သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒီမိုကရက္သမၼတေလာင္း Joe Biden အႏိုင္ရရွိေရးအတြက္ သမၼတေဟာင္း Barack Obama မဲဆြယ္


အေမရိကန္ သမၼတေဟာင္း Barack Obama

(Zawgyi/Unicode)

အေမရိကန္ သမၼတေဟာင္း Barack Obama က ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း Joe Biden အတြက္ မဲဆြယ္ စည္း႐ုံးေရး လႈပ္ရွားမႈကို ဗုဒၶဟူးေန႔မွာ စတင္လိုက္ပါတယ္။ သူ႔လက္ထက္က ဒုတိယ သမၼတအျဖစ္ တာဝန္ယူခဲ့သူ Biden အတြက္ လူမည္း မဲဆႏၵရွင္ေတြနဲ႔ အသက္အရြယ္ ငယ္ရြယ္သူေတြရဲ့ ေထာက္ခံမႈေတြ ရရွိေစဖို႔ ဦးတည္ၿပီး အခုလို မဲဆြယ္ စည္း႐ုံးေရး ခရီးထြက္တာ ျဖစ္ပါတယ္။

ဒါဟာ နိုဝင္ဘာ သမၼတ ေရြးေကာက္ပြဲအတြက္ အသက္ ၅၉ ႏွစ္အရြယ္ ရွိၿပီျဖစ္တဲ့ သမၼတေဟာင္း အိုဘားမားရဲ့ ပထမဆုံးအႀကိမ္ လူ ကိုယ္တိုင္ မဲဆြယ္ပြဲလည္း ျဖစ္ၿပီး Pennsylvania ျပည္နယ္၊ Philadelphia ၿမိဳ႕က အားကစားကြင္းထဲ ကားကိုယ္စီနဲ႔ လာေရာက္ ၾကမယ့္ မဲဆႏၵရွင္ေတြကို မဲဆြယ္ တရားေဟာမွာ ျဖစ္ပါတယ္။

သမၼတ ေဒၚနယ္ ထရမ့္ကေတာ့ နိုဝင္ဘာ ၃ ရက္ ေရြးေကာက္ပြဲအနိုင္ရေရး ေသာ့ခ်က္က်တဲ့ ေျမာက္ကယ္ရိုလိုင္းနား ျပည္နယ္မွာ မဲ ဆြယ္ပြဲေတြ လုပ္မွာ ျဖစ္ပါတယ္။

လူထု သေဘာထား စစ္တမ္းေတြမွာ သမၼတ ထရမ့္ ေရွ႕ကေျပးေနတဲ့ အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ Joe Biden က ဗုဒၶဟူး ေန႔မွာ တတိ ယ ေျမာက္ေန႔ ဆက္တိုက္ လူထုနဲ႔ ေတြ႕ဆုံပြဲ လုပ္ဖို႔ မရွိတာေၾကာင့္ သမၼတ ထရမ့္က သူ႔ကို ပုန္းခိုေနတယ္ဆိုၿပီး စြပ္စြဲ ထား ပါတယ္။

Joe Biden ဟာ Tennessee ျပည္နယ္၊ Nashville ၿမိဳ႕မွာ ၾကာသပေတးေန႔မွာ က်င္းပမယ့္ စကားစစ္ထိုး ပြဲ အတြက္ ျပင္ဆင္ေနတယ္ လို႔ ရဲ့ သူ႔ရဲ့ မဲဆြယ္ စည္း႐ုံးေရး အဖြဲ႕ကေျပာပါတယ္။

သမၼတ ေဟာင္း အိုဘားမားက ဒီမိုကရက္တစ္ ပါတီ သမၼတေလာင္း ေရြးခ်ယ္ပြဲ တစ္ေလၽွာက္လုံး တိုက္ရိုက္ပါဝင္ျခင္းမရွိဘဲ ေဘးက သာ ေနခဲ့တာ ျဖစ္ေပမဲ့ Joe Biden သမၼတေလာင္းအျဖစ္ အေရြးခံရၿပီးေနာက္ပိုင္းမွာေတာ့ Biden ကို စိတ္ေရာ ကိုယ္ပါ ေထာက္ခံမႈ ေပးခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္နိုင္ငံရဲ့ လူႀကိဳက္မ်ားတဲ့ ပထမဆုံး လူမည္း သမၼတက ငယ္ရြယ္သူနဲ႔ လူမည္း မဲဆႏၵရွင္ေတြ မဲ႐ုံေတြမွာ မဲေပးလာေအာင္ လႈံေဆာ္ေပးနိုင္လိမ့္မယ္လို႔လည္း Biden ရဲ့ အဖြဲ႕က ေမၽွာ္လင့္ေနပါတယ္။

အာဖရိကန္ အေမရိကန္ လူမည္း မဲဆႏၵရွင္ေတြက ၂၀၀၈ နဲ႔ ၂၀၁၂ သမၼတ ေရြးေကာက္ပြဲေတြမွာ စံခ်ိန္တင္ ပါဝင္မဲေပးခဲ့ပါတယ္။ ၂၀၁၆ ေရြးေကာက္ပြဲမွာေတာ့ မဲေပးသူ ဦးေရ က်ဆင္းခဲ့ၿပီး အဲဒီအခ်က္ကပဲ ထရမ့္က ဟီလာရီ ကလင္တန္အေပၚ အနိုင္ရသြားေစတဲ့ အခ်က္ တစ္ခ်က္ ျဖစ္ခဲ့ပါတယ္။

