သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

သမၼတ Trump တ႐ုတ္မွာ ဘဏ္စာရင္းဖြင့္ခဲ့ေၾကာင္း New York Times ေဖာ္ျပ


အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္

(Zawgyi/Unicode)

အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က တ႐ုတ္နိုင္ငံမွာ ၁၀ ႏွစ္ၾကာ စီးပြားေရး လုပ္ငန္းေတြမေအာင္မျမင္နဲ႔ ရွာေဖြခဲ့သလို ႐ုံးခန္း တစ္ခန္းလည္း ဖြင့္လွစ္ခဲ့ၿပီး တ႐ုတ္အစိုးရ ထိန္းခ်ဳပ္ထားတဲ့ ကုမၸဏီႀကီးတစ္ခုနဲ႔ စီးပြားဘက္ျဖစ္ေအာင္ ေဆာင္ရြက္ခဲ့တယ္လို႔ New York Times သတင္းစာက ေျပာပါတယ္။

ၿဗိတိန္နဲ႔ အိုင္ယာလန္နိုင္ငံတို႔က လြဲရင္ တ႐ုတ္နိုင္ငံ တစ္နိုင္ငံတည္းမွာသာ ထရမ့္က ဘဏ္စာရင္း ဖြင့္လွစ္ထားတာ ျဖစ္တယ္လို႔ လည္း ထရမ့္ရဲ့ အခြန္ ေပးေဆာင္မႈ စာရြက္စာတမ္းေတြကို ကိုးကားၿပီး New York Times က ေရးထားတာပါ။

တ႐ုတ္နိုင္ငံက ဘဏ္အေကာင့္ကို ထရမ့္ နိုင္ငံတကာ ဟိုတယ္ စီမံခန္႔ခြဲေရး ကုမၸဏီက ထိန္းခ်ဳပ္ထားတာ ျဖစ္ေၾကာင္း၊ တ႐ုတ္နိုင္ငံ ထဲ စီးပြားေရးအခြင့္အလမ္းေတြ ရွာေဖြေနခ်ိန္ ၂၀၁၃ က ၂၀၁၅ ခုႏွစ္အတြင္း အေမရိကန္ေဒၚလာ ၁၈၈,၅၆၁ ေဒၚလာကို အခြန္ေပးေဆာင္ ခဲ့ ေၾကာင္း အခြန္မွတ္တမ္းေတြ အရ သိရပါတယ္။

ထရမ့္ စီးပြားေရးအဖြဲ႕ရဲ့ ေရွ႕ေနျဖစ္သူ Alan Garten ကေတာ့ ေဒသဆိုင္ရာ အခြန္ေငြ ေတြ ေပးေဆာင္ဖို႔ တ႐ုတ္ ဘဏ္တစ္ခုမွာ အေကာင့္စာရင္း ဖြင့္ခဲ့ရတာလို႔ New York Times သတင္းစာကို ေျဖၾကားခဲ့ပါတယ္။ တ႐ုတ္နိုင္ငံအတြင္း ႐ုံးခန္း ဖြင့္အၿပီးမွာ ဘဏ္ ဘဏ္စာရင္း ဖြင့္လွစ္ခဲ့တာလို႔လည္း Garten က ေျပာပါတယ္။

တ႐ုတ္ကိစၥဟာ နိုဝင္ဘာ အေမရိကန္ သမၼတ ေရြးေကာက္ပြဲမွာ ေဆြးေႏြး ျငင္းခုံစရာ ကိစၥႀကီး တစ္ခု ျဖစ္ေနတာပါ။ သမၼတ ထရမ့္ ရဲ့ ကုန္သြယ္စစ္ပြဲကစလို႔ ကိုရိုနာဗိုင္းရပ္စ္ ျပႆနာ အဆုံးျဖစ္ပါတယ္။

သူ႔ရဲ့ မဲဆြယ္ေရးအဖြဲ႕ကလည္း ၿပိဳင္ဘက္ ဒုတိယ သမၼတ Joe Biden က တ႐ုတ္ရဲ့ အႏၲရာယ္ကို အတြက္မွားခဲ့တယ္ဆိုၿပီး ပုံေဖာ္ ေျပာ ၾကားေနတာလည္း ျဖစ္ပါတယ္။

Biden ရဲ့ သား Hunter Biden ဟာလည္း တ႐ုတ္နဲ႔ စီးပြားလုပ္ဖို႔ ႀကိဳးစားခဲ့တယ္ဆိုၿပီး အေထာက္အထားမရွိဘဲ စြပ္စြဲေျပာဆိုဖို႔ ႀကိဳးပမ္းေနတာ ျဖစ္ပါတယ္။ Biden က လူသိရွင္ၾကား ထုတ္ျပန္ခဲ့တဲ့ ဝင္ေငြခြန္ စာရြက္စာတမ္းမွာေတာ့ တ႐ုတ္နဲ႔ စီးပြားေရး ျပဳလုပ္တာနဲ႔ ဝင္ေငြရတဲ့ အခ်က္အလက္ေတြ ပါဝင္တာ မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္


.........

သမ္မတ Trump တရုတ်မှာဘဏ်စာရင်းဖွင့်ခဲ့ကြောင်း New York Times ဖော်ပြ

(Unicode)

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှာ ၁၀ နှစ်ကြာ စီးပွားရေး လုပ်ငန်းတွေမအောင်မမြင်နဲ့ ရှာဖွေခဲ့သလို ရုံးခန်း တစ်ခန်းလည်း ဖွင့်လှစ်ခဲ့ပြီး တရုတ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီကြီးတစ်ခုနဲ့ စီးပွားဘက်ဖြစ်အောင် ဆောင်ရွက်ခဲ့တယ်လို့ New York Times သတင်းစာက ပြောပါတယ်။

ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတို့က လွဲရင် တရုတ်နိုင်ငံ တစ်နိုင်ငံတည်းမှာသာ ထရမ့်က ဘဏ်စာရင်း ဖွင့်လှစ်ထားတာ ဖြစ်တယ်လို့ လည်း ထရမ့်ရဲ့ အခွန် ပေးဆောင်မှု စာရွက်စာတမ်းတွေကို ကိုးကားပြီး New York Times က ရေးထားတာပါ။

တရုတ်နိုင်ငံက ဘဏ်အကောင့်ကို ထရမ့် နိုင်ငံတကာ ဟိုတယ် စီမံခန့်ခွဲရေး ကုမ္ပဏီက ထိန်းချုပ်ထားတာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ထဲ စီးပွားရေးအခွင့်အလမ်းတွေ ရှာဖွေနေချိန် ၂၀၁၃ က ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၈၈,၅၆၁ ဒေါ်လာကို အခွန်ပေးဆောင် ခဲ့ ကြောင်း အခွန်မှတ်တမ်းတွေ အရ သိရပါတယ်။

ထရမ့် စီးပွားရေးအဖွဲ့ရဲ့ ရှေ့နေဖြစ်သူ Alan Garten ကတော့ ဒေသဆိုင်ရာ အခွန်ငွေ တွေ ပေးဆောင်ဖို့ တရုတ် ဘဏ်တစ်ခုမှာ အကောင့်စာရင်း ဖွင့်ခဲ့ရတာလို့ New York Times သတင်းစာကို ဖြေကြားခဲ့ပါတယ်။ တရုတ်နိုင်ငံအတွင်း ရုံးခန်း ဖွင့်အပြီးမှာ ဘဏ် ဘဏ်စာရင်း ဖွင့်လှစ်ခဲ့တာလို့လည်း Garten က ပြောပါတယ်။

တရုတ်ကိစ္စဟာ နိုဝင်ဘာ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ဆွေးနွေး ငြင်းခုံစရာ ကိစ္စကြီး တစ်ခု ဖြစ်နေတာပါ။ သမ္မတ ထရမ့် ရဲ့ ကုန်သွယ်စစ်ပွဲကစလို့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ အဆုံးဖြစ်ပါတယ်။

သူ့ရဲ့ မဲဆွယ်ရေးအဖွဲ့ကလည်း ပြိုင်ဘက် ဒုတိယ သမ္မတ Joe Biden က တရုတ်ရဲ့ အန္တရာယ်ကို အတွက်မှားခဲ့တယ်ဆိုပြီး ပုံဖော် ပြော ကြားနေတာလည်း ဖြစ်ပါတယ်။

Biden ရဲ့ သား Hunter Biden ဟာလည်း တရုတ်နဲ့ စီးပွားလုပ်ဖို့ ကြိုးစားခဲ့တယ်ဆိုပြီး အထောက်အထားမရှိဘဲ စွပ်စွဲပြောဆိုဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ Biden က လူသိရှင်ကြား ထုတ်ပြန်ခဲ့တဲ့ ဝင်ငွေခွန် စာရွက်စာတမ်းမှာတော့ တရုတ်နဲ့ စီးပွားရေး ပြုလုပ်တာနဲ့ ဝင်ငွေရတဲ့ အချက်အလက်တွေ ပါဝင်တာ မရှိပါဘူး။

XS
SM
MD
LG