သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ သမၼတေလာင္း စကားစစ္ထိုးပြဲ သမၼတ Trump ၾကားျဖတ္ေျပာတာ ေလွ်ာ့ဖို႔ ခန္႔မွန္း


ပထမအႀကိမ္ စကားစစ္ထုိးပြဲ လုပ္ခဲ့တုန္းက သမၼတ Donald Trump နဲ႔ ဒီမုိကရက္ပါတီ သမၼတေလာင္း Joe Biden. (စက္တင္ဘာ ၂၉၊ ၂၀၂၀)

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပြဲ မတိုင္ခင္ သမၼတေလာင္း ၂ ဦးရဲ႕ ေနာက္ဆံုးအႀကိမ္ စကားစစ္ထုိးပြဲကို ၾကာသပေတးေန႔ က်င္းပတဲ့အခါမွာ ရီပတ္ဘလစ္ကန္ပါတီက သမၼတ Donald Trump ဟာ ဒီမိုကရက္တစ္ပါတီက ဒုသမၼတေဟာင္း Joe Biden ကုိ ပထမဆံုးအႀကိမ္ စကားစစ္ထိုးပြဲတုန္းကလို ၾကားျဖတ္ဝင္ေျပာတာေတြ သိပ္လုပ္ဖုိ႔မရွိေၾကာင္း Trump မဲဆြယ္အဖြဲ႔ အႀကံေပး Jason Miller က အရိပ္အျမြက္ ေျပာၾကားခဲ့ပါတယ္။

တခ်ိဳ႕ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး Joe Biden ဘက္က ရွင္းျပႏုိင္ေအာင္ သမၼတ Trump က အခ်ိန္ေပးမယ္လို႔ သူထင္ေၾကာင္း Fox သတင္းဌာန ေမးျမန္းခန္းမွာ Miller က ေျပာခဲ့တာပါ။

စက္တင္ဘာ ၂၉ ရက္မွာ က်င္းပတဲ့ ပထမအႀကိမ္ စကားစစ္ထုိးပြဲမွာ Trump ေရာ Biden ပါ တေယာက္ေျပာၾကားခ်က္ကို ေနာက္တေယာက္က ထပ္တလဲလဲ ၾကားျဖတ္ေျပာဆိုခဲ့ၾကေပမယ့္ Trump က ပိုမ်ားေနတာျဖစ္ၿပီး ဒီပြဲဟာ အဆိုးဆံုး စကားစစ္ထုိးပြဲတခု ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံေရးသံုးသပ္သူေတြက ေဝဖန္ၾကပါတယ္။

ဒီပြဲမွာ အခန္းအနားမွဴး လုပ္ခဲ့တဲ့ Fox သတင္းဌာနက Chris Wallace ကေတာ့ မိနစ္ ၉၀ ၾကာ စကားစစ္ထိုးပြဲမွာ သမၼတ Trump ဟာ Biden ဒါမွမဟုတ္ သူ႔ကို ၾကားျဖတ္ေျပာဆိုမႈေပါင္း ၁၄၅ ႀကိမ္ လုပ္ခဲ့တယ္လို႔ ေျပာပါတယ္။

လာမယ့္ စကားစစ္ထိုးပြဲမွာ သမၼတ Trump က Biden ကို သူ႔သားကိစၥ New York Post သတင္းစာမွာ ေဖာ္ျပထားတာနဲ႔ ပတ္သက္ၿပီး ရွင္းျပေစခ်င္ေနတယ္လို႔ Miller က တနဂၤေႏြေန႔မွာ ေျပာပါတယ္။

၂၀၀၉-၂၀၁၇ သမၼတ Barack Obama လက္ထက္ ဒုသမၼတအျဖစ္ Biden တာဝန္ထမ္းေဆာင္ေနခ်ိန္က ယူကရိန္းနဲ႔ ပတ္သက္တဲ့ အေမရိကန္ ႏုိင္ငံျခားေရးမူဝါဒ ဆံုးျဖတ္ခ်က္ကို ကိုင္တြယ္ေနတဲ့ သူ႔အဆက္အသြယ္ေတြကေန တဆင့္ သားျဖစ္သူ Hunter Biden ဟာ ယူကရိန္းနဲ႔ သေဘာတူညီခ်က္ေတြကေန အက်ိဳးအျမတ္ေတြ ရခဲ့တယ္လို႔ သတင္းမွာ ေဖာ္ျပထားတာပါ။

