သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ရွေးကောက်ပွဲ Puerto Rico အရေးပါလာ


အမေရိကန်အလံနဲ့ အမျိုးသားတဦးကို Puerto Rico ပြည်နယ် Carolina နိုင်ငံမှာ တွေ့ရ။ (အောက်တိုဘာ ၁၈၊ ၂၀၂၀)
အမေရိကန်အလံနဲ့ အမျိုးသားတဦးကို Puerto Rico ပြည်နယ် Carolina နိုင်ငံမှာ တွေ့ရ။ (အောက်တိုဘာ ၁၈၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံသားဖြစ်ပေမဲ့ သမ္မတ ရွေးကောက်ပွဲ မဲပေးခွင့်မရတဲ့ Puerto Rico မှာ နေထိုင်သူတွေဟာလည်း ဒီနှစ် သမ္မတ ရွေးကောက်ပွဲမှာ အရေးပါတဲ့ သူတွေ ဖြစ်လာနေပါတယ်။ အမေရိကန် အုပ်ချုပ်ခံနယ်မြေ Puerto Rico မှာ နေထိုင်သူတွေရဲ့ မိသားစုတွေနဲ့ ဆွေမျိုး အများစုဟာ ရွေးကောက်ပွဲ အနိုင်ရရေးမှာ သော့ချက်ကျတဲ့ ဖလော်ရီဒါပြည်နယ်မှာ နေထိုင်တာပါ။ Puerto Rico က ရွှေ့ပြောင်းနေထိုင်သူ ၁.၂ သန်း ရှိတာကြောင့် ဖလော်ရီဒါ ပြည်နယ်ဟာ အမေရိကန် ပြည်မမှာ Puerto Rico တွေ အများဆုံး နေထိုင်တဲ့ ပြည်နယ် ဖြစ်ပါတယ်။ ဒါကြောင့် သမ္မတ ထရမ့်နဲ့ Joe Biden တို့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး အဖွဲ့တွေက Puerto Rico မှာ အရင်နှစ်တွေကနဲ့ မတူဘဲ မဲဆွယ်မှုတွေ အပြိင်အဆိုင် လုပ်နေပြီ ဖြစ်ပါတယ်။

လောလောဆယ်မှာ Puerto Rico အုပ်ချုပ်ခံနယ်မြေဟာ ဟာရီကိန်း မုန်တိုင်း Irma နဲ့ Maria ကြောင့် အကြီးအကျယ် ပျက်စီးဆုံးရှုံးရမှုတွေကနေ နာလန် ပြန်ထူဖို့ ကြိုးစားနေဆဲမှာပဲ ကပ်ရောဂါနဲ့ စီးပွားရေး ကျဆင်းမှု ဒဏ်ကိုလည်း ကြုံတွေ့နေရတာပါ။

Puerto Rico နယ်မြေ အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံမှုကို ရရှိထားတဲ့ သမ္မတ ထရမ့်က ဟာရီကိန်း Maria ကနေ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် Puerto Rico ကို ဒေါ်လာ ၁၃ ဘီလီယံ အထောက်အပံ့ အကူအညီပေးအပ်မယ်လို့ ပြီးခဲ့တဲ့ လက ကတိပေးထားပါတယ်။

Joe Biden ကတော့ Puerto Rico မှာ ထုတ်ဝေတဲ့ အဓိက သတင်းစာကြီးကို သီးသန့် အင်တာဗျူး ပေးခဲ့သလို အဲဒီ သတင်းစာကြီးကလည်း Biden ကို ထောက်ခံကြောင်း ကြေညာခဲ့ပါတယ်။ ဒါဟာ Puerto Rico အဓိက သတင်းစာကြီးတစ်စောင်ကနှစ် ၅၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတလောင်းတစ်ဦးကို ထောက်ခံကြောင်း ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။

လူထု သဘောထား စစ်တမ်းတွေမှာတော့ သမ္မတလောင်းနှစ်ဦးကြား ဘယ်သူမှ ရှင်းရှင်းလင်းလင်း အသာစီး မရဘဲ အကြိတ်အနယ် ရှိနေဆဲ ဖြစ်ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ Puerto Rico အရေးပါလာ
please wait

No media source currently available

0:00 0:01:33 0:00
တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG