သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဒုသမၼတေလာင္းစကားစစ္ထုိးပြဲ ဘာေတြအဓိက ေျပာၾကမလဲ


ဒီမိုကရက္တစ္ပါတီ ဒုတိယ သမၼတေလာင္း Kamala Harris နဲ႔ အေမရိကန္ ဒုတိယ သမၼတ Mike Pence

(Zawgyi/Unicode)

အေမရိကန္ ဒုတိယ သမၼတ Mike Pence နဲ႔ သူကို ယွဥ္ၿပိဳင္မယ့္ ဒီမိုကရက္တစ္ပါတီ ဒုတိယ သမၼတေလာင္း ကယ္လီဖိုးနီးယား ျပည္နယ္ အထက္လႊတ္ေတာ္အမတ္ Kamala Harris တို႔ အၾကား စကားစစ္ထိုးပြဲကို ေဒသစံေတာ္ခ်ိန္ ဗုဒၶဟူးေန႔ည ည ၉ နာရီမွာ က်င္းပမွာ ျဖစ္ပါတယ္။ တိုင္းျပည္ထဲ အက်ပ္အတည္း ေတြ ရင္ဆိုင္ၾကဳံေတြ႕ေနရခ်ိန္ Utah ျပည္နယ္၊ Salt Lake City ၿမိဳ႕မွာ ျပဳလုပ္မယ့္ အဲဒီ စကားစစ္ထိုးပြဲမွာ သူတို႔ ႏွစ္ဦးအၾကား မတူညီတဲ့ သေဘာထား အျမင္နဲ႔ အယူအဆေတြက ေဆြးေႏြး သြားၾက မွာပါ။ အမ်ားက ေမၽွာ္လင့္ ေစာင့္စားေနတဲ့ ဒီ စကားစစ္ထိုး ပြဲဟာ အေမရိကန္ ေခတ္သစ္ သမိုင္းမွာ လူစိတ္ဝင္စားမႈ အရွိဆုံး ဒုတိယ သမၼတေလာင္း စကားစစ္ထိုးပြဲလည္း ျဖစ္ၿပီး တစ္ႀကိမ္တည္း သာ ျပဳလုပ္မွာ ျဖစ္ပါတယ္။

သမၼတ ေဒၚနယ္ထရမ့္ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရတဲ့အခ်ိန္မွာ ဒုတိယ သမၼတ Pence အတြက္ ကိုရိုနာ ဗိုင္းရပ္စ္ ျပႆနာကို လက္ရွိ အစိုးရ ကိုင္တြယ္ပုံေတြ အေပၚ ေျဖရွင္း ေျပာၾကားရဖို႔ ရွိေနပါတယ္။ တစ္ဖက္မွာလည္း ဒီမိုကရက္တစ္ ဒုသမၼတေလာင္း Harris က ဒီမိုကရက္တစ္ သမၼတေလာင္း Joe Biden ကသာ တိုင္းျပည္ကို တည္ၿငိမ္သြားေအာင္ လုပ္ေဆာင္ေပးနိုင္မယ္ဆိုၿပီး အေျခအတင္ ေျပာဆိုဖို႔ အခြင့္အေရးရရွိမွာ ျဖစ္ပါတယ္။

ဒုသမၼတ Mike Pence ကလည္း စီးပြားေရးနဲ႔ပတ္သက္ၿပီး လက္ရွိအစိုးရရဲ့ လုပ္ေဆာင္ခ်က္ေတြကို အေလးထား ေျပာဆိုဖို႔ရွိၿပီး သူ႔ရဲ့ၿပိဳင္ဘက္ ဒီမိုကရက္တစ္ ဒုသမၼတေလာင္းမစၥ Harris ဟာ လက္ဝဲယိမ္း အယူဝါဒျပင္းထန္သူအျဖစ္ ပုံေဖာ္ေျပာဆိုမယ္လို႔ ခန႔္မွန္းေျပာဆိုမႈေတြ ရွိေနပါတယ္။

သူတို႔ႏွစ္ဦး စကား စစ္ထိုးမယ့္ ေနရာမွာေတာ့ ကိုဗစ္ေရာဂါ သတိျပဳကာကြယ္တဲ့အေနနဲ႔ တေယာက္နဲ႔ တေယာက္ ၁၂ ေပျခား ေျပာဆိုၾကမွာ ျဖစ္သလို ၾကားထဲမွာလည္း plexiglass လို႔ေခၚတဲ့ မွန္ျပား ကာထားမွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............