ႏုိဝင္ဘာလ ၃ ရက္ေန႔က်င္းပမယ့္ ေရြးေကာက္ပြဲအႀကိဳ စကားစစ္ထိုးပြဲ ေနာက္ဆံုးအခ်ီကို ၾကာသပေတးေန႔မွာ ျပဳလုပ္မွာျဖစ္ေပမယ့္ အေမရိကန္ ႏိုင္ငံတလႊား ႀကိဳတင္မဲေတြ ေပးေနၾကတာျဖစ္ၿပီး အခုအခ်ိန္ထိဆို လူေပါင္း ၂၅ သန္းေက်ာ္ ႀကိဳတင္မဲေပးခဲ့ၿပီး ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကန် သမ္မတလောင်း စကားစစ်ထိုးပွဲ သမ္မတ Trump ကြားဖြတ်ပြောတာ လျှော့ဖို့ ခန့်မှန်း

အမေရိကန်သမ္မတရွေးကောက်ပွဲ မတိုင်ခင် သမ္မတလောင်း ၂ ဦးရဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို ကြာသပတေးနေ့ ကျင်းပတဲ့အခါမှာ ရီပတ်ဘလစ်ကန်ပါတီက သမ္မတ Donald Trump ဟာ ဒီမိုကရက်တစ်ပါတီက ဒုသမ္မတဟောင်း Joe Biden ကို ပထမဆုံးအကြိမ် စကားစစ်ထိုးပွဲတုန်းကလို ကြားဖြတ်ဝင်ပြောတာတွေ သိပ်လုပ်ဖို့မရှိကြောင်း Trump မဲဆွယ်အဖွဲ့ အကြံပေး Jason Miller က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

တချို့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး Joe Biden ဘက်က ရှင်းပြနိုင်အောင် သမ္မတ Trump က အချိန်ပေးမယ်လို့ သူထင်ကြောင်း Fox သတင်းဌာန မေးမြန်းခန်းမှာ Miller က ပြောခဲ့တာပါ။

စက်တင်ဘာ ၂၉ ရက်မှာ ကျင်းပတဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲမှာ Trump ရော Biden ပါ တယောက်ပြောကြားချက်ကို နောက်တယောက်က ထပ်တလဲလဲ ကြားဖြတ်ပြောဆိုခဲ့ကြပေမယ့် Trump က ပိုများနေတာဖြစ်ပြီး ဒီပွဲဟာ အဆိုးဆုံး စကားစစ်ထိုးပွဲတခု ဖြစ်ကြောင်း အမေရိကန် နိုင်ငံရေးသုံးသပ်သူတွေက ဝေဖန်ကြပါတယ်။

ဒီပွဲမှာ အခန်းအနားမှူး လုပ်ခဲ့တဲ့ Fox သတင်းဌာနက Chris Wallace ကတော့ မိနစ် ၉၀ ကြာ စကားစစ်ထိုးပွဲမှာ သမ္မတ Trump ဟာ Biden ဒါမှမဟုတ် သူ့ကို ကြားဖြတ်ပြောဆိုမှုပေါင်း ၁၄၅ ကြိမ် လုပ်ခဲ့တယ်လို့ ပြောပါတယ်။

လာမယ့် စကားစစ်ထိုးပွဲမှာ သမ္မတ Trump က Biden ကို သူ့သားကိစ္စ New York Post သတင်းစာမှာ ဖော်ပြထားတာနဲ့ ပတ်သက်ပြီး ရှင်းပြစေချင်နေတယ်လို့ Miller က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

၂၀၀၉-၂၀၁၇ သမ္မတ Barack Obama လက်ထက် ဒုသမ္မတအဖြစ် Biden တာဝန်ထမ်းဆောင်နေချိန်က ယူကရိန်းနဲ့ ပတ်သက်တဲ့ အမေရိကန် နိုင်ငံခြားရေးမူဝါဒ ဆုံးဖြတ်ချက်ကို ကိုင်တွယ်နေတဲ့ သူ့အဆက်အသွယ်တွေကနေ တဆင့် သားဖြစ်သူ Hunter Biden ဟာ ယူကရိန်းနဲ့ သဘောတူညီချက်တွေကနေ အကျိုးအမြတ်တွေ ရခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားတာပါ။

နိုဝင်ဘာလ ၃ ရက်နေ့ကျင်းပမယ့် ရွေးကောက်ပွဲအကြို စကားစစ်ထိုးပွဲ နောက်ဆုံးအချီကို ကြာသပတေးနေ့မှာ ပြုလုပ်မှာဖြစ်ပေမယ့် အမေရိကန် နိုင်ငံတလွှား ကြိုတင်မဲတွေ ပေးနေကြတာဖြစ်ပြီး အခုအချိန်ထိဆို လူပေါင်း ၂၅ သန်းကျော် ကြိုတင်မဲပေးခဲ့ပြီး ဖြစ်ပါတယ်။

XS
SM
MD
LG