သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္သမၼတေရြးေကာက္ပြဲႏွင့္ ႏုိင္ငံျခားေရးမူဝါဒ


အေမရိကန္သမၼတ Donald Trump နဲ႔ ဒီမုိကရက္တစ္ပါတီ သမၼတေလာင္း Joe Biden.

(Zawgyi / Unicode)

အေမရိကန္သမၼတေရြးေကာက္ပဲြမွာ ႏုိင္ငံျခားေရးမူဝါဒဆုိင္ရာ ကိစၥရပ္ေတြက အဓိကရွိမေနခဲ့ဘဲ ကို႐ိုနာဗုိင္းရပ္စ္ ကပ္ေရာဂါနဲ႔ အဲဒီကပ္ေရာဂါေၾကာင့္ ျဖစ္လာတဲ့ စီးပြားေရးက်ဆင္းမႈ ျပႆနာက အဓိကအျဖစ္ ရွိေနခဲ့တာပါ။ ဒါေပမယ့္ တ႐ုတ္နဲ႔ က်ဴးဘားႏုိင္ငံေတြအေပၚမွာ သမၼတ Trump ရဲ႕ တင္းမာတဲ့ ရပ္တည္မႈေတြေၾကာင့္ ႏုိဝင္ဘာ ၃ ရက္ ေရြးေကာက္ပဲြမွာ အႏုိင္ရဖို႔ လိုအပ္ေနတဲ့ တခ်ိဳ႕အေရးပါတဲ့ ျပည္နယ္ေတြမွာ အေထာက္အကူ ျဖစ္လာေစႏုိင္တယ္လို႔ ဗီအိုေအသတင္းေထာက္ Brian Padden သတင္းေပးပို႔ထားတာကို ကိုရန္ႏုိင္ တင္ျပေပးထားပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔ကလုပ္တဲ့ ေနာက္ဆုံးအႀကိမ္ သမၼတေလာင္း ၂ ေယာက္ရဲ႕ စကားစစ္ထုိးပဲြမွာေတာ့ ႏုိင္ငံျခားေရးမူဝါဒနဲ႔ ပတ္သက္ၿပီး ခဏပဲ ေျပာခဲ့ၾကပါတယ္။ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ႏ်ဴကလီးယားလက္နက္ ဆက္လက္လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီး ေမးတဲ့အခါမွာ သမၼတ Trump က ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong-un နဲ႔ သူနဲ႔ၾကားက သံတမန္ဆက္ဆံေရးကို ကာကြယ္ေျပာဆုိသြားပါတယ္။

“ေျမာက္ကိုရီးယားနဲ႔ က်ေနာ္တုိ႔က စစ္ျဖစ္ေနတာ မဟုတ္ပါဘူး။ က်ေနာ္တုိ႔ရဲ႕ ဆက္ဆံေရးက ေကာင္းပါတယ္။ ဒါကို လူေတြနားမလည္ၾကပါဘူး။ တျခားႏုိင္ငံေခါင္းေဆာင္ေတြနဲ႔ ဆက္ဆံေရး ေကာင္းမြန္တာဟာ ေကာင္းပါတယ္။”

ဒီမုိကရက္တစ္ပါတီ သမၼတေလာင္း Joe Biden ကေတာ့ သမၼတ Trump ရဲ႕ တဖက္သတ္ ႏုိင္ငံျခားေရးမူဝါဒ ခ်ဥ္းကပ္ပုံေတြဟာ အေမရိကန္ရဲ႕ ရန္ဘက္ႏုိင္ငံေတြကို မတားဆီးႏိုင္ခဲ့ဘူးလို႔ ေဝဖန္လိုက္ပါတယ္။