ဒုသမ္မတလောင်းစကားစစ်ထိုးပွဲ ဘာတွေအဓိက ပြောကြမလဲ

(Unicode)

အမေရိကန် ဒုတိယ သမ္မတ Mike Pence နဲ့ သူကို ယှဉ်ပြိုင်မယ့် ဒီမိုကရက်တစ်ပါတီ ဒုတိယ သမ္မတလောင်း ကယ်လီဖိုးနီးယား ပြည်နယ် အထက်လွှတ်တော်အမတ် Kamala Harris တို့ အကြား စကားစစ်ထိုးပွဲကို ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ည ည ၉ နာရီမှာ ကျင်းပမှာ ဖြစ်ပါတယ်။ တိုင်းပြည်ထဲ အကျပ်အတည်း တွေ ရင်ဆိုင်ကြုံတွေ့နေရချိန် Utah ပြည်နယ်၊ Salt Lake City မြို့မှာ ပြုလုပ်မယ့် အဲဒီ စကားစစ်ထိုးပွဲမှာ သူတို့ နှစ်ဦးအကြား မတူညီတဲ့ သဘောထား အမြင်နဲ့ အယူအဆတွေက ဆွေးနွေး သွားကြ မှာပါ။ အများက မျှော်လင့် စောင့်စားနေတဲ့ ဒီ စကားစစ်ထိုး ပွဲဟာ အမေရိကန် ခေတ်သစ် သမိုင်းမှာ လူစိတ်ဝင်စားမှု အရှိဆုံး ဒုတိယ သမ္မတလောင်း စကားစစ်ထိုးပွဲလည်း ဖြစ်ပြီး တစ်ကြိမ်တည်း သာ ပြုလုပ်မှာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့အချိန်မှာ ဒုတိယ သမ္မတ Pence အတွက် ကိုရိုနာ ဗိုင်းရပ်စ် ပြဿနာကို လက်ရှိ အစိုးရ ကိုင်တွယ်ပုံတွေ အပေါ် ဖြေရှင်း ပြောကြားရဖို့ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ဒီမိုကရက်တစ် ဒုသမ္မတလောင်း Harris က ဒီမိုကရက်တစ် သမ္မတလောင်း Joe Biden ကသာ တိုင်းပြည်ကို တည်ငြိမ်သွားအောင် လုပ်ဆောင်ပေးနိုင်မယ်ဆိုပြီး အခြေအတင် ပြောဆိုဖို့ အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။

ဒုသမ္မတ Mike Pence ကလည်း စီးပွားရေးနဲ့ပတ်သက်ပြီး လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အလေးထား ပြောဆိုဖို့ရှိပြီး သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ် ဒုသမ္မတလောင်းမစ္စ Harris ဟာ လက်ဝဲယိမ်း အယူဝါဒပြင်းထန်သူအဖြစ် ပုံဖော်ပြောဆိုမယ်လို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပါတယ်။

သူတို့နှစ်ဦး စကား စစ်ထိုးမယ့် နေရာမှာတော့ ကိုဗစ်ရောဂါ သတိပြုကာကွယ်တဲ့အနေနဲ့ တယောက်နဲ့ တယောက် ၁၂ ပေခြား ပြောဆိုကြမှာ ဖြစ်သလို ကြားထဲမှာလည်း plexiglass လို့ခေါ်တဲ့ မှန်ပြား ကာထားမှာ ဖြစ်ပါတယ်။

XS
SM
MD
LG