[Zawgyi/Unicode]
အေမရိကန္သမၼတ ေဒၚနယ္လ္ဒ္ ထရမ့္ပ္ဟာ ဒီသီတင္းပတ္အတြင္း အရီဇိုးနားနဲ႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ေတြမွာ မဲဆြယ္စည္း႐ံုးခဲ့ပါတယ္။
"ႏုိဝင္ဘာလ ၃ ရက္ေန႔မွာ ဒီမိုကရက္ေတြကို အႀကီးအက်ယ္ အႏုိင္ယူျပရပါမယ္။ က်ေနာ္ေျပာပံုက သမား႐ိုးက် ဝါရွင္တန္ ႏုိင္ငံေရးသမားတေယာက္နဲ႔ မတူဘူးဆိုရင္ က်ေနာ္က ႏုိင္ငံေရးသမား မဟုတ္တာေၾကာင့္ပါ၊ အဲဒါ သိပ္ေသခ်ာပါတယ္။" လို႔ မဲဆြယ္စည္း႐ံုးပြဲတခုအတြင္း သမၼတထရမ့္ပ္က ေျပာသြားပါတယ္။
အဂၤါေန႔ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ မဲဆြယ္ပြဲမွာေတာ့ လုပ္ငန္းေတြ ပံုမွန္ျပန္ဖြင့္ဖို႔ သမၼတထရမ့္ပ္က ေတာင္းဆိုပါတယ္။ ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ဟာ COVID-19 ပ်ံ႕ႏွံ႔ကူးစက္မႈ ျပန္တက္လာေနတဲ့ ျပည္နယ္တခုျဖစ္ၿပီး ဒီမိုကရက္တစ္ပါတီက ျပည္နယ္အုပ္ခ်ဳပ္ေရးမွဴး Tom Wolf က ပိတ္ပင္ကန္႔သတ္ခ်က္ေတြ ခ်ထားတဲ့အေပၚ သမၼတက မေက်မနပ္ျဖစ္ေနတာပါ။
ပန္ဆယ္လ္ေဗးနီးယား လူထုၾကားမွာ COVID-19 ကူးစက္မႈအႏၲရာယ္ျဖစ္ေစတဲ့ ေဘးကင္းရန္ကင္းမရွိတဲ့ ဒီလို မဲဆြယ္ပြဲေတြ လုပ္တဲ့အေပၚ အုပ္ခ်ဳပ္ေရးမွဴး Wolf က သမၼတထရမ့္ပ္ရဲ႕ မဲဆြယ္စည္း႐ံုးေရးအဖြဲ႔ကို ေဝဖန္ခဲ့ပါတယ္။
ဒီမိုကရက္သမၼတေလာင္း ဂ်ဳိးဘိုင္ဒန္ကေတာ့ ဒီသီတင္းပတ္အတြင္း မဲဆြယ္စည္း႐ံုးပြဲေတြနားထားၿပီး မနက္ျဖန္ ၾကာသပေတးေန႔မွာလုပ္မယ့္ သမၼတေလာင္း စကားစစ္ထိုးပြဲအတြက္ Delaware ျပည္နယ္၊ Wilmingon ၿမိဳ႕က သူ႔ရဲ႕ေနအိမ္မွာေနၿပီး ႀကိဳတင္ျပင္ဆင္ေနပါတယ္။
ပန္ဆယ္လ္ေဗးနီးယားျပည္နယ္ဟာ မစၥတာဘိုင္ဒန္ရဲ႕ ဇာတိျပည္နယ္ျဖစ္ၿပီး ဒီလအတြင္း ေကာက္ယူခဲ့တဲ့ လူထုစစ္တမ္းေတြမွာ မစၥတာဘိုင္ဒန္က မစၥတာထရမ့္ပ္ထက္ ေထာက္ခံမႈအနည္းငယ္အသာနဲ႔ ဦးေဆာင္ေနတာေတြ႔ရၿပီးေတာ့ ကြာျခားခ်က္က နည္းလာေနပါတယ္။
၂၀၁၆ ခုႏွစ္ ေရြးေကာက္ပြဲမွာ သမၼတထရမ့္ပ္က ဒီမိုကရက္သမၼတေလာင္း ဟီလာရီ ကလင္တန္ကို မဲအေရအတြက္ ၄၅,၀၀၀ ေလာက္အသာနဲ႔ ပန္ဆယ္လ္ေဗးနီးယားမွာ အႏိုင္ရခဲ့ပါတယ္။
[Unicode Version]
အမေရိကန်သမ္မတရဲ့ Pennsylvania ပြည်နယ်မဲဆွယ်ပွဲ
အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ ဒီသီတင်းပတ်အတွင်း အရီဇိုးနားနဲ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်တွေမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။
"နိုဝင်ဘာလ ၃ ရက်နေ့မှာ ဒီမိုကရက်တွေကို အကြီးအကျယ် အနိုင်ယူပြရပါမယ်။ ကျနော်ပြောပုံက သမားရိုးကျ ဝါရှင်တန် နိုင်ငံရေးသမားတယောက်နဲ့ မတူဘူးဆိုရင် ကျနော်က နိုင်ငံရေးသမား မဟုတ်တာကြောင့်ပါ၊ အဲဒါ သိပ်သေချာပါတယ်။" လို့ မဲဆွယ်စည်းရုံးပွဲတခုအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။
အင်္ဂါနေ့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ် မဲဆွယ်ပွဲမှာတော့ လုပ်ငန်းတွေ ပုံမှန်ပြန်ဖွင့်ဖို့ သမ္မတထရမ့်ပ်က တောင်းဆိုပါတယ်။ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ဟာ COVID-19 ပျံ့နှံ့ကူးစက်မှု ပြန်တက်လာနေတဲ့ ပြည်နယ်တခုဖြစ်ပြီး ဒီမိုကရက်တစ်ပါတီက ပြည်နယ်အုပ်ချုပ်ရေးမှူး Tom Wolf က ပိတ်ပင်ကန့်သတ်ချက်တွေ ချထားတဲ့အပေါ် သမ္မတက မကျေမနပ်ဖြစ်နေတာပါ။
ပန်ဆယ်လ်ဗေးနီးယား လူထုကြားမှာ COVID-19 ကူးစက်မှုအန္တရာယ်ဖြစ်စေတဲ့ ဘေးကင်းရန်ကင်းမရှိတဲ့ ဒီလို မဲဆွယ်ပွဲတွေ လုပ်တဲ့အပေါ် အုပ်ချုပ်ရေးမှူး Wolf က သမ္မတထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို ဝေဖန်ခဲ့ပါတယ်။
ဒီမိုကရက်သမ္မတလောင်း ဂျိုးဘိုင်ဒန်ကတော့ ဒီသီတင်းပတ်အတွင်း မဲဆွယ်စည်းရုံးပွဲတွေနားထားပြီး မနက်ဖြန် ကြာသပတေးနေ့မှာလုပ်မယ့် သမ္မတလောင်း စကားစစ်ထိုးပွဲအတွက် Delaware ပြည်နယ်၊ Wilmingon မြို့က သူ့ရဲ့နေအိမ်မှာနေပြီး ကြိုတင်ပြင်ဆင်နေပါတယ်။
ပန်ဆယ်လ်ဗေးနီးယားပြည်နယ်ဟာ မစ္စတာဘိုင်ဒန်ရဲ့ ဇာတိပြည်နယ်ဖြစ်ပြီး ဒီလအတွင်း ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေမှာ မစ္စတာဘိုင်ဒန်က မစ္စတာထရမ့်ပ်ထက် ထောက်ခံမှုအနည်းငယ်အသာနဲ့ ဦးဆောင်နေတာတွေ့ရပြီးတော့ ကွာခြားချက်က နည်းလာနေပါတယ်။
၂၀၁၆ ခုနှစ် ရွေးကောက်ပွဲမှာ သမ္မတထရမ့်ပ်က ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန်ကို မဲအရေအတွက် ၄၅,၀၀၀ လောက်အသာနဲ့ ပန်ဆယ်လ်ဗေးနီးယားမှာ အနိုင်ရခဲ့ပါတယ်။