“သူက ေျမာက္ကိုရီးယားကို တရားဝင္ အသိအမွတ္ျပဳခဲ့တယ္။ ၿပီးေတာ့ သူ႔မိတ္ေဆြေရာင္းရင္းႀကီးအေၾကာင္း ေျပာတယ္။ အဲဒီလူက လူမုိက္ လူရမ္းကားပါ။ ၿပီးေတာ့ က်ေနာ္တုိ႔က ပိုေကာင္းတယ္၊ ပိုအဆင္ေျပတယ္လို႔ ေျပာတယ္။ သူတုိ႔မွာ ပိုၿပီးေတာ့ စြမ္းရည္ေကာင္းတဲ့ ဒုံးက်ည္ေတြ ရွိလာေနၿပီး အဲဒီဒုံးက်ည္ေတြက အရင္တုန္းကထက္ကို ပိုၿပီးေတာ့ လြယ္လြယ္ကူကူနဲ႔ ေရာက္လာႏုိင္ပါတယ္။”

သမၼတ Trump အစိုးရကေတာ့ ေျမာက္ကိုရီးယားနဲ႔ ႏ်ဴကလီးယား ေဆြးေႏြးမႈဟာ သူ႔ႏုိင္ငံျခားေရးမူဝါဒရဲ႕ ေအာင္ျမင္မႈေတြထဲက တခုျဖစ္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ အစၥေရးလ္နဲ႔ အိမ္နီးခ်င္းႏုိင္ငံေတြၾကား ဆက္ဆံေရး ေကာင္းလာေအာင္ ၾကားဝင္ေဆာင္ရြက္ခဲ့တာ၊ တာလီဘန္ေတြနဲ႔ ၿငိမ္းခ်မ္းေရး သေဘာတူညီမႈ ေဆြးေႏြးႏုိင္ခဲ့တာနဲ႔ ပဋိပကၡျဖစ္ေနတဲ့ ေဒသေတြက တပ္ေတြကို ႐ုပ္သိမ္းေနခ်ိန္မွာပဲ ဆီးရီးယားမွာ IS အစြန္းေရာက္ေတြကို ႏွိမ္နင္းႏုိင္ခဲ့တာနဲ႔ ျပည္ပမွာရွိတဲ့ အေမရိကန္တပ္ေတြအတြက္ ကုန္က်စရိတ္ေတြကုိ မဟာမိတ္ေတြအေနနဲ႔ ပိုေပးဖို႔ စည္း႐ုံးႏုိင္ခဲ့တာေတြ ပါဝင္တယ္လို႔ ေျပာပါတယ္။

သမၼတ Trump လက္ထက္မွာ အေမရိကန္ဟာ ကမာၻ႔အေရးကိစၥေတြမွာ ေခါင္းေဆာင္မႈ အခန္းက႑ကေန ေနာက္ဆုတ္လာေနတာေၾကာင့္ အီရန္၊ ႐ုရွားနဲ႔ တ႐ုတ္ႏုိင္ငံေတြဟာ သူတုိ႔ရဲ႕ ၾသဇာလႊမ္းမုိးမႈေတြကို ခ်ဲ႕ထြင္ဖို႔ ခြင့္ေပးလိုက္သလို ျဖစ္ေစတယ္လို႔ Joe Biden က ေျပာလိုက္ပါတယ္။ အထူးသျဖင့္ အေမရိကန္စစ္သားေတြကို သတ္ဖို႔အတြက္ ႐ုရွားက တာလီဘန္ေတြကို ဆုေငြေတြေပးတယ္ဆုိတဲ့ သတင္းနဲ႔ပတ္သက္ၿပီး ႐ုရွားေခါင္းေဆာင္ Vladimir Putin နဲ႔ ရင္ဆုိင္ေျဖရွင္းဖို႔ ျငင္းဆန္ခဲ့တဲ့အေပၚမွာ Joe Biden က ႐ႈတ္ခ်လိုက္ပါတယ္။

