သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ရွေးကောက်ပွဲအတွက် သမ္မတ Trump ကြိုတင်မဲပေး


ဖလော်ရီဒါပြည်နယ်မှာ ကြိုတင်မဲပေးခဲ့တဲ့ သမ္မတ Donald Trump. (အောက်တိုဘာ ၂၄၊ ၂၀၂၀)
ဖလော်ရီဒါပြည်နယ်မှာ ကြိုတင်မဲပေးခဲ့တဲ့ သမ္မတ Donald Trump. (အောက်တိုဘာ ၂၄၊ ၂၀၂၀)

(Zawgyi / Unicode)

နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲအတွက် သမ္မတ Donald Trump က ဖလော်ရီဒါပြည်နယ်မှာ စနေနေ့က ကြိုတင်မဲပေးနေချိန်မှာပဲ ဒီမိုကရက်တစ်ပါတီက ဝင်ရောက်အရွေးခံမယ့် Joe Biden ကတော့ အကြိတ်အနယ် ယှဉ်ပြိုင်ရဖို့ရှိတဲ့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ မဲဆွယ်ပွဲတွေ လုပ်ဖို့ သွားရောက်နေပါတယ်။

သမ္မတ Trump ဟာ မနှစ်ကမှ နယူူးယောက်ပြည်နယ်ကနေ ဖလော်ရီဒါပြည်နယ်ကို တရားဝင်ပြောင်းရွှွေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ Mar-a-Lago အပန်းဖြေစံအိမ်ရှိရာ West Palm Beach က စာကြည့်တိုက်မှာ ဖွင့်လှစ်ထားတဲ့ မဲရုံရှိရာကို သွားရောက် မဲထည့်ခဲ့တာ ဖြစ်ပါတယ်။

Trump လို့ခေါ်တဲ့သူကို မဲပေးခဲ့ကြောင်း သတင်းထောက်တွေရဲ့ အမေးကို ရယ်ရယ်မောမော ဖြေကြားခဲ့တာပါ။ ဒါ့အပြင် မဲပေးရတာအတွက် ဂုဏ်ယူကြောင်းနဲ့ မဲရုံဟာ ကောင်းမွန်ပြည့်စုံပြီး လုံခြုံစိတ်ချရကြောင်းလည်း ပြောပါတယ်။

မဲပေးအပြီးမှာ သမ္မတဟာ မြောက်ကယ်ရိုလိုင်းနားပြည်နယ် Lumberton က မဲဆွယ်ပွဲကို သွားရောက်မှာဖြစ်သလို Ohio ပြည်နယ် Circleville နဲ့ Wisconsin ပြည်နယ် Waukesha မြို့ လူထုစုဝေးပွဲတွေကိုလည်း သွားရောက်မှာ ဖြစ်ပါတယ်။

Joe Biden ကတော့ အရင်ရွေးကောက်ပွဲတွေတုန်းက ဒီမိုကရက်တစ်ပါတီ အနိုင်ရလေ့ရှိတဲ့ Philadelphia က Bucks ကောင်တီနဲ့ Luzerne ကောင်တီတွေကို မဲဆွယ်ဖို့ သွားရောက်နေသလို စနေနေ့မှာပဲ ဖလော်ရီဒါ ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ သီတင်း ၂ ပတ်လောက်ပဲ ကျန်တော့ပေမယ့် အမေရိကန်နိုင်ငံသား ၅၂ သန်းကျော်က ကြိုတင်မဲ ပေးထားပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)








XS
SM
MD
LG