ဂေဟဗေဒစနစ်ကောင်းတွေရှိရာတောင်အမေရိကတိုက်က မစ်ဆီယိုနီ( Misones) အမြဲစိမ်းသစ်တောကြီးထဲမှာ ဥတုရာသီပြောင်းလဲမှုနဲ့တောလိုက်မုဆိုးတွေကြောင့်ဒဏ်ရာရ တိရိစ္တာန်တွေကိုရွီယိုလာ (Guiraoga) စင်တာမှာပြုစုပျိုးထောင်ပေးနေပါတယ်။ နန်းလောင်ဝ်က ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် သွားရောက် ရိုက်ကူး တင်ဆက်ထားပါတယ်။
တကမ္ဘာလုံး လေထုညစ်ညမ်းမှုနဲ့ရင်ဆိုင်နေရပြီး ကင်ဆာနဲ့အမေ့လွန်ရောဂါအပါအဝင် လူ့ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်လာနေတယ်လို့ စောင့်ကြည့်အဖွဲ့တွေကပြောပါတယ်။ ဥရောပနဲ့ တရုတ်နိုင်ငံတို့မှာတော့ လေထုအရည်အသွေး အနည်းငယ်တိုးတက်လာပါတယ်။ ဘာကြောင့်ပါလဲ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းစောင့်ရှောက်ရေးမှာ အမေရိကန်ရဲ့ပါဝင်မှုမရေရာတော့ပေမယ့်လည်း နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုက အားကောင်းနေဆဲပါ။ ဇီဝမျိုးစုံထိန်းသိမ်းရေးရှေ့လမ်းစဥ်တွေ ရောမညီလာခံမှာချမှတ်နိုင်ခဲ့ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာနန်းလောင်ဝ်တင်ပြထားပါတယ်။
အချိုရည်တွေသောက် ပလတ်စတစ်ပိုက်တွေကို ပြန်အသုံးပြုဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကအမိန့်ထုတ်ပြန်လိုက်တဲ့အပေါ် စိုးရိမ်သံတွေထွက်လာပါတယ်။ သေးငယ်တဲ့ပလတ်စတစ်ပိုက်ကိစ္စဟာ သဘာဝပတ်ဝန်းကျင်နဲ့ကမ္ဘာ့ရေထုညစ်ညမ်းမှုမှာ ထင်ရှားတဲ့ လက္ခဏာ တရပ်ဖြစ်လာပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဇန်နဝါရီလမှာတိုက်ခတ်လာတဲ့ လာနီညာအအေးလှိုင်းဟာ အရင်တုန်းကလို ကမ္ဘာ့အပူချိန်တွေကို ထိန်းညှိပေးနိုင်ခြင်းသိပ်မရှိတော့ပါဘူး။ ပြီးခဲ့တဲ့ ၂ နှစ်ကလိုပဲ ဒီနှစ်မှာလည်း ကမ္ဘာတဝန်းလုံးအပူချိန်တွေမြင့်နေဦးမယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
Donald Trump သမ္မတဖြစ်လာတဲ့အချိန်မှာပဲ ဥတုရာသီနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမိန့်တွေ တသီကြီးထုတ်ပြန်လိုက်ပါတယ်။ဒီဆောင်ရွက်ချက်တွေကြောင့် ဥတုရာသီပြောင်းလဲမှုထိန်းချုပ်ရေးတရုတ်နိုင်ငံက ဦးဆောင်သူဖြစ်လာနိုင်တယ်လိုလည်း လေ့လာသူတွေကသုံးသပ်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
