သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာ


စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒေသခံတွေကို COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၂၊ ၂၀၂၀)
စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ဒေသခံတွေကို COVID-19 စစ်ဆေးပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (အောက်တိုဘာ ၂၊ ၂၀၂၀)

(Zawgyi / Unicode)

စပိန်နိုင်ငံမှာ COVID-19 ကူးစက်မှု တိုးလာနေတဲ့အတွက် ထိန်းချုပ်နိုင်အောင် ကန့်သတ်မှုအသစ်တွေ ချမှတ်လိုက်ပြီး နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။

ဥရောပတလွှားနဲ့ ပြင်သစ်မှာ ဒီကပ်ရောဂါရဲ့ ဒုတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားနေရတာ လက်တွေ့ဖြစ်ပြီး လွန်ကဲတဲ့ အခြေအနေအောက်မှာ ရောက်နေတယ်လို့ စပိန်ဝန်ကြီးချုပ် Pedro Sánchez က တနင်္ဂနွေနေ့ နိုင်ငံကိုပြောကြားတဲ့ မိန့်ခွန်းမှာ ပြောပါတယ်။

အမေရိကန် Johns Hopkins တက္ကသိုလ် စစ်တမ်းအရ စပိန်မှာရော ပြင်သစ်မှာပါ COVID-19 ကူးစက်ခံရသူ တသန်းကျော်လာပြီဖြစ်ပြီး ဒါကိုထိန်းချုပ်ဖို့ ၂ နိုင်ငံစလုံးက ညမထွက်ရအမိန့်တွေ ပြဋ္ဌာန်းထားတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာတော့ လက်တင်အမေရိကဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ ကိုလံဘီယာမှာ ဒီရောဂါ ကူးစက်ခံရသူ တသန်းကျော်ဖြစ်သွားပြီး သေဆုံးရသူက ၃၀,၀၀၀ ရှိလာပါတယ်။ ဒါကြောင့် ဒီရောဂါ ကူးစက်ခံရသူ တသန်းကျော်သွားတဲ့ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ရုရှား၊ ပြင်သစ်၊ အာဂျင်တီးနားနဲ့ စပိန်တို့ပြီးရင် အဋ္ဌမမြောက်နိုင်ငံ ဖြစ်လာပါတယ်။

အမေရိကန်နိုင်ငံမှာ သောကြာနေ့က တရက်အတွင်း ကူးစက်ခံရသူ ၈၀,၀၀၀ ကျော်ရှိပြီး စံချိန်သစ်တင်သွားတာပါ။

ဝါရှင်တန်တက္ကသိုလ် ကျန်းမာရေးဆိုင်ရာ လေ့လာဆန်းစစ်တဲ့ ဌာနကတော့ တကယ်လို့ အမေရိကန်နိုင်ငံသား အားလုံးနီးပါး နှာခေါင်းစည်း မတပ်ကြဘူးဆိုရင် လာမယ့် ဖေဖေါ်ဝါရီလလောက်မှာ အမေရိကန်နိုင်ငံတွင်း ဒီရောဂါကြောင့် သေဆုံးရသူ အရေအတွက်ဟာ သန်းတဝက်ကျော်သွားနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ တကယ်လို့ နိုင်ငံသား ၉၅ ရာခိုင်နှုန်းလောက် နှာခေါင်းစည်း တပ်ကြမယ်ဆိုရင်တော့ ၁၃၀,၀၀၀ လောက်အထိ လျော့ကျသွားနိုင်တယ်လို့လည်း ပြောပါတယ်။

COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ဖို့ စပိန်မှာ အရေးပေါ်အခြေအနေ ကြေညာ
please wait

No media source currently available

0:00 0:00:51 0:00
တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)








XS
SM
MD
LG