ထိုးပြဲ အခမ္းအနားကို တက္ေရာက္မယ္ဆိုရင္ အဲဒီ စကားစစ္ထိုးပြဲကို တက္ေရာက္ၿပီး ေမးခြန္းေတြ ေမး မယ့္ မဲဆႏၵရွင္ေတြ က်န္းမာေရးအတြက္ အႏၲရာယ္ ရွိေစနိုင္ပါတယ္။ အေမရိကန္ ကူးစက္ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ေရးဌာနရဲ့ လမ္းညႊန္ခ်က္မွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတစ္ဦးဆီကေန ၁၀ ရက္ကေန ရက္ ၂၀ အတြင္း ေရာဂါပ်ံ႕ႏွံ႔ကူးစက္နိုင္ေနေသးတယ္ လို႔ ေဖာ္ျပထားတာပါ။

စကားစစ္ထိုးပြဲကို ကမကထျပဳ က်င္းပတဲ့ သမၼတ ေရြးေကာက္ပြဲစကားစစ္ထိုးပြဲ ေကာ္မရွင္ The Commission on Presidential Debates အဖြဲ႕ကေတာ့ ေတစ္စုံတစ္ရာ ထုတ္ေဖာ္ ေျပာဆုိျခင္း မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္


..................

ကိုဗစ်ဖြစ်နေတဲ့ သမ္မတ Trump ဒီမိုကရက်သမ္မတလောင်းနဲ့ ဒုတိယအကြိမ် စကားစစ်ထိုးမည်

(Unicode)

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရနေရတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Bidenနဲ့ ဒုတိယအကြိမ် စကားစစ်ထိုးပွဲပြုလုပ်မှာ ဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာလိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့မှာ ဖလော်ရီဒါပြည်နယ် Miami မြို့မှာ ပြုလုပ်မယ့် စကားစစ်ထိုးပွဲကို မျှော်လင့်စောင့်စားနေကြောင်း သူက တွစ်တာမှာ ရေးသား ထားတာ ဖြစ်ပါတယ်။

သမ္မတ ထရမ့်က ကိုဗစ်ကူးခံထားရကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့က စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက် သောကြာနေ့ကစလို့ ဆေးရုံ မှာ ၇၂ နာရီကြာ တက်ရောက်ကုသမှုခံရယူခဲ့ပြီး အခုအခါ အိမ်ဖြူတော်ကို ပြန်လည်ရောက်ရှိနေတာ ဖြစ်ပါတယ်။

အဲဒီ အချိန်အတိုင်း အတာအရ သူသာ စကားစစ်ထိုးပွဲ အခမ်းအနားကို တက်ရောက်မယ်ဆိုရင် အဲဒီ စကားစစ်ထိုးပွဲကို တက်ရောက်ပြီး မေးခွန်းတွေ မေး မယ့် မဲဆန္ဒရှင်တွေ ကျန်းမာရေးအတွက် အန္တရာယ် ရှိစေနိုင်ပါတယ်။ အမေရိကန် ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးဌာနရဲ့ လမ်းညွှန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတစ်ဦးဆီကနေ ၁၀ ရက်ကနေ ရက် ၂၀ အတွင်း ရောဂါပျံ့နှံ့ကူးစက်နိုင်နေသေးတယ် လို့ ဖော်ပြထားတာပါ။

စကားစစ်ထိုးပွဲကို ကမကထပြု ကျင်းပတဲ့ သမ္မတ ရွေးကောက်ပွဲစကားစစ်ထိုးပွဲ ကော်မရှင် The Commission on Presidential Debates အဖွဲ့ကတော့ တေစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

XS
SM
MD
LG