သုံးရလွယ်ကူစေသည့် Link များ
logo-print
နောက်ဆုံးရသတင်း
အမေရိကန်သမ္မတလောင်းတွေ စကားစစ်ထိုးပွဲ ကျင်းပမယ့် စင်မြင့်။ (အောက်တိုဘာ ၂၁၊ ၂၀၂၀)
[Zawgyi/Unicode]
[Unicode]
အမေရိကန်သမ္မတလောင်း နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲ တိုက်ရိုက်ထုတ်လွှင့်မည်
အမေရိကန်သမ္မတရွေးကောက်ပွဲဝင်မယ့် သမ္မတလောင်းတွေရဲ့ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို အောက်တိုဘာလ ၂၃ ရက်၊ မြန်မာစံတော်ချိန် သောကြာနေ့ နံနက် ၇ နာရီခွဲ (အမေရိကန် အရှေ့ပိုင်းဒေသစံတော်ချိန်၊ အောက်တိုဘာလ ၂၂ ရက်၊ ကြာသပတေးည ၉နာရီ) မှာ ကျင်းပမှာဖြစ်ပါတယ်။
လက်ရှိသမ္မတ Donald Trump နဲ့ ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း၊ ဒုတိယသမ္မတဟောင်း Joe Biden တို့ရဲ့ ဒီ နောက်ဆုံးအကြိမ် စကားစစ်ထိုးပွဲကို ဗွီအိုအေရဲ့ အင်တာနက်စာမျက်နှာ (burmese.voanews.com)၊ Facebook (VOA.Burmese.News) နဲ့ YouTube (VOABurmesechannel) တို့ကနေ တိုက်ရိုက်ထုတ်လွှင့်သွားပါမယ်။
စကားစစ်ထိုးပွဲနဲ့ဆိုင်တဲ့ အချက်အလက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
နေ့ရက်/အချိန် - အောက်တိုဘာလ ၂၃ ရက်၊ သောကြာနေ့၊ မြန်မာစံတော်ချိန် နံနက် ၇ နာရီခွဲမှ ၉ နာရီ။
နေရာ - Belmont တက္ကသိုလ်၊ Nashville မြို့၊ Tennessee ပြည်နယ်။
အစီအစဉ်မှူး - Kristen Welker ၊ NBC သတင်းဌာန။
ထူးခြားချက် - သမ္မတလောင်းတစ်ယောက် ပြောဆိုနေချိန်မှာ နောက်တယောက်ရဲ့ မိုက်ကရိုဖုန်းကို ၂ မိနစ်ကြာ ပိတ်ထားပါမယ်။
အကြောင်းအရာများ - စုစုပေါင်း ၆ ခု။ (၁။ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးဆိုင်ရာ။ ၂။ အမေရိကန် မိသားစုများရေးရာ။ ၃။ လူမျိုးရေးဆိုင်ရာကိစ္စရပ်များ။ ၄။ ဥတုရာသီပြောင်းလဲမှု။ ၅။ အမေရိကန် နိုင်ငံလုံခြုံရေး။ ၆။ ခေါင်းဆောင်မှု)
ဗွီအိုအေအစီအစဉ်တွေကို အားပေး နားဆင် ကြည့်ရှုတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။
၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ
XS
SM
MD
LG