အဂၤါေန႔က ထုတ္ျပန္ခဲ့တဲ့ ဗီြဒီယိုမွာေတာ့ အိုဘားမားက ငယ္ရြယ္သူ မဲဆႏၵရွင္ေတြကို တိုက္ရိုက္ဦးတည္ စည္း႐ုံးလိုက္ပါတယ္။

ငယ္ရြယ္သူ အေမရိကန္ေတြ အေျပာင္းအလဲကို ရရွိဖို႔ တိုက္ပြဲဝင္ စည္း႐ုံး ေနၾကတာက ဒီႏွစ္ေရြးေကာက္ပြဲအတြက္ စိတ္အားတက္စရာေကာင္းတယ္လို႔ အိုဘားမားက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဒီမိုကရက်သမ္မတလောင်း Joe Biden အနိုင်ရရှိရေးအတွက် သမ္မတဟောင်း Barack Obama မဲဆွယ်

(Unicode)

အမေရိကန် သမ္မတဟောင်း Barack Obama က ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden အတွက် မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုကို ဗုဒ္ဓဟူးနေ့မှာ စတင်လိုက်ပါတယ်။ သူ့လက်ထက်က ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သူ Biden အတွက် လူမည်း မဲဆန္ဒရှင်တွေနဲ့ အသက်အရွယ် ငယ်ရွယ်သူတွေရဲ့ ထောက်ခံမှုတွေ ရရှိစေဖို့ ဦးတည်ပြီး အခုလို မဲဆွယ် စည်းရုံးရေး ခရီးထွက်တာ ဖြစ်ပါတယ်။

ဒါဟာ နိုဝင်ဘာ သမ္မတ ရွေးကောက်ပွဲအတွက် အသက် ၅၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ သမ္မတဟောင်း အိုဘားမားရဲ့ ပထမဆုံးအကြိမ် လူ ကိုယ်တိုင် မဲဆွယ်ပွဲလည်း ဖြစ်ပြီး Pennsylvania ပြည်နယ်၊ Philadelphia မြို့က အားကစားကွင်းထဲ ကားကိုယ်စီနဲ့ လာရောက် ကြမယ့် မဲဆန္ဒရှင်တွေကို မဲဆွယ် တရားဟောမှာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ကတော့ နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအနိုင်ရရေး သော့ချက်ကျတဲ့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ မဲ ဆွယ်ပွဲတွေ လုပ်မှာ ဖြစ်ပါတယ်။

လူထု သဘောထား စစ်တမ်းတွေမှာ သမ္မတ ထရမ့် ရှေ့ကပြေးနေတဲ့ အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ Joe Biden က ဗုဒ္ဓဟူး နေ့မှာ တတိ ယ မြောက်နေ့ ဆက်တိုက် လူထုနဲ့ တွေ့ဆုံပွဲ လုပ်ဖို့ မရှိတာကြောင့် သမ္မတ ထရမ့်က သူ့ကို ပုန်းခိုနေတယ်ဆိုပြီး စွပ်စွဲ ထား ပါတယ်။

Joe Biden ဟာ Tennessee ပြည်နယ်၊ Nashville မြို့မှာ ကြာသပတေးနေ့မှာ ကျင်းပမယ့် စကားစစ်ထိုး ပွဲ အတွက် ပြင်ဆင်နေတယ် လို့ ရဲ့ သူ့ရဲ့ မဲဆွယ် စည်းရုံးရေး အဖွဲ့ကပြောပါတယ်။

သမ္မတ ဟောင်း အိုဘားမားက ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ရွေးချယ်ပွဲ တစ်လျှောက်လုံး တိုက်ရိုက်ပါဝင်ခြင်းမရှိဘဲ ဘေးက သာ နေခဲ့တာ ဖြစ်ပေမဲ့ Joe Biden သမ္မတလောင်းအဖြစ် အရွေးခံရပြီးနောက်ပိုင်းမှာတော့ Biden ကို စိတ်ရော ကိုယ်ပါ ထောက်ခံမှု ပေးခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ လူကြိုက်များတဲ့ ပထမဆုံး လူမည်း သမ္မတက ငယ်ရွယ်သူနဲ့ လူမည်း မဲဆန္ဒရှင်တွေ မဲရုံတွေမှာ မဲပေးလာအောင် လှုံဆော်ပေးနိုင်လိမ့်မယ်လို့လည်း Biden ရဲ့ အဖွဲ့က မျှော်လင့်နေပါတယ်။

အာဖရိကန် အမေရိကန် လူမည်း မဲဆန္ဒရှင်တွေက ၂၀၀၈ နဲ့ ၂၀၁၂ သမ္မတ ရွေးကောက်ပွဲတွေမှာ စံချိန်တင် ပါဝင်မဲပေးခဲ့ပါတယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာတော့ မဲပေးသူ ဦးရေ ကျဆင်းခဲ့ပြီး အဲဒီအချက်ကပဲ ထရမ့်က ဟီလာရီ ကလင်တန်အပေါ် အနိုင်ရသွားစေတဲ့ အချက် တစ်ချက် ဖြစ်ခဲ့ပါတယ်။

အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုမှာတော့ အိုဘားမားက ငယ်ရွယ်သူ မဲဆန္ဒရှင်တွေကို တိုက်ရိုက်ဦးတည် စည်းရုံးလိုက်ပါတယ်။

ငယ်ရွယ်သူ အမေရိကန်တွေ အပြောင်းအလဲကို ရရှိဖို့ တိုက်ပွဲဝင် စည်းရုံး နေကြတာက ဒီနှစ်ရွေးကောက်ပွဲအတွက် စိတ်အားတက်စရာကောင်းတယ်လို့ အိုဘားမားက ပြောပါတယ်။

XS
SM
MD
LG