သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဒုသမၼတေလာင္း စကားစစ္ထိုးပြဲ တိုက္႐ိုက္ထုတ္လႊင့္မည္


ဒီမိုကရက္တစ္ပါတီ ဒုတိယ သမၼတေလာင္း Kamala Harris နဲ႔ အေမရိကန္ ဒုတိယ သမၼတ Mike Pence (ဓါတ္ပံု-AP)

(Zawgyi/Unicode)

အေမရိကန္ ဒုတိယသမၼတ Mike Pence နဲ႔ ဒီမိုကရက္တစ္ပါတီကိုယ္စားျပဳ ဒုတိယသမၼတေလာင္း Kamala Harris တို႔ရဲ႕ စကားစစ္ထိုးပြဲကို ဒီကေန႔ည ၉ နာရီမွာ ဗြီအိုေအရဲ႕ အင္တာနက္စာမ်က္ႏွာ၊ Facebook နဲ႔ YouTube တို႔ကေန တိုက္႐ိုက္ထုတ္လႊင့္ပါမယ္။

ဒုသမၼတေလာင္း စကားစစ္ထိုးပြဲကို တႀကိမ္တည္း လုပ္တာျဖစ္ၿပီး ေအာက္တိုဘာလ ၇ ရက္၊ ဗုဒၶဟူးည၊ အေမရိကန္ အေရွ႕ပိုင္းေဒသစံေတာ္ခ်ိန္ ၉ နာရီ၊ ျမန္မာစံေတာ္ခ်ိန္ ၾကာသပေတးေန႔မနက္ ၇ နာရီခြဲမွာ Utah ျပည္နယ္၊ Salt Lake City မွာရွိတဲ့ Utah ျပည္နယ္တကၠသိုလ္မွာ က်င္းပမွာပါ။

ဒီစကားစစ္ထိုးပြဲမွာ ေမးခြန္းေတြေမးၿပီး Moderator အျဖစ္ လုပ္မယ့္သူကေတာ့ USA Today သတင္းဌာနက ဝါရွင္တန္ဗ်ဴ႐ို အႀကီးအကဲ Susan Page ျဖစ္ပါတယ္။

မစၥတာ Pence နဲ႔ မစၥ Harris တို႔ဟာ ကိုဗစ္ေရာဂါ သတိျပဳကာကြယ္တဲ့အေနနဲ႔ တေယာက္နဲ႔ တေယာက္ ၁၂ ေပျခား ေျပာဆိုၾကမွာျဖစ္သလို ၾကားထဲမွာလည္း plexiglass လို႔ေခၚတဲ့ မွန္ျပား ကာထားမွာျဖစ္ပါတယ္။

စကားစစ္ထိုးပြဲအတြင္း လက္ရွိ အေမရိကန္ျပည္ေထာင္စုမွာ ရင္ဆိုင္ေနရတဲ့ COVID-19 ေရာဂါ ပ်ံ႕ႏွံ ကူးစက္မႈကို ကိုင္တြယ္လုပ္ေဆာင္ပုံနဲ႔ပတ္သက္ၿပီး မတူကြဲျပားတဲ့အျမင္ေတြကို ေျပာဆိုၾကမယ္လို႔ ခန႔္မွန္းထားပါတယ္။

မစၥ Harris အေနနဲ႔ ဒီမိုကရက္တစ္သမၼေလာင္း Joe Biden ဟာ အထူးသျဖင့္ ကပ္ေရာဂါေဘး၊ လူမ်ိဳးေရးတရားမ ွ်တမႈတို႔နဲ႔ ပတ္သက္လာရင္ အေမရိကန္ျပည္ေထာင္စုကို ဘယ္လို တည္ၿငိမ္ေအာင္ လုပ္ေဆာင္သြားမယ္ဆိုတာကို ေျပာဆိုမယ္လို႔ ခန႔္မွန္းထားပါတယ္။