ကမ္ဘာ့ရေထုရဲ့ ၁ ရာခိုင်နှုန်းသာရှိတဲ့ရေချိုတွေနဲ့ ရေချိုသတ္တဝါမျိုးစိတ် ၄ ပုံ ၁ ပုံနီးပါးဟာ ရေထုညစ်ညမ်းမှု၊ တာတမံတည်ဆောက်မှု၊ ရေထုတ်ယူမှုနဲ့ ဥတုရာသီပြောင်းလဲမှု စတဲ့လူ့လုပ်ရပ်တွေကြောင့် မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ ကြုံနေရပါပြီ။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
၂၀၂၄ ခုနှစ်ဟာ စံချိန်တင်ခဲ့သမျှအပူချိန်အမြင့်ဆုံးရောက်ရှိလာတယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ အပူချိန်မြင့်တက်မှုနဲ့ဆက်စပ်ပြီး သဘာဝဘေးတွေ ပြင်းထန်အားကောင်းလာသလို ကုန်းနေ ရေနေသတ္တဝါအပါအဝင် ဂေဟဗေဒစနစ်တွေလည်း ပိုပြီးထိခိုက်လာတယ်လို့လည်း ထောက်ပြကြပါတယ်။
မဲခေါင်မြစ်ပေါ်က အဓိကရေလှောင်တမံကြီးတွေမှာ ရေသိုလှောင်နိုင်တဲ့အမြင့်ဆုံးပမာဏထိ ရေတက်လာတဲ့အတွက် မြစ်အောက်ပိုင်းနိုင်ငံတွေ လာမဲ့နွေရာသီအတွက် ကြိုတင်ပြင်ဆင်ထားဖို့မဲခေါင်မြစ်အရေးစောင့်ကြည့်လေ့လာနေတဲ့ Mekong Dam Monitor (MDM)အကြံပြုပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်ကတင်ပြထားပါတယ်။ ..
ကမ္ဘာ့အပူချိန်တွေနှစ်စဥ်စံချိန်တင်မြင့်တက်လာတဲ့အတွက်ဖုန်းဆိုးမြေတွကျယ်လာပြီး သောက်သုံးရေတွေရှားပါးလာရုံမက သစ်တောပါပြုန်းတီးလာပါတယ်။ဂေဟဗေဒစနစ်တွေထိခိုက်ပျက်စီးပြီးစားနပ်ရိက္ခာရှားပါးမှုပိုဆိုးလာနိုင်ခြေရှိနေပြီလို့လည်း ကုလက သတိပေးလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုဟာ လူ့ကျန်းမာရေးကို ထိခိုက်လာတဲ့အဆင့်ထိ စံချိန်တင်ရောက်ရှိလာပြီး မိုးခေါင်ရေရှားတာ၊ ရေကြီးလျှံတာကနေ အငတ်ဘေးဆိုက်တဲ့ အထိတောင်ရောက်လာပြီလို့ The Lancet ကမ္ဘာ့ထိပ်တန်းကျန်းမာရေးပညာရှင်တွေက သတိပေးလိုက်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာညီလာခံ COP29 ကိုတက်ရောက်လာကြတဲ့လူငယ်တွေက ဥတုရာသီဥတု ဖေါက်ပြန်မှုတိုက်ဖျက်ရေးမအောင်မြင်တဲ့အတွက် စိတ်ပျက်နေကြပါတယ်။ အနာဂတ်ကို ပုံဖော်မယ့် မူဝါဒတွေချမှတ်တဲ့နေရာမှာ လူငယ်တွေပိုမိုပါဝင်ခွင့်ရဖို့လည်း လိုလားနေကြပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ကမ္ဘာတဝန်းလုံးက အပင်မျိုးစိတ် ၃၀ ရာခိုင်နှုန်းကျော်မျိုးတုန်းပျောက်ကွယ်မယ့်ဘေးနဲ့ရင်ဆိုင်နေရပြီလို့ IUCN ကပြောပါတယ်။မျိုးတုန်းပျောက်ကွယ်နိုင်ခြေရှိနေတဲ့တိရိစ္ဆာန်မျိုးစိတ်အရေအတွက်ထက် အပင်မျိုးစိတ်တွေကနှစ်ဆမကပိုများတယ်လို့လည်း ဆိုထားပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်ကတင်ပြထားပါတယ်။