စစ္ျဖစ္ေနခ်ိန္ကလဲြၿပီး က်န္တဲ့အခ်ိန္ေတြမွာေတာ့ ႏုိင္ငံျခားမူဝါဒဟာ ေရြးေကာက္ပဲြမွာ အဓိက အခန္းက႑အျဖစ္ ရွိမေနခဲ့ပါဘူး။ ဒါေပမယ့္ အခုႏွစ္မွာေတာ့ သမၼတ Trump က ကြန္ျမဴနစ္ က်ဴးဘားႏုိင္ငံအေပၚ တင္းက်ပ္တဲ့ ကုန္သြယ္ေရး ကန္႔သတ္ခ်တ္ေတြ ခ်မွတ္တာနဲ႔ ဗင္နီဇဲြလား ဆုိရွယ္လစ္ေခါင္းေဆာင္ Nicolás Maduro ကို ျဖဳတ္ခ်ဖို႔ လုပ္တာေတြေၾကာင့္ ဖေလာ္ရီဒါမွာရွိတဲ့ က်ဴးဘားႏြယ္ဖြား အေမရိကန္ေတြရဲ႕ ေထာက္ခံမႈေတြ ပိုရလာႏုိင္ေခ်ရွိတယ္လို႔ Rice တကၠသိုလ္က နုိင္ငံေရးသိပၸံပါေမာကၡ Mark Jones က ေျပာပါတယ္။

“Trump ရဲ႕ ရပ္တည္မႈအေျခအေန၊ ကတ္စထ႐ုိဆန္႔က်င္ေရးနဲ႔ ဗင္နီဇဲြလားက ဒီမုိကေရစီေရး ေထာက္ခံမႈ အေျခအေနေတြက Trump အတြက္ ေရြးေကာက္ပဲြမွာ အနည္းငယ္ အေထာက္အကူ ျဖစ္ေစပါတယ္။”

ဒါ့အျပင္ Trump က အစၥေရးကုိ အခုိင္အမာ ေထာက္ခံတာက ဖေလာ္ရီဒါမွာရွိတဲ့ ဂ်ဴးလူမ်ိဳးေတြ Joe Biden ကုိ ေထာက္ခံတာ က်ဆင္းေစမလား ဆုိတာေတာ့ ရွင္းရွင္းလင္းလင္း မသိရပါဘူး။ ၂၀၁၆ တုန္းကေတာ့ အဲဒီမွာရွိတဲ့ ဂ်ဴးလူမ်ိဳးေတြဟာ Hillary Clinton ကုိ အျပတ္အသတ္ ေထာက္ခံခဲ့ၾကတာ ျဖစ္ပါတယ္။

ဒါ့အျပင္ သမၼတ Trump က တ႐ုတ္ႏုိင္ငံအေပၚ ကုန္သြယ္ခြန္ေတြ တုိးေကာက္လိုက္တဲ့အတြက္ မစ္ရွီဂန္နဲ႔ ပင္ဆယ္လ္ေဗးနီးယား ျပည္နယ္ေတြက အလုပ္သမားလူတန္းစား မဲဆႏၵရွင္ေတြရဲ႕ ေထာက္ခံမႈလည္း ရလာႏုိင္ေခ် ရွိေနပါတယ္။ သမၼတ Trump ဟာ ၂၀၁၆ ေရြးေကာက္ပဲြတုန္းကေတာ့ အဲဒီျပည္နယ္ေတြမွာ အနုိုင္ရခဲ့ၿပီး အခုႏွစ္ ေရြးေကာက္ပဲြမွာလည္း ဒီျပည္နယ္ေတြက အႏုိင္အ႐ႈံးကို ဆုံးျဖတ္လာႏုိင္ဖြယ္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