ဒုသမၼတ Mike Pence ကေတာ့ စီးပြားေရးနဲ႔ပတ္သက္ၿပီး သူတို႔အစိုးရအဖြဲ႕ လုပ္ေဆာင္ခ်က္ေတြကို အထူးအေလးထား ေျပာဆိုဖို႔ရွိၿပီး သူ႔ရဲ႕ၿပိဳင္ဘက္ ဒီမိုကရက္တစ္ ဒုသမၼတေလာင္းမစၥ Harris ဟာ လက္ဝဲယိမ္း အယူဝါဒျပင္းထန္သူအျဖစ္ ပုံေဖာ္ေျပာဆိုမယ္လို႔ ခန႔္မွန္းထားပါတယ္။

#VOAElections2020

---------------------------

(Unicode)

အမေရိကန် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်မည်

အမေရိကန် ဒုတိယသမ္မတ Mike Pence နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု ဒုတိယသမ္မတလောင်း Kamala Harris တို့ရဲ့ စကားစစ်ထိုးပွဲကို ဒီကနေ့ည ၉ နာရီမှာ ဗွီအိုအေရဲ့ အင်တာနက်စာမျက်နှာ၊ Facebook နဲ့ YouTube တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပါမယ်။

ဒုသမ္မတလောင်း စကားစစ်ထိုးပွဲကို တကြိမ်တည်း လုပ်တာဖြစ်ပြီး အောက်တိုဘာလ ၇ ရက်၊ ဗုဒ္ဓဟူးည၊ အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန် ၉ နာရီ၊ မြန်မာစံတော်ချိန် ကြာသပတေးနေ့မနက် ၇ နာရီခွဲမှာ Utah ပြည်နယ်၊ Salt Lake City မှာရှိတဲ့ Utah ပြည်နယ်တက္ကသိုလ်မှာ ကျင်းပမှာပါ။

ဒီစကားစစ်ထိုးပွဲမှာ မေးခွန်းတွေမေးပြီး Moderator အဖြစ် လုပ်မယ့်သူကတော့ USA Today သတင်းဌာနက ဝါရှင်တန်ဗျူရို အကြီးအကဲ Susan Page ဖြစ်ပါတယ်။

မစ္စတာ Pence နဲ့ မစ္စ Harris တို့ဟာ ကိုဗစ်ရောဂါ သတိပြုကာကွယ်တဲ့အနေနဲ့ တယောက်နဲ့ တယောက် ၁၂ ပေခြား ပြောဆိုကြမှာဖြစ်သလို ကြားထဲမှာလည်း plexiglass လို့ခေါ်တဲ့ မှန်ပြား ကာထားမှာဖြစ်ပါတယ်။

စကားစစ်ထိုးပွဲအတွင်း လက်ရှိ အမေရိကန်ပြည်ထောင်စုမှာ ရင်ဆိုင်နေရတဲ့ COVID-19 ရောဂါ ပျံ့နှံ ကူးစက်မှုကို ကိုင်တွယ်လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး မတူကွဲပြားတဲ့အမြင်တွေကို ပြောဆိုကြမယ်လို့ ခန့်မှန်းထားပါတယ်။

မစ္စ Harris အနေနဲ့ ဒီမိုကရက်တစ်သမ္မလောင်း Joe Biden ဟာ အထူးသဖြင့် ကပ်ရောဂါဘေး၊ လူမျိုးရေးတရားမ ျှတမှုတို့နဲ့ ပတ်သက်လာရင် အမေရိကန်ပြည်ထောင်စုကို ဘယ်လို တည်ငြိမ်အောင် လုပ်ဆောင်သွားမယ်ဆိုတာကို ပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

ဒုသမ္မတ Mike Pence ကတော့ စီးပွားရေးနဲ့ပတ်သက်ပြီး သူတို့အစိုးရအဖွဲ့ လုပ်ဆောင်ချက်တွေကို အထူးအလေးထား ပြောဆိုဖို့ရှိပြီး သူ့ရဲ့ပြိုင်ဘက် ဒီမိုကရက်တစ် ဒုသမ္မတလောင်းမစ္စ Harris ဟာ လက်ဝဲယိမ်း အယူဝါဒပြင်းထန်သူအဖြစ် ပုံဖော်ပြောဆိုမယ်လို့ ခန့်မှန်းထားပါတယ်။

#VOAElections2020

XS
SM
MD
LG