Wonder of Nature ကမ္ဘာ့အံ့ဖွယ်သဘာဝတရားကြီး ၇ ခုထဲက တခုအပါအဝင်ဖြစ်တဲ့ Iguazu ရေတံခွန်ကြီးဟာ အမေရိကန်နဲ့ ကနေဒါနှစ်နိုင်ငံကြားက Niagara ရေတံခွန်ကြီးထက်ပိုမြင့်သလို ဇမ်ဘီယားနဲ့ ဇင်ဘာဘွေနှစ်နိုင်ငံကြားက Victoria ရေတံခွန်ထက်လည်း ၃ ဆလောက် ပိုကျယ်ပါတယ်။
ရေခဲလွှာရေခဲမြစ်တွေရှိရာ Patagonia ဒေသနဲ့ တောင်ဝင်ရိုးစွန်းကြားမှာရှိတဲ့ Ushuaia မြို့ကလေး ကြမ်းတမ်းလှတဲ့ရာသီဥတုဟာ ကမ္ဘာ့ပူနွေးမှုဂယက်ကြောင့်ပိုလို့တောင်ခန့်မှန်းရခက်ပြီး ဂေဟဗေဒစနစ်တွေလည်း ထိခိုက်လာနေပါတယ်။ ဥတုရာသီနဲ့ အနာဂတ်ကမ္ဘာအစီအစဥ်အတွက် နန်းလောင်ဝ်က သွားရောက်ရိုက်ကူးတင်ဆက်ထားပါတယ်။
အာဂျင်တီးနားနိုင်ငံ၊ Patagonia ဒေသမှာရှိတဲ့ ကမ္ဘာ့ရေချိုတတိယအများဆုံးသိုလှောင်ထားရာ Perito Moreno Glacier ရေခဲထုကြီးမှာ ကမ္ဘာ့အပူချိန်မြင့်တက်မှုကြောင့် အရည်ပျော်ဆင်းမှု မြန်ဆန်လာနေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်အတွက် Perito Moreno Glacier ကနေနန်းလောင်ဝ်ကရိုက်ကူးတင်ပြထားပါတယ်။
သဘာဝဘေးဒဏ်တွေကြောင့် အနာဂတ်မျိုးဆက်တွေရဲ့ ဘဝရှင်သန်ရပ်တည်နိုင်ရေး စိုးရိမ်သံတွေတိုးလာချိန်မှာ လူဝံမျိုးနွယ်တွေကို လေ့လာသူ Jane Goodall ကတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကမ္ဘာတဝန်းကလူငယ်တွေကိုယ်တိုင် အကောင်အထည်ဖော်နိုင်အောင်ကြိုးပမ်းနေပါတယ်။ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဥတုရာသီပြောင်းလဲမှုပြီးရင် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးစေတဲ့နောက်ထပ်အကြောင်းအရာကတော့ ကျူးကျော်မျိုးစိတ်ပြဿနာပါ။ ဒါကြောင့်လည်း အစိုးရနဲ့ ဒေသအာဏာပိုင်တွေက ကျူးကျော်မျိုးစိတ်ခြေမှုန်းရေး ဦးစားပေး ဆောင်ရွက်နေပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာအစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
လူဝံမျိုးနွယ်တွေကိုလေ့လာမှုနဲ့ ကမ္ဘာမှာထင်ရှားသူ Jane Goodall ဟာ ဥတုရာသီပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်အရေးကို အားစိုက်ဆောင်ရွက်နေသူလည်းဖြစ်ပါတယ်။ ကမ္ဘာတဝန်းကလူငယ်တွေကိုယ်တိုင် သူတို့အနာဂတ်အရေး အားထုတ်လာအောင်လည်း ကြိုးပမ်းနေသူဖြစ်ပါတယ်။ ဥတုရာသီနဲ့အနာဂတ်ကမ္ဘာ အစီအစဥ်မှာ နန်းလောင်ဝ်က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်