ကန်သမ္မတရွေးကောက်ပွဲနှင့် နိုင်ငံခြားရေးမူဝါဒ

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ကိစ္စရပ်တွေက အဓိကရှိမနေခဲ့ဘဲ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ အဲဒီကပ်ရောဂါကြောင့် ဖြစ်လာတဲ့ စီးပွားရေးကျဆင်းမှု ပြဿနာက အဓိကအဖြစ် ရှိနေခဲ့တာပါ။ ဒါပေမယ့် တရုတ်နဲ့ ကျူးဘားနိုင်ငံတွေအပေါ်မှာ သမ္မတ Trump ရဲ့ တင်းမာတဲ့ ရပ်တည်မှုတွေကြောင့် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်နေတဲ့ တချို့အရေးပါတဲ့ ပြည်နယ်တွေမှာ အထောက်အကူ ဖြစ်လာစေနိုင်တယ်လို့ ဗီအိုအေသတင်းထောက် Brian Padden သတင်းပေးပို့ထားတာကို ကိုရန်နိုင် တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလုပ်တဲ့ နောက်ဆုံးအကြိမ် သမ္မတလောင်း ၂ ယောက်ရဲ့ စကားစစ်ထိုးပွဲမှာတော့ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး ခဏပဲ ပြောခဲ့ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူကလီးယားလက်နက် ဆက်လက်လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး မေးတဲ့အခါမှာ သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un နဲ့ သူနဲ့ကြားက သံတမန်ဆက်ဆံရေးကို ကာကွယ်ပြောဆိုသွားပါတယ်။

“မြောက်ကိုရီးယားနဲ့ ကျနော်တို့က စစ်ဖြစ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ ဒါကို လူတွေနားမလည်ကြပါဘူး။ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာဟာ ကောင်းပါတယ်။”

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Joe Biden ကတော့ သမ္မတ Trump ရဲ့ တဖက်သတ် နိုင်ငံခြားရေးမူဝါဒ ချဉ်းကပ်ပုံတွေဟာ အမေရိကန်ရဲ့ ရန်ဘက်နိုင်ငံတွေကို မတားဆီးနိုင်ခဲ့ဘူးလို့ ဝေဖန်လိုက်ပါတယ်။

“သူက မြောက်ကိုရီးယားကို တရားဝင် အသိအမှတ်ပြုခဲ့တယ်။ ပြီးတော့ သူ့မိတ်ဆွေရောင်းရင်းကြီးအကြောင်း ပြောတယ်။ အဲဒီလူက လူမိုက် လူရမ်းကားပါ။ ပြီးတော့ ကျနော်တို့က ပိုကောင်းတယ်၊ ပိုအဆင်ပြေတယ်လို့ ပြောတယ်။ သူတို့မှာ ပိုပြီးတော့ စွမ်းရည်ကောင်းတဲ့ ဒုံးကျည်တွေ ရှိလာနေပြီး အဲဒီဒုံးကျည်တွေက အရင်တုန်းကထက်ကို ပိုပြီးတော့ လွယ်လွယ်ကူကူနဲ့ ရောက်လာနိုင်ပါတယ်။”

သမ္မတ Trump အစိုးရကတော့ မြောက်ကိုရီးယားနဲ့ နျူကလီးယား ဆွေးနွေးမှုဟာ သူ့နိုင်ငံခြားရေးမူဝါဒရဲ့ အောင်မြင်မှုတွေထဲက တခုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစ္စရေးလ်နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား ဆက်ဆံရေး ကောင်းလာအောင် ကြားဝင်ဆောင်ရွက်ခဲ့တာ၊ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ဆွေးနွေးနိုင်ခဲ့တာနဲ့ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေက တပ်တွေကို ရုပ်သိမ်းနေချိန်မှာပဲ ဆီးရီးယားမှာ IS အစွန်းရောက်တွေကို နှိမ်နင်းနိုင်ခဲ့တာနဲ့ ပြည်ပမှာရှိတဲ့ အမေရိကန်တပ်တွေအတွက် ကုန်ကျစရိတ်တွေကို မဟာမိတ်တွေအနေနဲ့ ပိုပေးဖို့ စည်းရုံးနိုင်ခဲ့တာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

သမ္မတ Trump လက်ထက်မှာ အမေရိကန်ဟာ ကမ္ဘာ့အရေးကိစ္စတွေမှာ ခေါင်းဆောင်မှု အခန်းကဏ္ဍကနေ နောက်ဆုတ်လာနေတာကြောင့် အီရန်၊ ရုရှားနဲ့ တရုတ်နိုင်ငံတွေဟာ သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေကို ချဲ့ထွင်ဖို့ ခွင့်ပေးလိုက်သလို ဖြစ်စေတယ်လို့ Joe Biden က ပြောလိုက်ပါတယ်။ အထူးသဖြင့် အမေရိကန်စစ်သားတွေကို သတ်ဖို့အတွက် ရုရှားက တာလီဘန်တွေကို ဆုငွေတွေပေးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ရုရှားခေါင်းဆောင် Vladimir Putin နဲ့ ရင်ဆိုင်ဖြေရှင်းဖို့ ငြင်းဆန်ခဲ့တဲ့အပေါ်မှာ Joe Biden က ရှုတ်ချလိုက်ပါတယ်။

စစ်ဖြစ်နေချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမှာတော့ နိုင်ငံခြားမူဝါဒဟာ ရွေးကောက်ပွဲမှာ အဓိက အခန်းကဏ္ဍအဖြစ် ရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အခုနှစ်မှာတော့ သမ္မတ Trump က ကွန်မြူနစ် ကျူးဘားနိုင်ငံအပေါ် တင်းကျပ်တဲ့ ကုန်သွယ်ရေး ကန့်သတ်ချတ်တွေ ချမှတ်တာနဲ့ ဗင်နီဇွဲလား ဆိုရှယ်လစ်ခေါင်းဆောင် Nicolás Maduro ကို ဖြုတ်ချဖို့ လုပ်တာတွေကြောင့် ဖလော်ရီဒါမှာရှိတဲ့ ကျူးဘားနွယ်ဖွား အမေရိကန်တွေရဲ့ ထောက်ခံမှုတွေ ပိုရလာနိုင်ချေရှိတယ်လို့ Rice တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ Mark Jones က ပြောပါတယ်။

“Trump ရဲ့ ရပ်တည်မှုအခြေအနေ၊ ကတ်စထရိုဆန့်ကျင်ရေးနဲ့ ဗင်နီဇွဲလားက ဒီမိုကရေစီရေး ထောက်ခံမှု အခြေအနေတွေက Trump အတွက် ရွေးကောက်ပွဲမှာ အနည်းငယ် အထောက်အကူ ဖြစ်စေပါတယ်။”

ဒါ့အပြင် Trump က အစ္စရေးကို အခိုင်အမာ ထောက်ခံတာက ဖလော်ရီဒါမှာရှိတဲ့ ဂျူးလူမျိုးတွေ Joe Biden ကို ထောက်ခံတာ ကျဆင်းစေမလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ၂၀၁၆ တုန်းကတော့ အဲဒီမှာရှိတဲ့ ဂျူးလူမျိုးတွေဟာ Hillary Clinton ကို အပြတ်အသတ် ထောက်ခံခဲ့ကြတာ ဖြစ်ပါတယ်။

ဒါ့အပြင် သမ္မတ Trump က တရုတ်နိုင်ငံအပေါ် ကုန်သွယ်ခွန်တွေ တိုးကောက်လိုက်တဲ့အတွက် မစ်ရှီဂန်နဲ့ ပင်ဆယ်လ်ဗေးနီးယား ပြည်နယ်တွေက အလုပ်သမားလူတန်းစား မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုလည်း ရလာနိုင်ချေ ရှိနေပါတယ်။ သမ္မတ Trump ဟာ ၂၀၁၆ ရွေးကောက်ပွဲတုန်းကတော့ အဲဒီပြည်နယ်တွေမှာ အနိုင်ရခဲ့ပြီး အခုနှစ် ရွေးကောက်ပွဲမှာလည်း ဒီပြည်နယ်တွေက အနိုင်အရှုံးကို ဆုံးဖြတ်လာနိုင်ဖွယ်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG