(Zawgyi/Unicode)
အေမရိကန္သမၼတေရြးေကာက္ပြဲ က်င္းပဖို႔ ၁၅ ရက္ပဲ လိုေတာ့ခ်ိန္မွာ ႀကိဳတင္မဲေပးခဲ့သူေပါင္းက သန္းနဲ႔ခ်ီရွိေနပါၿပီ။ တႏိုင္ငံလံုး အတိုင္းအတာနဲ႔ေကာက္ယူတဲ့ ေရြးေကာက္ပြဲစစ္တမ္း မွာေတာ့. ဒီမိုကရက္တစ္ပါတီကေန ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဂ်ိဳးဘိုင္ဒင္က ရီပတ္ဘလစ္ကင္ပါတီက သမၼတေဒၚနယ္ထရမ့္ထက္ လူႀကိဳက္ပိုမ်ားေနတာ ေတြ႔ရပါတယ္။
ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္က သမၼတထရမ့္ထက္ ၉ မွတ္ ဒါမွမဟုတ္ ၁၀ မွတ္ ေလာက္ သာေနတယ္လို႔ စစ္တမ္းေတြမွာ ေဖၚျပေနေပမယ့္ သမၼတထရမ့္ကေတာ့ ဒုတိယသက္တမ္းအတြက္ သူျပန္ အေရြးခံရမယ္လို႔ ယံုၾကည္ထားဆဲ ျဖစ္ပါတယ္။
ဒီႏွစ္ေတာ့ ထူးထူးျခားျခားပဲ ႀကိဳတင္မဲေပးခဲ့သူေပါင္းက ၂၈ သန္း နီးပါးရွိေနတာပါ။ အခုလို ႀကိဳတင္မဲ ေပးရတာ အေမရိကန္ႏိုင္ငံတြင္း လက္ရွိျဖစ္ပြါးေနတဲ့ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ ေၾကာင့္ ႏိုဝင္ဘာလ ၃ ရက္ ေရြးေကာက္ပြဲမဲေပးတဲ့ ေန႔က်ရင္ မဲရံုေတြမွာ တျခားမဲလာေပးသူေတြနဲ႔ ထိပ္တိုက္ေတြ႔ဆံုမႈကို ေရွာင္ရွားခ်င္တာေၾကာင့္ ျဖစ္ေၾကာင္း မဲေပးသူတခ်ိဳ႕က ေျပာပါတယ္။
တခ်ိန္ထဲမွာပဲ ဒီမိုကရက္တစ္ ပါတီဝင္ တခ်ိဳ႕က သူတို႔ဟာ သမၼတထရမ့္ကို ျဖဳတ္ခ်ဖို႔ အရင္ဆံုး လုပ္ခ်င္တာေၾကာင့္ အခုလို ႀကိဳတင္မဲေပးတာလို႔ ေျပာၾကသလို ေရြးေကာက္ပြဲ ဆန္းစစ္ေလ့လာသူေတြကေတာ့ ရီပတ္ဘလစ္ကင္ အမ်ားစုက အေမရိကန္ျပည္ေထာင္စုရဲ႕ ပံုမွန္ လုပ္ရိုးလုပ္စဥ္အတိုင္း ေရြးေကာက္ပြဲေန႔ ေရာက္မွသာ လူကိုယ္တုိင္ မဲေပးမယ္လို႔ ေၾကညာထားၾကတယ္လို႔ ေျပာပါတယ္။
ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲတုန္းကလည္း ေရြးေကာက္ပြဲအႀကိဳစစ္တမ္းေတြမွာ ထရမ့္က ဒီမိုကရက္တစ္ပါတီက Hillary Clinton ထက္ လူႀကိဳက္နည္းေပမယ့္ Pennsylvania, Michigan နဲ႔ Wisconsin အပါအဝင္ အႀကိတ္အနယ္ယွဥ္ၿပိဳင္ရတဲ့ ျပည္နယ္ေတြမွာ မဲဆြယ္မႈေတြ အျပင္းအထန္ လုပ္ခဲ့ၿပီးတဲ့ေနာက္ အႏိုင္ရခဲ့တာ ျဖစ္ပါတယ္။
ေရြးေကာက္ပြဲမတိုင္ခင္ ျပဳလုပ္တဲ့ တတိယအႀကိမ္ သမၼတေလာင္း ၂ ဦးရဲ့ စကားစစ္ထိုးပြဲကို ၾကာသပေတးေန႔မွာ က်င္းပမွာ ျဖစ္ၿပီး ဂ်ိဳးဘိုင္ဒင္က ဒီစကားစစ္ထိုးပြဲ အတြက္ ျပင္ဆင္မႈေတြ လုပ္ဖုိ႔ တနလၤာေန႔မွာ မဲဆြယ္ပြဲမလုပ္ပဲ နားထားေပမယ့္ သမၼတထရမ့္ကေတာ့ Arizona ျပည္နယ္ က ၿမိဳ႕ ၂ ၿမိဳ႕မွာ မဲဆြယ္ပြဲက်င္းပဖို႔ သြားေရာက္ေနပါတယ္။
..............
စစ်တမ်းတွေအရ Biden က Trump ထက် အသာစီးရနေ
(Unicode)
အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ ၁၅ ရက်ပဲ လိုတော့ချိန်မှာ ကြိုတင်မဲပေးခဲ့သူပေါင်းက သန်းနဲ့ချီရှိနေပါပြီ။ တနိုင်ငံလုံး အတိုင်းအတာနဲ့ကောက်ယူတဲ့ ရွေးကောက်ပွဲစစ်တမ်း မှာတော့. ဒီမိုကရက်တစ်ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုးဘိုင်ဒင်က ရီပတ်ဘလစ်ကင်ပါတီက သမ္မတဒေါ်နယ်ထရမ့်ထက် လူကြိုက်ပိုများနေတာ တွေ့ရပါတယ်။
ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က သမ္မတထရမ့်ထက် ၉ မှတ် ဒါမှမဟုတ် ၁၀ မှတ် လောက် သာနေတယ်လို့ စစ်တမ်းတွေမှာ ဖေါ်ပြနေပေမယ့် သမ္မတထရမ့်ကတော့ ဒုတိယသက်တမ်းအတွက် သူပြန် အရွေးခံရမယ်လို့ ယုံကြည်ထားဆဲ ဖြစ်ပါတယ်။
ဒီနှစ်တော့ ထူးထူးခြားခြားပဲ ကြိုတင်မဲပေးခဲ့သူပေါင်းက ၂၈ သန်း နီးပါးရှိနေတာပါ။ အခုလို ကြိုတင်မဲ ပေးရတာ အမေရိကန်နိုင်ငံတွင်း လက်ရှိဖြစ်ပွါးနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကြောင့် နိုဝင်ဘာလ ၃ ရက် ရွေးကောက်ပွဲမဲပေးတဲ့ နေ့ကျရင် မဲရုံတွေမှာ တခြားမဲလာပေးသူတွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ရှောင်ရှားချင်တာကြောင့် ဖြစ်ကြောင်း မဲပေးသူတချို့က ပြောပါတယ်။
တချိန်ထဲမှာပဲ ဒီမိုကရက်တစ် ပါတီဝင် တချို့က သူတို့ဟာ သမ္မတထရမ့်ကို ဖြုတ်ချဖို့ အရင်ဆုံး လုပ်ချင်တာကြောင့် အခုလို ကြိုတင်မဲပေးတာလို့ ပြောကြသလို ရွေးကောက်ပွဲ ဆန်းစစ်လေ့လာသူတွေကတော့ ရီပတ်ဘလစ်ကင် အများစုက အမေရိကန်ပြည်ထောင်စုရဲ့ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ရွေးကောက်ပွဲနေ့ ရောက်မှသာ လူကိုယ်တိုင် မဲပေးမယ်လို့ ကြေညာထားကြတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းကလည်း ရွေးကောက်ပွဲအကြိုစစ်တမ်းတွေမှာ ထရမ့်က ဒီမိုကရက်တစ်ပါတီက Hillary Clinton ထက် လူကြိုက်နည်းပေမယ့် Pennsylvania, Michigan နဲ့ Wisconsin အပါအဝင် အကြိတ်အနယ်ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ မဲဆွယ်မှုတွေ အပြင်းအထန် လုပ်ခဲ့ပြီးတဲ့နောက် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် ပြုလုပ်တဲ့ တတိယအကြိမ် သမ္မတလောင်း ၂ ဦးရဲ့ စကားစစ်ထိုးပွဲကို ကြာသပတေးနေ့မှာ ကျင်းပမှာ ဖြစ်ပြီး ဂျိုးဘိုင်ဒင်က ဒီစကားစစ်ထိုးပွဲ အတွက် ပြင်ဆင်မှုတွေ လုပ်ဖို့ တနင်္လာနေ့မှာ မဲဆွယ်ပွဲမလုပ်ပဲ နားထားပေမယ့် သမ္မတထရမ့်ကတော့ Arizona ပြည်နယ် က မြို့ ၂ မြို့မှာ မဲဆွယ်ပွဲကျင်းပဖို့ သွားရောက်နေပါတယ်။